< 1 Královská 16 >

1 Stala se pak řeč Hospodinova k Jéhu, synu Chanani, proti Bázovi, řkoucí:
ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊-
2 Proto že jsem tě vyzdvihl z prachu, a postavil za vůdci lidu mého Izraelského, ty jsi pak chodil po cestě Jeroboámově, a přivedls k hřešení lid můj Izraelský, aby mne popouzeli hříchy svými:
3 Aj, já vyhladím potomky Bázovy a potomky domu jeho, a učiním domu tvému, jako domu Jeroboáma, syna Nebatova.
ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။-
4 Toho, kdož z rodiny Bázovy umře v městě, psi žráti budou, a kdož z nich umře na poli, ptáci nebeští jísti budou.
မြို့​တွင်​သေ​သူ​သင်​၏​အိမ်​ထောင်​စု​သား​တို့ သည်​ခွေး​စာ၊ မြို့​ပြင်​တွင်​သေ​သူ​သည်​လင်း တ​စာ​ဖြစ်​ကြ​လိမ့်​မည်။''
5 Jiné pak věci Bázovy a všecko, což činil, i síla jeho, o tom zapsáno jest v knize o králích Izraelských.
ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
6 Když pak usnul Báza s otci svými, pochován jest v Tersa, a Ela syn jeho kraloval místo něho.
ဗာ​ရှာ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​တိ​ရ​ဇ မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ဧ​လာ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
7 A tak skrze Jéhu syna Chanani, proroka, stala se řeč Hospodinova proti Bázovi a proti domu jeho, i proti všemu zlému, kteréž činil před oblíčejem Hospodinovým, popouzeje ho dílem rukou svých, že má býti podobný domu Jeroboámovu, a proto že jej zabil.
ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။
8 Léta dvadcátého šestého Azy, krále Judského, kraloval Ela syn Bázův nad Izraelem v Tersa dvě létě.
ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခြောက်​နှစ် မြောက်​၌ ဗာ​ရှာ​၏​သား​တော်​ဧ​လာ​သည်​ဣ​သ ရေ​လ​ပြည်​တွင်​နန်း​တက်​ပြီး​လျှင် တိ​ရ​ဇ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
9 I zprotivil se jemu služebník jeho Zamri, hejtman nad polovicí vozů, když on v Tersa kvasil a opilý byl v domě Arsy, vládaře města Tersa.
ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-
10 V tom Zamri přišed, ranil ho, a zabil jej léta dvadcátého sedmého Azy krále Judského, a kraloval místo něho.
၁၀ဇိ​မ​ရိ​သည်​ထို​အိမ်​သို့​ဝင်​၍​ဧ​လာ​အား​လုပ် ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​မင်း ပြု​၏။ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့် ခု​နစ်​နှစ်​မြောက်​၌​ဧ​လာ​သည်​လုပ်​ကြံ​ခြင်း ကို​ခံ​ရ​သ​တည်း။
11 Když pak kraloval a seděl na stolici jeho, pobil všecken dům Bázův, i příbuzné jeho, i přátely jeho, nepozůstaviv z něho ani močícího na stěnu.
၁၁ဇိ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လျှင်​ဖြစ်​ချင်း ဗာ​ရှာ ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​ပြီး နောက် ဗာ​ရှာ​၏​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ အ​နက်​ယောကျာ်း​မှန်​သ​မျှ​ကို​လည်း​သတ် လေ​သည်။-
12 A tak vyhladil Zamri všecken dům Bázův vedlé řeči Hospodinovy, kterouž byl mluvil proti Bázovi skrze Jéhu proroka,
၁၂သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။-
13 Pro všecky hříchy Bázovy, i hříchy Ela syna jeho, kteříž hřešili, i v hříchy uvodili Izraele, popouzejíce Hospodina Boha Izraelského marnostmi svými.
၁၃ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
14 Jiné pak věci Ela a všecko, což činil, vypsáno jest v knize o králích Izraelských.
၁၄ဧ​လာ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ​ကို​ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။
15 Léta dvadcátého sedmého Azy, krále Judského, kraloval Zamri v Tersa sedm dní, když lid vojenský ležel proti Gebbeton Filistinských.
၁၅ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
16 Nebo uslyšev lid, kterýž byl v ležení, takové věci, že by se Zamri zprotivil a že krále zabil, tedy všecken Izrael ustanovili sobě krále Amri, hejtmana nad vojskem Izraelským toho času v vojště.
