< 2 Královská 5 >

1 Náman hejtman vojska krále Syrského, jsa muž veliký u pána svého, a osoba vzácná, skrze něho zajisté dal Hospodin vysvobození zemi Syrské, ten, pravím, muž tak udatný byl malomocný.
ရှု​ရိ​တပ်​မ​တော်​ဗိုလ်​ချုပ်​နေ​မန်​သည် ရှု​ရိ​ဘု​ရင် ၏​ရို​သေ​လေး​စား​မှု​ကို​များ​စွာ​ခံ​ရ​သူ​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​နေ​မန်​အား​ဖြင့် ထာ​ဝရ ဘု​ရား​သည်​ရှု​ရိ​တပ်​များ​ကို​အောင်​ပွဲ​ခံ​စေ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ နေ​မန်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ဦး​ဖြစ်​သော်​လည်း ကြောက်​ရွံ့​ဖွယ်​ဖြစ် သော​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​ဖြစ်​ပေ သည်။-
2 Byli pak vyšli z země Syrské lotříkové, kteříž zajali z země Izraelské děvečku malou, a ta sloužila manželce Námanově.
ရှု​ရိ​အ​မျိုး​သား​တို့​သည်​အ​ခါ​တစ်​ပါး​က ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​လု​ယက်​တိုက်​ခိုက်​ကြ ရာ​ဝယ် ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​သူ​ငယ်​မ​တစ် ယောက်​ကို​ဖမ်း​ဆီး​ရ​မိ​ခဲ့​၏။ သူ​သည်​နေ​မန် ၏​ဇ​နီး​ထံ​တွင်​အ​စေ​ခံ​ရ​လေ​သည်။-
3 Kteráž řekla paní své: Ó by pán můj dostal se k proroku, kterýž jest v Samaří, tedy on by ho uzdravil od malomocenství jeho.
တစ်​နေ့​သော​အ​ခါ​သူ​သည်​မိ​မိ​၏​သ​ခင်​မ အား``ကျွန်​မ​တို့​သ​ခင်​သည်​ရှ​မာ​ရိ​မြို့​တွင်​နေ ထိုင်​သူ​ပ​ရော​ဖက်​ထံ​သို့​သွား​နိုင်​ပါ​က အ​ဘယ် မျှ​ကောင်း​ပါ​မည်​နည်း။ ထို​ပ​ရော​ဖက်​သည်​သ​ခင် ၏​ရော​ဂါ​ကို​ပျောက်​ကင်း​အောင်​ကု​သ​ပေး​ပါ လိမ့်​မည်'' ဟု​ပြော​၏။-
4 A on všed, oznámil pánu svému, řka: Takto a takto pravila děvečka, kteráž jest z země Izraelské.
ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​နေ​မန်​သည်​မင်း ကြီး​ထံ​သို့​သွား​၍ သူ​ငယ်​မ​ပြော​သည့်​စ​ကား ကို​သံ​တော်​ဦး​တင်​၏။-
5 Tedy řekl král Syrský: Jdi, vyprav se, a já pošli list králi Izraelskému. A odcházeje, vzal s sebou deset centnéřů stříbra a šest tisíců zlatých, nad to desatero roucho proměnné.
မင်း​ကြီး​က``ဣသ​ရေ​လ​ဘု​ရင်​ထံ​သို့​သွား​၍​ဤ စာ​ကို​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​မန် သည်​ငွေ​သား​သုံး​သောင်း၊ ရွှေ​သား​ခြောက်​ထောင်​နှင့် ဝတ်​စား​တန်​ဆာ​ဆယ်​စုံ​ကို​ယူ​၍​ထွက်​ခွာ​သွား လေ​သည်။-
6 I přinesl list králi Izraelskému v tato slova: Hned, jakž tě dojde list tento, aj, poslal jsem k tobě Námana služebníka svého, abys ho uzdravil od malomocenství jeho.
