< Marko 13 >
1 Kad je izlazio iz Hrama, rekne mu jedan od njegovih učenika: “Učitelju, gledaj! Kakva li kamenja, kakvih li zdanja!”
၁ဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။
2 Isus mu odvrati: “Vidiš li ta veličanstvena zdanja? Ne, neće se ostaviti ni kamen na kamenu nerazvaljen.”
၂သခင်ယေရှုက ``ဤအဆောက်အအုံကြီးများ ကို ယခုသင်မြင်သည်မဟုတ်လော။ ယင်းအဆောက် အအုံများမှကျောက်တုံးအားလုံးပင်ပြိုကျ ရလိမ့်မည်။ ကျောက်တစ်တုံးမျှမူလနေရာတွင် ကျန်ရစ်လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
3 Dok je zatim na Maslinskoj gori sjedio sučelice Hramu, upitaju ga nasamo Petar, Jakov, Ivan i Andrija:
၃ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်ဗိမာန်တော် ဖက်သို့မျက်နှာမူလျက် တစ်ကိုယ်တည်းထိုင်နေ တော်မူသောအခါ၊-
4 “Reci nam kada će to biti i na koji se znak sve to ima svršiti?”
၄ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်အန္ဒြေ-တို့သည် ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအရာများ သည်အဘယ်ကာလ၌ဖြစ်ပျက်ပါမည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌အဘယ် နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ် တို့အားမိန့်တော်မူပါ'' ဟုမေးလျှောက်ကြ၏။
5 Tada im Isus poče govoriti: “Pazite da vas tko ne zavede.
၅သခင်ယေရှုက ``သင်တို့အားသူတစ်ပါး မလှည့်စားစေရန်သတိပြုကြလော့။-
6 Mnogi će doći u moje ime i govoriti: Ja sam! I mnoge će zavesti.
၆လူအများပင်ငါ၏အယောင်ဆောင်လျက်လာ ကြလိမ့်မည်။ သူတို့သည်မေရှိယဖြစ်သည်ဟု ဆို၍လူအများကိုလှည့်ဖြားကြလိမ့်မည်။-
7 Kada pak čujete za ratove i za glasove o ratovima, ne uznemirujte se. Treba da se to dogodi, ali to još nije svršetak.”
၇သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားသောအခါ မထိတ်မလန့်ကြ နှင့်။ ဤအမှုအရာများသည်မုချဖြစ်ပျက် ရမည်။ သို့သော်လည်းကပ်ကမ္ဘာကုန်ဆုံးချိန် ကားမကျသေး။-
8 “Narod će ustati protiv naroda, kraljevstvo protiv kraljevstva. Bit će potresa po raznim mjestima, bit će gladi. To je početak trudova.”
၈လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြား တွင်မြေငလျင်လှုပ်၍အစာငတ်မွတ်ခေါင်းပါး လိမ့်မည်။ ဤအမှုအရာများသည်ဆိုက်ရောက် လတ္တံ့သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးဖြစ်၏။''
9 “Vi pak pazite sami na sebe. Predavat će vas vijećima i tući vas u sinagogama, pred upraviteljima i kraljevima stajat ćete zbog mene, njima za svjedočanstvo.
၉``သင်တို့သည်သတိနှင့်နေကြလော့။ လူအချို့တို့ သည် သင်တို့ကိုတရားရုံးသို့ပို့အပ်ကြလိမ့်မည်။ တရားဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။ သင် တို့သည်ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့မှောက်သို့ရောက်၍ သတင်း ကောင်းကိုကြေညာရကြလိမ့်မည်။-
10 A treba da se najprije svim narodima propovijeda evanđelje.”
၁၀ကပ်ကမ္ဘာကုန်ဆုံးချိန်မရောက်မီသင်တို့သည် သတင်းကောင်းကိုလူအပေါင်းတို့အားဟော ပြောကြေညာရကြမည်။-
11 “Kad vas budu vodili na izručenje, ne brinite se unaprijed što ćete govoriti, nego govorite što vam bude dano u onaj čas. Ta niste vi koji govorite, nego Duh Sveti.
