< 2 Mojžišova 6 >

1 Odpověděl Hospodin Mojžíšovi: Nyní uzříš, co učiním Faraonovi; nebo v ruce silné propustí je, a v ruce mocné vyžene je z země své.
ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
2 Mluvil ještě Bůh k Mojžíšovi a řekl jemu: Já jsem Hospodin.
တဖန် ဘုရား သခင်သည် မောရှေ ၌ ဗျာဒိတ် ထားတော်မူသည်ကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 Ukázalť jsem se zajisté Abrahamovi, Izákovi a Jákobovi v tom, že jsem Bůh silný všemohoucí; ale v jménu svém, Hospodin, nejsem poznán od nich.
ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
4 K tomu utvrdil jsem smlouvu svou s nimi, že jim dám zemi Kananejskou, zemi putování jejich, v níž pohostinu byli.
သူ တို့သည် အရပ်ရပ်လည် ၍၊ ဧည့်သည်နေရာပြည် ၊ ခါနာန် ပြည် ကို သူ တို့အား ပေး ခြင်းငှါ ၊ သူ တို့နှင့် ငါ ပြုသောပဋိညာဉ် ကို ငါတည် စေပြီ။
5 Nad to, já slyšel jsem křik synů Izraelských, kteréž Egyptští v službu podrobují, a rozpomenul jsem se na smlouvu svou.
အဲဂုတ္တု လူတို့သည် အစေ ကျွန်ခံစေသော ဣသရေလ အမျိုးသားတို့၏ ညဉ်းတွား မြည်တမ်းခြင်းအသံကို ငါ ကြား ရပြီ။ ငါ ပဋိညာဉ် ကိုလည်း ငါအောက်မေ့ ၏။
6 Protož pověz synům Izraelským: Já jsem Hospodin, a vyvedu vás z robot Egyptských, a vytrhnu vás z služby jejich, a vysvobodím vás v ruce vztažené a skrze soudy veliké.
ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
7 A vezmu vás sobě za lid, a budu vám za Boha; a zvíte, že jsem Hospodin Bůh váš, vysvobozující vás z robot Egyptských.
ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
8 Uvedu vás také do země, o níž jsem, zdvihna ruku svou, přisáhl, že ji dám Abrahamovi, Izákovi a Jákobovi; a dám ji vám v dědictví; Já Hospodin.
ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ အား ပေး မည်ဟု ကျိန်ဆိုသောပြည် သို့ ငါပို့ဆောင် ၍ ၊ အမွေ ခံစရာဘို့ ပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။
9 I mluvil tak Mojžíš synům Izraelským; ale neslyšeli Mojžíše pro úzkost ducha a službu přetěžkou.
ထိုသို့မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို သော်လည်း ၊ သူတို့သည် အလွန်စိတ် ပင်ပန်း ၍ ကြမ်းတမ်း စွာ ညှဉ်းဆဲခြင်း ကို ခံရသောကြောင့် ၊ မောရှေ စကားကို နား မ ထောင်ဘဲနေကြ၏။
10 Protož mluvil Hospodin Mojžíšovi, řka:
၁၀ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ သို့ဝင် ၍၊
11 Vejdi, mluv Faraonovi králi Egyptskému, ať propustí syny Izraelské z země své.
၁၁သူသည် ဣသရေလ အမျိုးသားတို့ကို မိမိ ပြည် မှ လွှတ် ရမည်အကြောင်း ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
12 I mluvil Mojžíš před Hospodinem, řka: Hle, synové Izraelští neposlechli mne, kterakž tedy poslechne mne Farao, a já jsem zpozdilý v řeči?
၁၂မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။
13 I mluvil Hospodin Mojžíšovi a Aronovi, a přikázaní dal jim k synům Izraelským a k Faraonovi králi Egyptskému, aby vyvedli syny Izraelské z země Egyptské.
၁၃သို့ရာတွင်မောရှေ နှင့် အာရုန် သည် ဣသရေလ အမျိုးသားတို့ကိုအဲဂုတ္တု ပြည် မှ နှုတ်ဆောင် ရမည် အကြောင်း၊ ထာဝရဘုရား သည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့ ၎င်း၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံသို့ ၎င်း စေခိုင်း မှာ ထားတော်မူ၏။
14 Tito jsou přední v čeledech otců svých. Synové Rubenovi, prvorozeného Izraelova: Enoch, Fallu, Ezron a Charmi. Ty jsou čeledi Rubenovy.
၁၄ဣသရေလ အဆွေအမျိုး သူကြီး တို့၏ အမည်ဟူမူကား၊ ဣသရေလ သားဦး ရုဗင် ၏သား ကား၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ တည်း။ ဤ သူတို့သည် ရုဗင် အမျိုးအနွယ် ဖြစ်၏။
15 Synové pak Simeonovi: Jamuel, Jamin, Ahod, Jachin, Sohar a Saul, syn Kananejské. Ty jsou čeledi Simeonovy.
၁၅ရှိမောင် ၏သား ကား၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုးသမီးမိန်းမ၏သား ရှောလ တည်း။ ဤ သူတို့သည် ရှိမောင် အမျိုးအနွယ် ဖြစ်၏။
16 A tato jsou jména synů Léví v rodech jejich: Gerson, Kahat a Merari. Let pak života Léví bylo sto třidceti a sedm let.
