< Žalmy 124 >
1 Píseň stupňů, Davidova. Byť Hospodina s námi nebylo, rciž nyní, Izraeli,
၁အကယ်၍ထာဝရဘုရားသာ ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။ အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
2 Byť Hospodina s námi nebylo, když lidé povstali proti nám:
၂ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါက ထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင်
3 Tehdáž by nás byli za živa sehltili v rozpálení hněvu svého proti nám;
၃သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
4 Tehdáž by nás byly přikvačily vody, proud zachvátil by byl duši naši;
၄ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
5 Tehdáž zachvátily by byly duši naši ty vody zduté.
၅ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။
6 Požehnaný Hospodin, kterýž nás nevydal v loupež zubům jejich.
၆ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့် အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။
7 Duše naše jako ptáče znikla osídla ptáčníků; osídlo se ztrhalo, i vynikli jsme.
၇ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
8 Pomoc naše jest ve jménu Hospodinovu, kterýž učinil nebe i zemi.
၈ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။