၁၁သင်တို့အားဖမ်းဆီး၍တရားရုံးခုံရုံးသို့ ပို့အပ်ကြသောအခါ မည်သို့ပြောဆိုရမည် ကိုကြိုတင်၍မစိုးရိမ်ကြနှင့်။ ထိုခဏ၌ မိမိတို့စိတ်တွင်ပေါ်လာသည့်စကားများကို သာလျှင် သင်တို့ပြောကြလော့။ ယင်းစကားများ သည်သင်တို့စကားများမဟုတ်ဘဲ သန့်ရှင်း သောဝိညာဉ်တော်၏စကားများဖြစ်လိမ့်မည်။-
12 Predavat će na smrt brat brata i otac sina. Djeca će ustajati na roditelje i ubijati ih.
၁၂လူတို့သည်ညီအစ်ကိုချင်းအားသေစေရန်အပ် ကြလိမ့်မည်။ အဖသည်လည်းသားအားသေစေ ရန်အပ်လိမ့်မည်။ သားသမီးတို့သည်မိဘများ ကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
13 Svi će vas zamrziti zbog imena moga. Ali tko ustraje do svršetka, bit će spašen.”
၁၃ငါ၏အတွက်ကြောင့်လူတိုင်းပင်သင်တို့ကိုမုန်း လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သောသူသည်ကယ်တင်ခြင်းကိုခံရလတ္တံ့။''
14 “I kad vidite da grozota pustoši stoluje gdje joj nije mjesto - tko čita, neka razumije - koji se tada zateknu u Judeji, neka bježe u gore!
၁၄``ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာသည် မရှိအပ်သည့်အရပ်တွင်ရှိနေသည်ကို သင်တို့ မြင်ရကြလိမ့်မည်'' (စာဖတ်သူသည်ဤအချက် ကိုနားလည်ပါစေ) ``ထိုသို့မြင်ရကြသော အခါယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။-
15 Tko bude na krovu, neka ne silazi i ne ulazi u kuću da iz nje što uzme.
၁၅အိမ်မိုးပေါ်တွင်ရှိသူသည်အောက်သို့ဆင်း၍ အိမ်ထဲသို့ဝင်ပြီးလျှင်မည်သည့်အရာကို မျှမယူစေနှင့်။-
16 I tko bude u polju, neka se ne okreće natrag da uzme ogrtač!”
၁၆လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံကိုယူရန် အိမ်သို့မပြန်စေနှင့်။-
17 “Jao trudnicama i dojiljama u one dane!
၁၇ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်မိန်းမနှင့် သားသည်မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။-
18 A molite da to ne bude zimi
၁၈ထိုနေ့ရက်များသည်ဆောင်းဥတု၌မကျ ရောက်ပါစေနှင့်ဟုဆုတောင်းကြလော့။-
19 jer će onih dana biti tjeskoba kakve ne bi od početka stvorenja, koje stvori Bog, sve do sada, a neće je ni biti.
၁၉လောကကိုဘုရားသခင်ဖန်ဆင်းတော်မူချိန် မှစ၍ အဘယ်ကာလ၌မျှဤဆင်းရဲဒုက္ခမျိုးကို လူတို့မကြုံစဖူး။ နောင်ကာလ၌လည်းတွေ့ကြုံ ရကြလိမ့်မည်မဟုတ်။-
20 I kad Gospodin ne bi skratio dane one, nitko se ne bi spasio. No poradi izabranih, koje on sebi izabra, skratio je on te dane.”
