< Nehemija 2 >
1 Mjeseca Nisana, dvadesete godine kraljevanja Artakserksova, stajalo je vino pred kraljem. Uzeh ga i ponudih kralju. Nikada pred njim nisam bio tužan.
၁လေးလမျှကုန်လွန်ပြီးနောက်၊ တစ်နေ့သော အခါ၌ဧကရာဇ်မင်းအာတဇေရဇ်သည် ပွဲတော်တည်လျက်နေစဉ် ငါသည်သူ၏ထံ သို့သွား၍စပျစ်ရည်ကိုဆက်လေ၏။ မင်း ကြီးသည်ယခင်အဘယ်အခါ၌မျှငါ ၏မျက်နှာညှိုးငယ်သည်ကိုမတွေ့မမြင် ဘူးသဖြင့်၊-
2 Tada mi kralj reče: “Što ti je tužno lice? Nisi li možda bolestan? Nije drugo nego je tuga u tvome srcu!” Ja se veoma uplaših
၂ငါ့အား``သင်သည်အဘယ်ကြောင့်ဤမျှ မျက်နှာညှိုးငယ်ပါသနည်း။ သင့်မှာဖျား နာမှုလည်းမရှိသဖြင့် သင်သည်စိတ် မချမ်းမသာဖြစ်၍မျက်နှာညှိုးငယ် ခြင်းဖြစ်ရမည်'' ဟုဆို၏။ ဤသို့မင်းကြီးဆိုသောအခါငါသည် ထိတ်လန့်ပြီးလျှင်၊-
3 i rekoh kralju: “Neka uvijek živi kralj! Kako mi lice ne bi bilo tužno kad je grad gdje su grobovi mojih otaca razoren, a vrata mu ognjem spaljena?”
၃``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
4 Kralj me upita: “Što, dakle, želiš?” Zazvah Boga nebeskoga
၄ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။ ငါသည်ကောင်းကင်ဘုံရှင်ဘုရားသခင် ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးမှ၊-
5 i odgovorih kralju: “Ako je kralju po volji i ako ti je mio sluga tvoj, pusti me da odem u Judeju, u grad grobova mojih otaca, da ga obnovim.”
၅မင်းကြီးအား``အရှင်မင်းကြီး၊ အရှင်သည် ကျွန်တော်မျိုးအားစိတ်တော်နှင့်တွေ့တော်မူ ၍ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုခွင့်ပြု ရန်အလိုရှိတော်မူပါလျှင်ကျွန်တော်မျိုး အားယုဒပြည်သို့သွားခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုး၏ဘိုးဘေးများအားသင်္ဂြိုဟ် ရာမြို့ကိုပြန်လည်တည်ဆောက်ခွင့်ပြု တော်မူပါ'' ဟုလျှောက်၏။
6 Kralj me upita pred kraljicom, koja je sjedila kraj njega: “Koliko bi trajao tvoj put? Kada ćeš se vratiti?” Pošto sam utvrdio vrijeme koje je odgovaralo kralju, pusti me da odem.
၆မိဖုရားနှင့်ယှဉ်တွဲ၍ထိုင်လျက်နေသော ဧကရာဇ်မင်းသည် ငါ၏လျှောက်ထား ချက်ကိုခွင့်ပြုတော်မူပြီးလျှင် ငါ့အား``သင် သည်အဘယ်မျှကြာအောင်သွားလိုပါ သနည်း။ အဘယ်အခါ၌ပြန်လာပါမည် နည်း'' ဟုမေးတော်မူ၏။ ငါသည်ပြန်လာ မည့်အချိန်ကိုလျှောက်ထား၏။
7 Još rekoh kralju: “Ako je kralju po volji, mogao bih ponijeti pisma upraviteljima s onu stranu Rijeke da me propuste do Judeje;
၇ထိုနောက်ငါသည်ယုဒပြည်သို့ခရီးပြု ရာတွင် လိုအပ်သည့်အကူအညီပေးရန် အတွက်ဥဖရတ်မြစ်ကြီးအနောက်ဘက် ပြည်နယ်ဘုရင်ခံများထံသို့အမှာတော် စာကိုလည်းကောင်း၊-
8 i pismo Asafu, nadgledniku kraljeve šume, da mi dadne drva za gradnju vrata na tvrđi Hrama, za gradski bedem i za kuću u kojoj ću se nastaniti.” I dade mi kralj, jer dobrostiva ruka Boga moga bijaše nada mnom.
