< Jan 13 >

1 Před svátkem pak velikonočním, věda Ježíš, že přišla hodina jeho, aby šel z tohoto světa k Otci, milovav své, kteříž byli na světě, až do konce je miloval.
ပသခါ ပွဲ မခံမှီ ၌ ယေရှု သည် ဤ လောက မှ ခမည်းတော် ထံသို့ ပြောင်း ရသောအချိန် ရောက် သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက ၌ ရှိသောမိမိ လူ တို့ကိုချစ် တော်မူသောကြောင့်အဆုံး တိုင်အောင် ချစ် တော်မူ၏။
2 A když večeřeli, (a ďábel již byl vnukl v srdce Jidáše Šimona Iškariotského, aby jej zradil, )
ကိုယ်တော် ကို အပ်နှံ မည်အကြောင်း မာရ်နတ် သည် ရှိမုန် ၏သားယုဒ ရှကာရုတ် ၏ စိတ် နှလုံး၌ အကြံ ပေးသွင်း နှင့် သတည်း။ ထိုအခါ ညစာ ကိုစား ကြစဉ်၊
3 Věda Ježíš, že jemu Otec všecko v ruce dal, a že od Boha vyšel a k Bohu jde,
ခမည်းတော် သည် အလုံးစုံ တို့ကို သူ ၏လက် သို့ အပ်ပေး တော်မူသည်ကို၎င်း ၊ သူ သည်ဘုရားသခင့် ထံ တော်မှ ထွက်လာ သည်ကို၎င်း ၊ ဘုရားသခင့် ထံတော်သို့ ကြွသွား မည်ကို၎င်း ယေရှုသည်သိ တော်မူသည်နှင့်၊
4 Vstal od večeře, a složil roucho, a vzav rouchu, přepásal se.
စားပွဲ မှ ထ ၍ ဝတ်လုံ တော်ကိုချွတ် ပြီးလျှင်၊ ပဝါ ကိုယူ ၍ ခါးကိုစည်း တော်မူ၏။
5 Potom nalil vody do medenice, i počal umývati nohy učedlníků a vytírati rouchou, kterouž byl přepásán.
ထိုနောက်မှ ရေ ကိုအင်တုံ ၌ လောင်း ၍ တပည့် တော်တို့၏ခြေ ကိုဆေး ပြီးမှခါး၌စည်း ထားသောပုဝါ နှင့် သုတ် တော်မူ၏။
6 Tedy přišel k Šimonovi Petrovi, a on řekl jemu: Pane, ty mi chceš nohy mýti?
ရှိမုန် ပေတရု ဆီသို့ ရောက် တော်မူသောအခါ ထိုတပည့်တော်က၊ သခင် ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ခြေ ကိုဆေး တော်မူမည်လောဟု မေးလျှောက် ၏။
7 Odpověděl Ježíš a řekl jemu: Co já činím, ty nevíš nyní, ale potom zvíš.
ယေရှု ကလည်း၊ သင် သည် ငါ ပြု သောအမှုကို ယခု နား မ လည်သေး။ နောက်မှ သိ လိမ့်မည် ဟု မိန့် တော်မူ၏။
8 Dí jemu Petr: Nebudeš ty mýti noh mých na věky. Odpověděl jemu Ježíš: Neumyji-liť tebe, nebudeš míti dílu se mnou. (aiōn g165)
ပေတရု ကလည်း၊ ကိုယ်တော် သည်အကျွန်ုပ် ၏ခြေ ကိုအလျှင်း ဆေး တော်မ မူရဟု လျှောက် ၏။ ယေရှု ကလည်း၊ သင့် ကို ငါမ ဆေး ရလျှင် အသင်သည် ငါ နှင့် မ ဆက်ဆံ ရ ဟု မိန့် တော်မူ၏။ (aiōn g165)
9 Dí jemu Šimon Petr: Pane, netoliko nohy mé, ale i ruce i hlavu.
ရှိမုန် ပေတရု ကလည်း၊ အကျွန်ုပ် ၏ခြေ ကိုသာ မ ဆေးပါနှင့်။ လက် ကို၎င်း ၊ ဦးခေါင်း ကို၎င်း ဆေးတော်မူပါဟု လျှေက် ပြန်၏။
10 Řekl jemu Ježíš: Kdož jest umyt, nepotřebuje, než aby nohy umyl; nebo čist jest všecken. I vy čisti jste, ale ne všickni.