၂၀ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
21 Ako vam tada tko rekne: 'Evo Krista ovdje! Eno ondje!' - ne vjerujte.
၂၁``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်၊ မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုသော်မယုံကြည်နှင့်။-
22 Ustat će doista lažni kristi i lažni proroci i tvorit će znamenja i čudesa da, bude li moguće, zavedu izabrane.
၂၂မေရှိယအတုအယောင်များနှင့်ပရောဖက် အတုအယောင်များပေါ်လာလိမ့်မည်။ သူတို့ သည်ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ် ထားသူများကိုပင်လှည့်စားနိုင်ရန် အံ့သြဖွယ် အမှုအရာများနှင့်နိမိတ်လက္ခဏာများကို ပြကြလိမ့်မည်။-
23 Vi dakle budite na oprezu! Evo, prorekao sam vam sve!”
၂၃သင်တို့သည်သတိနှင့်နေကြလော့။ ဤအမှု အရာအလုံးစုံတို့မဖြစ်ပေါ်မီသင်တို့ အားငါကြိုတင်ဖော်ပြပြီ။''
24 Nego, u one dane, nakon one nevolje, sunce će pomrčati i mjesec neće više svijetljeti
၂၄``ဆင်းရဲဒုက္ခများကျရောက်ပြီးသောကာလ၌ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် အလင်းရောင်ကိုပေးလိမ့်မည်မဟုတ်။-
25 a zvijezde će s neba padati i sile će se nebeske poljuljati.
၂၅ကြယ်များသည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ်များသည်လမ်းကြောင်းပြောင်း ကြလိမ့်မည်။-
26 Tada će ugledati Sina Čovječjega gdje dolazi na oblacima s velikom moći i slavom.
၂၆ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။-
27 I razaslat će anđele i sabrati svoje izabranike s četiri vjetra, s kraja zemlje do na kraj neba.”
၂၇ထိုနောက်လူသားသည်ကောင်းကင်တမန်များ ကို မြေကြီးစွန်းမှကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာသို့စေလွှတ်၍ မိမိရွေး ချယ်ထားသူတို့ကိုစုသိမ်းတော်မူလိမ့်မည်။''
28 A od smokve se naučite prispodobi! Kad joj grana već omekša i lišće potjera, znate: ljeto je blizu.
၂၈``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
29 Tako i vi kad vidite da se to zbiva, znajte: blizu je, na vratima!
၂၉ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
30 Zaista, kažem vam, ne, neće uminuti naraštaj ovaj dok se sve to ne zbude.
၃၀အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။-
31 Nebo će i zemlja uminuti, ali riječi moje ne, neće uminuti.”
၃၁ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ ၏စကားတည်လိမ့်မည်။''
32 “A o onom danu i času nitko ne zna, pa ni anđeli na nebu, ni Sin, nego samo Otac.”
၃၂``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-
33 “Pazite! Bdijte jer ne znate kada je čas.
၃၃ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။-
34 Kao kad ono čovjek neki polazeći na put ostavi svoju kuću, upravu povjeri slugama, svakomu svoj posao, a vrataru zapovjedi da bdije.
၃၄ဥပမာဆိုသော်နိုင်ငံရပ်ခြားသို့သွားသူလူ တစ်ယောက်သည် မိမိ၏အိမ်ကိုငယ်သားများ လက်တွင်အပ်ထားခဲ့၏။ သူတို့အားကိုယ်စီ ကိုယ်ငှလုပ်ဆောင်ရန်တာဝန်ဝတ္တရားများ ကိုပေးအပ်ခဲ့၏။ တံခါးမှူးအားသတိနှင့် စောင့်နေရန်မှာထားခဲ့၏။-
35 Bdijte, dakle, jer ne znate kad će se domaćin vratiti - da li uvečer ili o ponoći, da li za prvih pijetlova ili ujutro -
၃၅သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။-
36 da vas ne bi našao pozaspale ako iznenada dođe.”
၃၆သို့ဖြစ်၍အိမ်ရှင်ရုတ်တရက်ကြွလာသောအခါ သင်တို့အိပ်ပျော်နေသည်ကိုမတွေ့စေရန်သတိ နှင့်စောင့်နေကြလော့။-
37 “Što vama kažem, svima kažem: Bdijte!”
၃၇ဤသို့သင်တို့အားသတိပေးသည်အတိုင်း ခပ် သိမ်းသောသူတို့အားလည်းငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။