၈ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
9 I dođoh tako k upraviteljima s onu stranu Rijeke i dadoh im kraljeva pisma. A kralj posla sa mnom časnike i konjanike.
၉မင်းကြီးသည်စစ်အရာရှိအချို့နှင့်မြင်း တပ်ကိုငါနှင့်အတူစေလွှတ်ပေးတော်မူ သဖြင့် ငါသည်ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်သို့ခရီးပြုပြီးလျှင် ထို အရပ်ရှိဘုရင်ခံတို့အားမင်းကြီး၏ အမှာတော်စာများကိုပေး၏။-
10 Kad to ču Sanbalat, Horonac, i sluga Tobija, Amonac, bi im vrlo mrsko što je došao čovjek da se zauzme za dobro Izraelaca.
၁၀သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
11 Stigavši u Jeruzalem, ostadoh ondje tri dana.
၁၁ငါသည်ယေရုရှလင်မြို့သို့ဆက်လက် သွားရောက်ကာ ထိုမြို့တွင်သုံးရက်မျှနေ၏။-
12 Zatim ustah noću, u pratnji nekoliko ljudi, nikomu ne povjerivši što mi je Bog moj nadahnuo da učinim za Jeruzalem; a nisam imao druge životinje osim kljuseta na kojem sam jahao.
၁၂သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။-
13 Iziđoh, dakle, noću na Dolinska vrata i uputih se Zmajevskom izvoru, a zatim prema Smetlišnim vratima: razgledao sam jeruzalemski zid gdje je bio razoren i vrata koja su bila spaljena.
၁၃ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
14 Nastavio sam put prema Izvorskim vratima i Kraljevskom ribnjaku, ali nisam našao prolaza za životinju na kojoj sam jahao.
၁၄ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊-
15 Uspeo sam se zato noću uz Potok, i dalje razgledajući zid, i ponovo sam ušao na Dolinska vrata. Tako sam se vratio,
၁၅ငါသည်ကေဒြုန်ချိုင့်ဝှမ်းထဲသို့ဆင်း၍ မြည်းစီးပြီးလျှင်မြို့ရိုးကိုစစ်ဆေး ကြည့်ရှု၏။ ထိုနောက်လာလမ်းအတိုင်း ပြန်ပြီးလျှင်ချိုင့်ဝှမ်းတံခါးမှနေ၍ မြို့ထဲသို့ဝင်၏။
16 a da savjetnici nisu primijetili kamo sam otišao i što sam učinio. Sve do sada nisam ništa rekao Židovima: ni svećenicima, ni velikašima, ni savjetnicima, ni drugima nadstojnicima.
၁၆အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။-
17 Tada im rekoh: “Vidite u kakvoj smo nevolji: Jeruzalem je u ruševinama, a vrata mu spaljena. Hajte, sagradimo jeruzalemski zid da više ne budemo izloženi ruglu.”
၁၇သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
18 I objasnih im kako je dobrostiva ruka Boga moga bila nada mnom, a saopćih im i riječi koje mi kralj bijaše rekao. “Ustanimo”, povikaše oni, “i gradimo!” I ukrijepiše im se ruke na dobro djelo.
၁၈ထာဝရဘုရားသည်ငါနှင့်အဘယ်သို့အတူ ရှိတော်မူခဲ့၍ ငါ့အားကူမတော်မူခဲ့ကြောင်း ကိုလည်းကောင်း၊ ငါ့အားဧကရာဇ်မင်းကြီး အဘယ်သို့အမိန့်ရှိတော်မူခဲ့ကြောင်းကို လည်းကောင်းဖော်ပြ၏။ ထိုသူတို့က``ပြန်လည်တည်ဆောက်မှုကိုငါ တို့အစပြုကြကုန်အံ့'' ဟုဆိုကာအလုပ် စရန်အသင့်ပြင်ဆင်ကြလေသည်။
19 Na te vijesti počeše nam se rugati Sanbalat, Horonac, i sluga Tobija, Amonac, i Gešem, Arapin. Prezirno su nam govorili: “Što radite ovdje? Hoćete li se pobuniti protiv kralja?”
၁၉ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
20 Ali im ja odgovorih ovim riječima: “Nebeski će nam Bog dati da uspijemo. Mi, sluge njegove, ustasmo da gradimo. A vi nemate ni dijela, ni prava, ni spomena u Jeruzalemu.”
၂၀ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။