< 4 Mojžišova 25 >
1 V tom, když pobyl Izrael v Setim, počal lid smilniti s dcerami Moábskými.
၁ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ၏။
2 Kteréž pozvaly lidu k obětem bohů svých; i jedl lid, a klaněli se bohům jejich.
၂ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့ သည် ယဇ်သားကို စား၍ ထိုဘုရား ရှေ့မှာ ဦးချကြ၏။
3 I připojil se lid Izraelský k modle Belfegor, a popudila se prchlivost Hospodinova proti Izraelovi.
၃ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။
4 I řekl Hospodin Mojžíšovi: Vezmi všecka knížata lidu, a zvěšej ty nešlechetníky Hospodinu před sluncem, aby se odvrátila prchlivost Hospodinova od Izraele.
၄ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှ လွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကို ခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအား မိန့်တော်မူ၏။
5 I řekl Mojžíš soudcům Izraelským: Zabí jeden každý z svých všelikého, kterýž se připojil k modle Belfegor.
၅မောရှေ့သည် ဣသရလမင်းတို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။
6 A aj, jeden z synů Izraelských přišel, a přivedl k bratřím svým ženu Madianku, na odivu Mojžíšovi i všemu množství synů Izraelských; oni pak plakali u dveří stánku úmluvy.
၆ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
7 To když uzřel Fínes, syn Eleazara, syna Aronova, kněze, vyvstal z prostředku množství toho, a vzal kopí do ruky své.
၇ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာ ထ၍ လှံကိုကိုင်လျက်၊
8 A všed za mužem Izraelským do stanu, probodl je oba dva, muže Izraelského, i ženu tu skrze břicho její; i odvrácena jest rána od synů Izraelských.
၈ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။
9 Zhynulo jich pak od té rány dvadceti čtyři tisíce.
၉ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိသတည်း။
10 Tedy mluvil Hospodin k Mojžíšovi, řka:
၁၀ထာဝရဘုရားကလည်း၊ ငါသည် အမျက်ထွက်၍ ဣသရေလ အမျိုးသား တို့ကို မဖျက်ဆီးမည်အကြောင်း၊
11 Fínes, syn Eleazara kněze, syna Aronova, odvrátil prchlivost mou od synů Izraelských, kdyžto horlil horlivostí mou u prostřed nich, tak abych neshladil synů Izraelských v horlivosti své.
၁၁ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏ သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။
12 Protož díš: Aj, já dám jemu smlouvu svou pokoje.
၁၂သို့ဖြစ်၍ သင်ပြောရသည်ကား၊ ငါ၏ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး၏။
13 I bude míti on i símě jeho po něm smlouvu kněžství věčného, proto že horlil pro Boha svého, a očistil syny Izraelské.
၁၃သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ၏။
14 A bylo jméno muže Izraelského zabitého, kterýž byl zabit s Madiankou, Zamri, syn Sálův, kníže domu otce svého z pokolení Simeonova.
၁၄မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏ အမည်ကား၊ ရှိမောင်အမျိုး၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု၏သား ဇိမရိဖြစ်သတည်း။
15 Jméno pak ženy Madianky zabité, Kozbi, dcera Sur, kterýž byl přední v národu svém, v domě otce svého mezi Madianskými.
၁၅အသေသတ်ခြင်းကိုခံရသော မိဒျန် မိန်းမ အမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူးဇုရ၏ သမီး ကောဇဘိဖြစ် သတည်း။
16 I mluvil Hospodin k Mojžíšovi, řka:
၁၆ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍ လုပ်ကြံကြလော့။
17 Nepřátelsky zacházejte s těmi Madianskými, a zbíte je.
၁၇အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရား အမှု၌၎င်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု၌၎င်း၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ၏။
18 Nebo i oni nepřátelsky a lstivě chovali se k vám, a oklamali vás skrze modlu Fegor, a skrze Kozbu, dceru knížete Madianského, sestru svou, kteráž zabita jest v den pomsty přišlé z příčiny Fegor.
၁၈