၁၀ယေရှု ကလည်း၊ ရေချိုး ပြီးသောသူ မည်သည်ကား၊ ခြေ ဆေး ခြင်းမှတစ်ပါး ဆေးရသောအကြောင်း မ ရှိ ၊ တစ်ကိုယ်လုံး စင်ကြယ် ၏။ သင် တို့သည် စင်ကြယ် သော်လည်း အချို့မ စင်ကြယ် ဟု မိန့် တော်မူ၏။
11 Nebo věděl o zrádci svém; protož řekl: Ne všickni čisti jste.
၁၁ကိုယ်တော် ကို အပ်နှံ မည့်သူ ကို သိ တော်မူသောကြောင့် ၊ သင်တို့တွင် အချို့မ စင်ကြယ် ဟု မိန့် တော်မူသတည်း။
12 Když pak umyl nohy jejich, a vzal roucho své, posadiv se za stůl zase, řekl jim: Víte-liž, co jsem učinil vám?
၁၂ထိုသို့ သူ တို့၏ ခြေ ကိုဆေး တော်မူပြီးမှတစ်ဖန် ဝတ်လုံ ကိုဝတ် ၍ လျောင်း တော်မူလျက် ၊ သင် တို့၌ ငါပြု ခဲ့သောအမှုကို နားလည် ကြသလော။
13 Vy nazýváte mne Mistrem a Pánem, a dobře pravíte, jsemť zajisté.
၁၃သင် တို့သည် ငါ့ ကိုအရှင် ဘုရားဟူ၍၎င်း ၊ သခင် ဟူ၍၎င်းခေါ် တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကား ဖြစ်၏။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါ မှန်၏။
14 Poněvadž tedy já umyl jsem nohy vaše, Pán a Mistr, i vy máte jeden druhému nohy umývati.
၁၄ငါ သည် သခင် ဖြစ်လျက်၊ အရှင် ဘုရားလည်း ဖြစ်လျက်နှင့် သင် တို့၏ခြေ ကိုဆေး လျှင် သင် တို့သည် အချင်းချင်း တို့၏ခြေ ကို ဆေး ရ ကြမည်။
15 Příklad zajisté dal jsem vám, abyste, jakož jsem já učinil vám, i vy činili.
၁၅ငါ သည်သင် တို့၌ပြု သကဲ့သို့ သင် တို့သည်ပြုစု စေခြင်းငှာ ပုံ သက်သေကို ပြ ခဲ့ပြီ။
16 Amen, amen pravím vám: Není služebník větší nad pána svého, ani posel větší nežli ten, kdož jej poslal.
၁၆ငါအမှန်အကန် ဆို သည်ကား၊ ကျွန် သည် သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် တမန် သည်လည်း စေလွှတ် သောသူ ထက်သာ၍ ကြီးမြတ်သည်မ ဟုတ်။
17 Znáte-li tyto věci, blahoslavení jste, budete-li je činiti.
၁၇ဤအရာ များကို သင် တို့သိ ၍ သိသည်အတိုင်းကျင့် လျှင် မင်္ဂလာ ရှိကြ၏။
18 Ne o všechť vás pravím. Já vím, které jsem vyvolil, ale musíť se naplniti písmo: Ten, kdož jí chléb se mnou, pozdvihl proti mně paty své.