သူ​ယူ​ဆောင်​သွား​သည့်​စာ​တွင်``ယ​ခု​စာ​နှင့်​လာ​သူ ကျွန်ုပ်​၏​အ​မှု​ထမ်း​နေ​မန်​၏​ရော​ဂါ​ကို​ပျောက်​ကင်း အောင်​ကု​သ​ပေး​ရန် ဤ​စာ​နှင့်​တ​ကွ​အ​ဆွေ​တော် ထံ​လွှတ်​လိုက်​သည်'' ဟု​ပါ​ရှိ​၏။
7 I stalo se, že když přečetl král Izraelský ten list, roztrhl roucho své a řekl: Zdali jsem já Bohem, abych mohl umrtviti a obživiti, že tento poslal ke mně, abych uzdravil muže od malomocenství jeho? Nýbrž posuďte, prosím, a pohleďte, že příčiny hledá proti mně.
ဣ​သ​ရေ​လ​ဘု​ရင်​သည်​ထို​စာ​ကို​ရ​သော​အ​ခါ အ​ဝတ်​တော်​ကို​ဆုတ်​လျက်``ငါ​သည်​ဤ​သူ​၏ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​အ​ဘယ် သို့​ရှု​ရိ​မင်း​မျှော်​လင့်​နိုင်​ပါ​သ​နည်း။ ငါ​သည် အ​သက်​ကို​ပေး​ပိုင်​နုတ်​ပိုင်​သော​တန်​ခိုး​နှင့်​ပြည့် စုံ​သည့်​ဘုရား​ဖြစ်​ပါ​သ​လော။ သူ​သည်​ငါ့​အား ရန်​ရှာ​သည်​မှာ​ထင်​ရှား​ပါ​သည်​တ​ကား'' ဟု ဆို​၏။
8 A když uslyšel Elizeus muž Boží, že roztrhl král Izraelský roucho své, poslal k králi, řka: Proč jsi roztrhl roucho své? Nechť nyní přijde ke mně a zvíť, že jest prorok v Izraeli.
ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။
9 A tak přibral se Náman s jízdou svou a s vozy svými, a stál u dveří domu Elizeova.
သို့​ဖြစ်​၍​နေ​မန်​သည်​မြင်း​များ​က​သည့်​ရ​ထား ကို​စီး​၍ ဧ​လိ​ရှဲ​၏​အိမ်​အ​ဝင်​ဝ​သို့​လာ​ရောက် ရပ်​တန့်​၏။-
10 Poslal pak k němu Elizeus posla, řka: Jdi a umej se sedmkrát v Jordáně, a uzdraveno bude tělo tvé, a čist budeš.
၁၀ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-
11 Tedy rozhněvav se Náman, bral se odtud a mluvil: Hle, řekl jsem u sebe, že jistotně vyjde, a stoje, vzývati bude jméno Hospodina Boha svého, a vznášeje ruku svou nad místem neduživým, tak uzdraví malomocenství mé.
၁၁သို့​ရာ​တွင်​နေ​မန်​သည်​ပြင်း​စွာ​အ​မျက်​ထွက် လျက်``သူ​သည်​ယုတ်​စွ​အဆုံး​ငါ့​ထံ​သို့​ထွက်​လာ ပြီး​လျှင် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ကာ ရော​ဂါ​ရှိ​သည့်​နေ​ရာ​တွင် တောင်​ဝှေး​ကို​ဝှေ့​ရမ်း​ခြင်း​အား​ဖြင့် ငါ​၏​ရော​ဂါ ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​၏။-
12 Zdali nejsou lepší Abana a Farfar, řeky Damašské, nad všecky vody Izraelské? Zdaliž bych se nemohl v nich zmýti, abych čist byl? A obrátiv se, jel s hněvem.
၁၂ထို့​ပြင်​ဒ​မာ​သက်​မြို့​ရှိ​အာ​ဗ​န​မြစ်​နှင့်​ဖာ​ဖာ မြစ်​တို့​သည် ဣသ​ရေ​လ​မြစ်​ရှိ​သ​မျှ​ထက်​ပို​၍ ကောင်း​သ​ဖြင့် ထို​မြစ်​တို့​တွင်​ရေ​ချိုး​၍​ရော​ဂါ ကို​ပျောက်​ကင်း​နိုင်​သည်​မ​ဟုတ်​လော'' ဟု​ဆို​၍ ပြန်​လေ​သည်။
13 Ale přistoupivše služebníci jeho, mluvili k němu a řekli: Otče můj, jakkoli velikou věc prorok ten rozkázal by tobě, což bys neměl učiniti toho? Čím tedy více, kdyžť řekl: Umej se, a budeš čist.