၁၆လေဝိ သား အဆွေအမျိုး အလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ လေဝိ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
17 Synové Gerson: Lebni a Semei po čeledech svých.
၁၇ဂေရရှုံ သား အဆွေအမျိုး အလိုက် ဟူမူကား၊ လိဗနိ နှင့် ရှိမိ တည်း။
18 A synové Kahat: Amram, Izar, Hebron a Uziel. Let pak života Kahat bylo sto třidceti a tři léta.
၁၈ကောဟတ် သား ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ ကောဟတ် အသက် သည် အနှစ် တရာ သုံးဆယ် သုံး နှစ် ရှိသတည်း။
19 A synové Merari: Moholi a Musi. Ty jsou čeledi Léví v rodech svých.
၁၉မေရာရိ သား ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူတို့သည် လေဝိ အဆွေအမျိုး အသီးအသီးဖြစ်သတည်း။
20 Pojal pak Amram ženu Jochebed, tetu svou, sobě za manželku, kterážto porodila mu Arona a Mojžíše. A let života Amramova bylo sto třidceti a sedm let.
၂၀အာမရံ သည် မိမိ အရီး ယောခေဗက် နှင့် စုံဘက် ၍ ၊ သူ သည် အာရုန် နှင့် မောရှေ ကို၎င်း၊ သူတို့အစ်မမိရိအံကို၎င်းဘွား လေ၏။ အာမရံ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
21 Synové také Izarovi: Chore, Nefeg a Zechri.
၂၁ဣဇဟာ သား ကား၊ ကောရ ၊ နေဖက် ၊ ဇိခရိ တည်း။
22 A synové Uzielovi: Mizael, Elzafan a Sethri.
၂၂ဩဇေလ သား ကား၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိ တည်း။
23 Pojal pak Aron Alžbětu, dceru Aminadabovu, sestru Názonovu, sobě za manželku; kterážto porodila jemu Nádaba, Abiu, Eleazara a Itamara.
၂၃အာရုန် သည် အမိနဒပ် သမီး ၊ နာရှုန် နှမ ဧလိရှဘ နှင့် စုံဘက် ၍ ၊ သူသည်နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာ တို့ကို ဘွား လေ၏။
24 Synové pak Chore: Asser, Elkana a Abiazaf. Ty jsou čeledi Choritských.
၂၄ကောရ သား ကား၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ် တည်း။ ဤ သူတို့သည် ကောရ အဆွေအမျိုး ဖြစ်သတည်း။
25 Eleazar pak syn Aronův vzal jednu ze dcer Putielových sobě za manželku; kteráž mu porodila Fínesa. Ti jsou přední z otců Levítských po čeledech svých.
၂၅အာရုန် သား ဧလဇာ သည် ပုတျေလ သမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ် ကိုဘွား လေ၏။ ဤ သူတို့သည် လေဝိ အမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုး သူကြီး ဖြစ်ကြသတည်း။
26 To jest ten Aron a Mojžíš, jimž řekl Hospodin: Vyveďte syny Izraelské z země Egyptské po houfích jejich.
၂၆ထာဝရဘုရား က ဣသရေလ အမျိုးသား ဗိုလ်ပါတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လော့ဟု မိန့် တော်မူသောစကားကိုခံ သောသူ၊
27 Tito jsou, kteříž mluvili Faraonovi, králi Egyptskému, aby vyvedli syny Izraelské z Egypta; toť jest ten Mojžíš a Aron.
၂၇ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ခြင်းငှါ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ ၌ လျှောက် ရသောသူ တို့သည်၊ ထို အာရုန် နှင့် မောရှေ ဖြစ်သတည်း။
28 Stalo se pak, když mluvil Hospodin k Mojžíšovi v zemi Egyptské,
၂၈အဲဂုတ္တု ပြည် မှာ ထာဝရဘုရား သည်၊ မောရှေ အား ဗျာဒိတ် ထားတော်မူသောနေ့ရက် ၌ လည်း ၊
29 Že mu řekl takto: Já Hospodin; mluv k Faraonovi, králi Egyptskému, všecko, což já mluvím tobě.
၂၉ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါ မှာ လိုက်သမျှတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းအား ပြန်ပြော ရမည်ဟု မောရှ အား ထာဝရဘုရား မိန့် တော်မူ၏။
30 A řekl Mojžíš před Hospodinem: Aj, já jsem zpozdilý v řeči, kterakž tedy poslouchati mne bude Farao?
၃၀မောရှေ ကလည်း ၊ အကျွန်ုပ် သည် အရေဖျား လှီးခြင်းကို မခံသောနှုတ် ရှိသည်ဖြစ်၍ ၊ ဖါရော ဘုရင်သည် အကျွန်ုပ် စကားကို အဘယ်သို့ နားထောင် ပါလိမ့်မည်နည်းဟု ထာဝရဘုရား ရှေ့ မှာ လျှောက်ဆို ၏။

< 2 Mojžišova 6 >