၁၈သင် တို့ရှိသမျှ ကို ငါရည်မှတ် ၍ပြော သည်မ ဟုတ်။ ငါ ရွေးကောက် သောသူ တို့ကို ငါသိ ၏။ ကျမ်းစာ ချက် ပြည့်စုံ စေမည်အကြောင်း ငါ နှင့်အတူစား သောသူ သည် ငါ့ ကိုခြေ နှင့်ကျောက် သတည်း။
19 Nyní pravím, vám, prvé než by se stalo, abyste, když se stane, uvěřili, že já jsem.
၁၉ထိုအမှုအရာ ရောက်သောအခါ ငါ သည် ဤမည်သောသူဖြစ် သည်ကို သင်တို့သည် ယုံကြည် စေခြင်းငှာ ၊ မ ရောက် မှီ ယခုပင် သင် တို့အားငါပြော နှင့်ပြီ။
20 Amen, amen pravím vám: Kdo přijímá toho, kohož bych já poslal, mneť přijímá; a kdož mne přijímá, přijímá toho, kterýž mne poslal.
၂၀ငါအမှန်အကန် ဆို သည်ကား၊ ငါစေလွှတ် သောသူ ကိုလက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုလက်ခံ သည် ဟု မိန့် တော်မူ၏။
21 A to pověděv Ježíš, zkormoutil se v duchu, a osvědčil, řka: Amen, amen pravím vám, že jeden z vás mne zradí.
၂၁ထိုသို့ ယေရှု သည်မိန့် တော်မူပြီးမှ စိတ် နှလုံးတော်ပူပန် ခြင်းရှိ၏။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့ တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုအပ်နှံ လိမ့်မည် ဟု သက်သေခံ လျက် မိန့် တော်မူ၏။
22 Tedy učedlníci vzhlédali na sebe vespolek, pochybujíce, o kom by to pravil.
၂၂အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသည်ကိုတပည့် တော်တို့သည် တွေးတော ခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု ကြ၏။
23 Byl pak jeden z učedlníků Ježíšových, kterýž zpolehl na klíně jeho, ten, jehož miloval Ježíš.
၂၃ယေရှု ချစ် တော်မူသောတပည့် တော်သည် ရင်ခွင် တော်နားမှာ လျောင်း သဖြင့်၊
24 Protož tomu návěští dal Šimon Petr, aby se zeptal, kdo by to byl, o němž praví.
၂၄အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသနည်းဟု မေး စေခြင်းငှာ၊ ရှိမုန် ပေတရု သည် ထိုတပည့် တော် ကို အမှတ်ပေး ၏။
25 A on odpočívaje na prsech Ježíšových, řekl jemu: Pane, kdo jest?
၂၅ထိုတပည့်တော်သည် ယေရှု ၏ရင် တော်ကိုမှီ ၍ လျောင်းနေလျက် သခင် ၊ အဘယ်သူ နည်းဟု လျှောက် ၏။
26 Odpověděl Ježíš: Ten jest, komuž já omočené skyvy chleba podám. A omočiv skyvu chleba, podal Jidášovi, synu Šimona Iškariotského.
၂၆ယေရှု ကလည်း၊ ဤမုန့်တလုပ် စာကို ငါ နှစ် ၍ ပေး သော သူဖြစ် ၏ ဟု မိန့် တော်မူပြီးလျှင်၊ မုန့်တ လုပ်စာကို နှစ် ပြီးမှရှိမုန် ၏သားယုဒ ရှကာရုတ် အား ပေး တော်မူ၏။
27 A hned po té skyvě chleba vstoupil do něho satan. I řekl jemu Ježíš: Co činíš, čiň spěšně.
၂၇ထိုသူ သည် မုန့်တ လုပ်စာကိုခံပြီးမှ ၊ စာတန် သည် သူ့အထဲ သို့ဝင် လေ၏။ ယေရှု ကလည်း၊ သင်ပြု ရသောအမှု ကို အလျင်အမြန် ပြု လော့ဟု ထိုသူ အားမိန့် တော်မူ၏။
28 Tomu pak žádný z přísedících nerozuměl, k čemu by jemu to řekl.
၂၈အဘယ်ကြောင့် ထိုသို့မိန့် တော်မူသည်ကို စားပွဲ ၌လျောင်းသောသူ တို့တွင် အဘယ်သူ မျှမသိ ။
29 Nebo někteří se domnívali, poněvadž Jidáš měšec měl, že by jemu řekl Ježíš: Nakup těch věcí, kterýchž jest nám potřebí k svátku, aneb aby něco chudým dal.