၁၃သူ​၏​အ​စေ​ခံ​တို့​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​၍``အ​ရှင်၊ အ​ကယ်​၍​ပ​ရော​ဖက်​က​အ​ရှင့်​အား​ခက်​ခဲ​သည့် အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု​လုပ်​ခိုင်း​ပါ​က အ​ရှင် နာ​ခံ​မည်​မ​ဟုတ်​ပါ​လော။ `ရေ​ချိုး​၍​ရော​ဂါ​ပျောက် ကင်း​လော့' ဟု​ခိုင်း​သည်​ကို​ပို​၍​နာ​ခံ​သင့်​သည် မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​ထား​ကြ​၏။-
14 A protož sstoupiv, pohřížil se v Jordáně sedmkrát vedlé řeči muže Božího. I učiněno jest tělo jeho jako tělo dítěte malého, a očištěn jest.
၁၄သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-
15 A hned navrátil se k muži Božímu se vším komonstvem svým, a přišed, stál před ním a řekl: Aj, již jsem poznal, žeť není Boha na vší zemi, jediné v Izraeli. Protož nyní vezmi, prosím, dary tyto od služebníka svého.
၁၅သူ​သည်​မိ​မိ​၏​နောက်​လိုက်​နောက်​ပါ​အ​ပေါင်း​နှင့် အ​တူ ဧ​လိ​ရှဲ​ထံ​သို့​ပြန်​သွား​ပြီး​လျှင်'' ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား မ​ရှိ​ကြောင်း​ကို​ယ​ခု​အ​ကျွန်ုပ်​သိ​ပါ​ပြီ။ သို့​ဖြစ်​၍ အ​ရှင်၊ အ​ကျွန်ုပ်​ပေး​လှူ​သော​လက်​ဆောင်​ကို​လက်​ခံ တော်​မူ​ပါ'' ဟု​ပြော​၏။
16 On pak řekl: Živť jest Hospodin, před jehož oblíčejem stojím, žeť nic nevezmu. A ač ho nutil, aby vzal, však nikoli nechtěl.
၁၆ဧ​လိ​ရှဲ​က``ငါ​သည်​လက်​ဆောင်​ကို​လက်​ခံ​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​ပြော​၏'' ဟု ဆို​၏။ နေ​မန်​သည်​ဧ​လိ​ရှဲ​အား​လက်​ဆောင်​ကို​လက်​ခံ ပါ​ရန် အ​ကြိမ်​ကြိမ်​တိုက်​တွန်း​သော်​လည်း​ဧ​လိ​ရှဲ သည်​လက်​မ​ခံ​ဘဲ​နေ​၏။-
17 I řekl Náman: Tedy nic? Ale nechť jest dáno, prosím, mně služebníku tvému břímě země na dva mezky; neboť nebude více obětovati služebník tvůj zápalů aneb obětí bohům cizím, ale Hospodinu.
၁၇သို့​ဖြစ်​၍​နေ​မန်​က``အ​ကျွန်ုပ်​ပေး​လှူ​သော​လက် ဆောင်​ကို​အ​ရှင်​လက်​မ​ခံ​ပါ​မူ လား​နှစ်​စီး​တင် မြေ​ကို​အ​ကျွန်ုပ်​၏​နေ​ရင်း​ပြည်​သို့​ယူ​ဆောင် သွား​ခွင့်​ပြု​တော်​မူ​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ယ​ခု​မှ​စ​၍​အ​ကျွန်ုပ် သည် ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် ဘု​ရား​ကို​မျှ မီး​ရှို့​ရာ​ယဇ်​သို့​မ​ဟုတ်​အ​ခြား အ​ဘယ်​ယဇ်​ကို​မျှ​ပူ​ဇော်​တော့​မည်​မ​ဟုတ် သော​ကြောင့်​ဖြစ်​ပါ​၏။-
18 V této však věci odpusť Hospodin služebníku tvému: Když vchází pán můj do chrámu Remmon, aby se tam modlil, a on podpírá se na mou ruku, že i já skláním se v chrámě Remmon. Toho sklánění mého v chrámě Remmon nechť neváží, prosím, Hospodin služebníku tvému při té věci.