၁၆သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-
17 Protož táhl Amri a s ním všecken Izrael od Gebbeton, a oblehli Tersu.
၁၇သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-
18 A když viděl Zamri, že již město jest vzato, všed na palác domu královského, zapálil nad sebou dům královský, i umřel,
၁၈မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-
19 Pro hříchy své, kterýmiž hřešil, čině, což zlého jest před oblíčejem Hospodinovým, a chodě po cestě Jeroboámově a v hříších jeho, kteréž páchal, přivozuje k hřešení lid Izraelský.
၁၉ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-
20 Jiné pak věci Zamri i jeho úkladové, kteréž činil, zapsáni jsou v knize o králích Izraelských.
၂၀လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။
21 Tedy rozdělil se lid Izraelský na dvé. Polovice lidu postoupilo po Tebni synu Ginet, aby ho učinili králem, a druhá polovice postoupila po Amri.
၂၁ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-
22 Ale přemohl lid, kterýž postoupil po Amri, lid ten, kterýž postoupil po Tebni synu Ginet. I umřel Tebni, a kraloval Amri.
၂၂နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-
23 Léta třidcátého prvního Azy, krále Judského, kraloval Amri nad Izraelem dvanácte let. V Tersa kraloval šest let.
၂၃သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-
24 I koupil horu Someron od Semera za dvě hřivny stříbra, a když vystavěl tu horu, nazval jméno města toho, kteréž vzdělal, od jména Semery, pána té hory, totiž Samaří.
၂၄ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။
25 Činil pak Amri to, což jest zlého před oblíčejem Hospodinovým; nýbrž horší věci činil, než kdo ze všech, kteříž před ním byli.
၂၅သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-
26 Nebo chodil po všeliké cestě Jeroboáma syna Nebatova, a ve všech hříších jeho, kterýmiž přivodil k hřešení Izraele, popouzeje Hospodina Boha Izraelského marnostmi svými.
၂၆သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-
27 Jiné pak věci Amri i všecko, což činil, i síla jeho, kterouž prokazoval, o tom zapsáno jest v knize o králích Izraelských.
၂၇သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။-
28 I usnul Amri s otci svými, a pochován jest v Samaří, a kraloval místo něho Achab syn jeho.
၂၈သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
29 Achab tedy syn Amri kraloval nad Izraelem léta třidcátého osmého Azy, krále Judského, a kraloval Achab syn Amri nad Izraelem v Samaří dvamecítma let.
၂၉ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
30 I činil Achab syn Amri před oblíčejem Hospodinovým horší věci než kdo ze všech, kteříž před ním byli.
၃၀သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
31 V tom stalo se, (nebo málo mu to bylo, že chodil v hříších Jeroboáma syna Nebatova), že sobě pojal ženu Jezábel dceru Etbál, krále Sidonského, a odšed, sloužil Bálovi a klaněl se jemu.
၃၁သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-
32 A vzdělal oltář Bálovi v chrámě Bálově, kterýž byl ustavěl v Samaří.
၃၂သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။-
33 Udělal také Achab i háj, a tak přičinil toho, čím by popouzel Hospodina Boha Izraelského, nade všecky jiné krále Izraelské, kteříž byli před ním.
၃၃အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-
34 Za dnů jeho Hiel Bethelský vystavěl Jericho. V Abiramovi prvorozeném svém založil je, a v Segubovi nejmladším svém postavil brány jeho, vedlé řeči Hospodinovy, kterouž byl mluvil skrze Jozue syna Nun.
၃၄သူ​နန်း​စံ​နေ​စဉ်​အ​တွင်း​ဗေ​သ​လ​မြို့​သား ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​ပြန်​လည်​တည် ထောင်​လေ​သည်။ နုန်​၏​သား​ယော​ရှု​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​နှင့် အ​ညီ ဟိ​ဧ​လ​သည်​ယေ​ရိ​ခေါ​မြို့​ကို​အုတ် မြစ်​ချ​ချိန်​၌​မိ​မိ​၏​သား​ဦး​အ​ဘိ​ရံ​ကို လည်း​ကောင်း၊ မြို့​တံ​ခါး​များ​တည်​ဆောက် ချိန်​၌​သား​ထွေး​စေ​ဂုပ်​ကို​လည်း​ကောင်း ဆုံး​ရှုံး​ရ​လေ​သည်။

< 1 Královská 16 >