၂၉အချို့ တို့က၊ ယုဒ ရှကာရုတ်သည် ငွေအိတ် ကိုဆောင် ကြသောကြောင့် ၊ ဤပွဲ ၌ ငါ တို့သုံး စရာအဘို့ကို ဝယ် လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲ သောသူ တို့အား တစုံတစ်ခု ကိုပေး လော့ဟူ၍၎င်း။ ယေရှု မိန့် တော်မူသည်ဟု ထင်မှတ် ကြ၏။
30 A on vzav skyvu chleba, hned vyšel, A byla noc.
၃၀ယုဒ ရှကာရုတ်သည် မုန့်တ လုပ်စာကိုခံ ပြီးမှချက်ခြင်း ထွက်သွား ၏။ ထို အချိန်ကားည အချိန်ဖြစ်၏။
31 Když pak on vyšel, dí Ježíš: Nyníť oslaven jest Syn člověka, a Bůh oslaven jest v něm.
၃၁ထိုသူသွား သည်နောက်၊ ယေရှု က၊ ယခု တွင်လူ သား သည် ဘုန်း ထင်ရှားခြင်းရှိသည်ဖြစ်၍ ၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိ၏။
32 A poněvadž Bůh oslaven jest v něm, i Bůh oslaví jej sám v sobě, a to hned oslaví jej.
၃၂ဘုရားသခင် သည် လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင် သည် ကိုယ်တော် တိုင်အားဖြင့် သူ ၏ဘုန်း ကို ထင်ရှားစေတော်မူလိမ့်မည်။
33 Synáčkové, ještě maličko s vámi jsem. Hledati mne budete, ale jakož jsem řekl Židům: Kam já jdu, vy nemůžete přijíti, i vám pravím nyní.
၃၃ချစ်သား တို့ ငါ သည်သင် တို့နှင့်အတူ ခဏ သာနေရ၏။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ ငါ သွား ရာ အရပ် သို့ သင် တို့မ ရောက် နိုင် ကြဟု ယုဒ တို့အား ငါပြော သကဲ့သို့ ယခု သင် တို့အား ငါပြော ၏။
34 Přikázaní nové dávám vám, abyste se milovali vespolek; jakož já miloval jsem vás, abyste i vy milovali jeden druhého.
၃၄သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။
35 Po tomť poznají všickni, že jste moji učedlníci, budete-li míti lásku jedni k druhým.
၃၅သင် တို့သည် အချင်းချင်း ချစ် ကြလျှင် ၊ လူအပေါင်း တို့သည် ထို မေတ္တာကိုထောက်၍ သင်တို့သည် ငါ ၏ တပည့် ဖြစ် သည်ကို သိ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
36 Dí jemu Šimon Petr: Pane, kam jdeš? Odpověděl mu Ježíš: Kam jdu, nemůžeš ty nyní jíti za mnou, ale půjdeš potom.
၃၆ရှိမုန် ပေတရု က၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ ကြွ တော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှု က၊ ငါသွား ရာအရပ် သို့ သင်သည်ယခု မ လိုက် နိုင် ။ နောက်မှ လိုက် ရလိမ့်မည် ဟု မိန့် တော်မူ၏။
37 Dí jemu Petr: Pane, proč bych nemohl nyní jíti za tebou? Duši svou za tebe položím.
၃၇ပေတရု ကလည်း၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူအဘယ်ကြောင့် ယခု မ လိုက် နိုင် သနည်း။ ကိုယ်တော် အဘို့ အကျွန်ုပ် ၏အသက် ကို စွန့် ပါမည်ဟုလျှောက် လျှင်၊
38 Odpověděl jemu Ježíš: Duši svou za mne položíš? Amen, amen pravím tobě: Nezazpíváť kohout, až mne třikrát zapříš.
၃၈ယေရှု က၊ ငါ့ အဘို့ သင့် အသက် ကိုစွန့် မည်လော။ ငါအမှန်အကန် ဆို သည်ကား၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။

< Jan 13 >