၁၈ထို​ကြောင့်​အ​ကျွန်ုပ်​သည်​မိ​မိ​၏​ဘု​ရင်​နှင့်​အ​တူ ရှု​ရိ​ဘု​ရား​ရိမ္မုန်​ဗိ​မာန်​သို့​လိုက်​ပါ​သွား​ရောက်​၍ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ထာ​ဝရ ဘု​ရား​သည် အ​ကျွန်ုပ်​အား​အ​ပြစ်​လွှတ်​တော်​မူ​လိမ့် မည်​ဟု​မျှော်​လင့်​ပါ​၏။ ထာ​ဝရ​ဘု​ရား​သည်​အ​ကျွန်ုပ် အား​အ​မှန်​ပင်​အ​ပြစ်​လွှတ်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
19 I řekl jemu: Jdi v pokoji. A když odjel od něho nedaleko,
၁၉ထို​အ​ခါ​ဧ​လိ​ရှဲ​က``အေး​ချမ်း​စွာ​သွား​ပါ​လော့'' ဟု​ဆို​သ​ဖြင့် နေ​မန်​သည်​ထွက်​ခွာ​သွား​လေ​၏။ သူ​သည်​သွား​၍​အ​ဝေး​သို့​မ​ရောက်​မီ၊-
20 V tom řekl Gézi služebník Elizea muže Božího: Hle, nedopustil pán můj Námanovi Syrskému tomuto, aby dáti měl z ruky své to, což přivezl. Živť jest Hospodin, žeť poběhnu za ním, a vezmu něco od něho.
၂၀ဧ​လိ​ရှဲ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​က``ငါ့​သ​ခင်​သည် နေ​မန်​ထံ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ သူ့ အား​ထွက်​ခွာ​သွား​ခွင့်​ပြု​လေ​ပြီ​တ​ကား။ သ​ခင် သည်​ရှု​ရိ​အ​မျိုး​သား​ပေး​လှူ​သည့်​ပစ္စည်း​များ ကို​လက်​ခံ​သင့်​သည်။ ငါ​သည်​နေ​မန်​၏​နောက်​သို့ ပြေး​၍​လိုက်​ပြီး​လျှင် သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရ​အောင်​ယူ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ပါ​၏'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ၊-
21 Protož běžel Gézi za Námanem. A vida Náman běžícího za sebou, rychle skočil s vozu vstříc jemu a řekl: Dobře-li se děje?
၂၁နေ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ နေ​မန်​သည်​မိ​မိ ၏​နောက်​သို့​လူ​တစ်​ယောက်​လိုက်​လာ​သည်​ကို​မြင် သော​အ​ခါ ထို​သူ​နှင့်​တွေ့​ဆုံ​ရန်​ရ​ထား​ပေါ်​မှ ဆင်း​၍``အ​ရေး​ကိစ္စ​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
22 A on odpověděl: Dobře. Pán můj poslal mne, aťbych řekl: Aj, teď nyní přišli ke mně dva mládenci s hory Efraim z synů prorockých; dej jim medle centnéř stříbra a dvoje roucho proměnné.
၂၂ဂေ​ဟာ​ဇိ​က``မ​ရှိ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​၏​သ​ခင် က ယ​ခု​ပင်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ပ​ရော​ဖက် နှစ်​ပါး​ရောက်​ရှိ​လာ​သ​ဖြင့် သူ​တို့​အ​တွက်​ငွေ​သား သုံး​ထောင်​နှင့်​ဝတ်​စုံ​နှစ်​စုံ​ကို​အ​ရှင့်​ထံ​မှ​တောင်း​ခံ ရန် ကျွန်​တော်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ဖြေ​၏။
23 I řekl Náman: Raději vezmi dva centnéře. I přinutil ho. A svázav dva centnéře stříbra do dvou pytlů, a dvoje roucho proměnné, vložil to na dva pacholky své, kteříž nesli před ním.
