< Levitski zakonik 2 >
1 “Kad tko želi prinijeti Jahvi žrtvu prinosnicu, neka njegov dar bude od najboljeg brašna; neka ga polije uljem i na nj stavi tamjana.
၁ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုလည်း ထည့် ပြီးမှ၊
2 Neka ga onda donese Aronovim sinovima, svećenicima. Zatim neka zagrabi šaku od toga brašna i ulja i sav tamjan, pa neka svećenik na žrtveniku to sažeže u kad za spomen-žrtvu. To je žrtva paljena Jahvi na ugodan miris.
၂အာရုန် ၏သား ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက် တလက် ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ ကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
3 A što od žrtve prinosnice ostane, neka pripadne Aronu i njegovim sinovima - najsvetije od žrtava Jahvi paljenih.
၃ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
4 Ako za žrtvu prinosnicu želiš prinijeti tijesta pečena u peći, neka to budu beskvasne pogače od najboljeg brašna, zamiješene u ulju, ili beskvasne prevrte uljem namazane.
၄မီးဖို ၌ ဖုတ် သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ ဆီ နှင့် မုန့်ညက် ဖြင့် လုပ်သော တဆေး မဲ့ မုန့် ပြားသော်၎င်း၊ ဆီ လူး သော တဆေး မဲ့ မုန့် ကြွပ်သော်၎င်းဖြစ်ရမည်။
5 Ako tvoj dar bude žrtva prinosnica pečena na tavi, neka bude od najboljeg brašna, neukvasana i u ulju zamiješena.
၅သံ ပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရော ၍ တဆေး မပါသော မုန့်ညက် နှင့် လုပ် ရမည်။
6 U komade je izlomi i po njima ulja polij: žrtva je to prinosnica.
၆ထိုမုန့် ကို ချိုးဖဲ့ ၍ ဆီ ကို လောင်း ရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
7 Bude li tvoja prinosnica kuhana u kotluši, neka bude od najboljeg brašna, pripravljena s uljem.
၇အိုး ကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရောသော မုန့်ညက် နှင့် လုပ် ရမည်။
8 Donosi Jahvi žrtvu prinosnicu tako pripravljenu! Neka se preda svećeniku, a on će je polagati na žrtvenik.
၈ထို ဘောဇဉ်ပူဇော်သက္ကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ဆက် ပြီးမှ ၊ သူသည် ယဇ် ပလ္လင်သို့ ဆောင် ခဲ့ရမည်။
9 Neka svećenik odvoji od žrtve prinosnice dio kao spomen-žrtvu, pa neka ga sažeže u kad na žrtveniku - kao žrtvu paljenu Jahvi na ugodan miris!
၉ထိုဘောဇဉ်ပူဇော်သက္ကာ ထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
10 A što od žrtve prinosnice ostane, neka pripadne Aronu i njegovim sinovima - najsvetije od žrtava Jahvi paljenih.
၁၀ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
11 Nikakva žrtva prinosnica koju budeš prinosio Jahvi neka ne bude priređivana s kvasom, jer ne smiješ u kad sažigati ni kvasa ni meda kao žrtvu paljenicu.
၁၁ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး မ ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး မ ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
12 Prinosite ih Jahvi kao prvine plodova, ali neka se sa žrtvenika ne viju na ugodan miris.
၁၂အဦး သီးသော အသီးအနှံကို ပူဇော် သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော် ရသော်လည်း ၊ မွှေးကြိုင် ရာဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး မ ရှို့ရ။
13 Svaku svoju žrtvu prinosnicu posoli. Ne ostavljaj svoje žrtve prinosnice bez soli Saveza sa svojim Bogom: sa svakim svojim prinosom prinesi i sol.
၁၃ဘောဇဉ်ပူဇော်သက္ကာ ပြုလေ ရာရာ၌ ဆား ခပ်ရမည်။ သင် ပြုသောဘောဇဉ်ပူဇော်သက္ကာ ၌ ၊ သင် ၏ ဘုရား သခင်ပဋိညာဉ် ဆား ကို မ ခပ်ဘဲမနေရ။
14 Ako prinosiš Jahvi žrtvu prinosnicu od prvina, prinesi tu žrtvu od prvina svojih plodova u obliku klasa pržena na vatri ili brašna od samljevenog zrnja.
၁၄အဦး သီးသော အသီးအနှံကို၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ စပါးနှံကို အရည်စစ် အောင် မီး နားမှာ ထား ၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊
15 Dodaj još ulja i na nju stavi tamjana. To je žrtva prinosnica.
၁၅ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုတင် လျက် ၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
16 Onda neka svećenik sažeže u kad za spomen-žrtvu dio kruha i ulja i sav tamjan kao žrtvu Jahvi paljenu.”
၁၆ပွတ်ယူသော စပါး စေ့အချို့၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသောထိုဘောဇဉ်ပူဇော်သက္ကာအတွက် အတာကို၊ ယဇ် ပုရောဟိတ်သည် မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။