၂၃နေ​မန်​က``ကျေး​ဇူး​ပြု​၍​ငွေ​သား​ခြောက်​ထောင်​ယူ ပါ​လော့'' ဟု​တိုက်​တွန်း​ပြီး​လျှင်​ထို​ငွေ​ကို​အိတ်​နှစ် လုံး​တွင်​ထည့်​၍ ဝတ်​စုံ​နှစ်​စုံ​နှင့်​အ​တူ​မိ​မိ​၏ အစေ​ခံ​နှစ်​ယောက်​အား​ပေး​အပ်​ကာ​ဂေ​ဟာ​ဇိ ရှေ့​မှ​ထမ်း​ယူ​သွား​စေ​၏။-
24 A když přišel na vrch, vzal to z rukou jejich, a složil v jednom domě, propustiv muže ty, kteřížto odešli.
၂၄သူ​တို့​သည်​ဧ​လိ​ရှဲ​နေ​ထိုင်​ရာ​တောင်​ကုန်း​သို့​ရောက် သော​အ​ခါ ဂေ​ဟာ​ဇိ​သည်​အိတ်​နှစ်​လုံး​ကို​ယူ​၍​အိမ် ထဲ​သို့​သယ်​ဆောင်​သွား​လေ​သည်။ ထို​နောက်​နေ​မန်​၏ အ​စေ​ခံ​များ​အား​ပြန်​၍​လွှတ်​လိုက်​၏။-
25 Sám pak všed, stál před pánem svým. I řekl mu Elizeus: Odkudžto, Gézi? Odpověděl: Nechodil služebník tvůj nikam.
၂၅သူ​သည်​အိမ်​ထဲ​သို့​ပြန်​၍​ဝင်​လာ​သော​အ​ခါ​ဧ​လိ ရှဲ​က``အ​ဘယ်​သို့​သွား​နေ​ပါ​သ​နည်း'' ဟု​မေး​၏။ ဂေ​ဟာ​ဇိ​က``အ​ရှင်၊ ကျွန်​တော်​အ​ဘယ်​ကို​မျှ မ​သွား​ပါ'' ဟု​ပြန်​ပြော​၏။
26 Kterýž řekl jemu: Zdaliž srdce mé nebylo při tom, když obrátil se muž s vozu svého vstříc tobě? Zdaliž čas byl bráti stříbro aneb roucho, aneb olivoví a vinice, aneb stáda a voly, neb služebníky aneb děvky?
၂၆သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``သင်​နှင့်​တွေ့​ဆုံ​ရန်​ထို​သူ ရ​ထား​ပေါ်​မှ​ဆင်း​ရာ​အ​ရပ်​သို့ ငါ​၏​စိတ်​ဝိ​ညာဉ် သည်​ရောက်​ရှိ​ခဲ့​သည်​မ​ဟုတ်​လော။ ဤ​အ​ချိန်​သည် ငွေ၊ အ​ထည်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး၊ နွား၊ အ​စေ​ခံ​များ​ကို​ခံ​ယူ​ရန်​အ​ချိန်​မ​ဟုတ်။-
27 Protož malomocenství Námanovo přichytí se tebe i semene tvého na věky. I vyšel od tváři jeho malomocný jako sníh.
၂၇ယ​ခု​နေ​မန်​၏​ရော​ဂါ​သည်​သင့်​အ​ပေါ်​သို့​သက် ရောက်​၍ သင်​နှင့်​သင့်​သား​မြေး​တို့​၌​ထာ​ဝ​စဉ်​စွဲ ကပ်​နေ​လိမ့်​မည်'' ဟု​ဆို​၏။ ဂေ​ဟာ​ဇိ​ထွက်​သွား ချိန်​၌​ထို​ရော​ဂါ​စွဲ​ကပ်​သ​ဖြင့် သူ​၏​ကိုယ်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်​နေ​၏။

< 2 Královská 5 >