< Levitski zakonik 10 >
1 A sinovi Aronovi Nadab i Abihu uzmu svaki svoj kadionik; stave u nj vatre i na nju metnu tamjana da prinesu pred Jahvom neposvećenu vatru, koju im on ne bijaše propisao.
၁အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
2 Ali izbije plamen ispred Jahve te ih proguta - poginuše oni pred Jahvom.
၂ထို့ကြောင့်ချက်ချင်းပင်ထာဝရဘုရား ထံတော်မှ သူတို့အပေါ်သို့လောင်မီးကျ ၍သူတို့သည်ရှေ့တော်တွင်သေဆုံးကြ၏။-
3 Nato će Mojsije Aronu: “To je ono što je Jahve navijestio: Po onima koji su mi blizu svetim ću se pokazati; pred svim ću se pukom proslaviti.” Aron je šutio.
၃ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
4 Mojsije zovnu Mišaela i Elsafana, sinove Aronova strica Uziela, pa im reče: “Dođite i odnesite svoju braću ispred Svetišta u polje izvan tabora!”
၄မောရှေသည်အာရုန်၏ဦးရီးတော်သြဇေလ ၏သားများဖြစ်ကြသော မိရှေလနှင့်ဧလဇာ ဖန်တို့ကိုခေါ်၍``သင်တို့ညီအစ်ကိုများ၏ အလောင်းများကိုသန့်ရှင်းရာတဲတော်မှ စခန်းအပြင်သို့ထုတ်ဆောင်သွားကြ'' ဟု စေခိုင်းလေသည်။-
5 Oni dođu i odnesu ih u njihovim košuljama u polje izvan tabora, kako je Mojsije rekao.
၅ထိုအခါသူတို့သည်မောရှေမိန့်မှာသည့်အတိုင်း အလောင်းများကိုလက်ဖြင့်မထိကိုင်မိစေရန် အဝတ်အင်္ကျီများမှဆွဲ၍စခန်းအပြင်သို့ ထုတ်ဆောင်သွားကြလေသည်။
6 Poslije toga Mojsije reče Aronu i njegovim sinovima, Eleazaru i Itamaru: “Ne raščupavajte svoje kose niti razdirite svojih haljina da ne poginete i da se On ne razljuti na svekoliku zajednicu. Vaša braća i sav dom Izraelov neka oplakuje one koje je vatra Jahvina sažegla.
၆ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
7 Ne smijete odlaziti s ulaza u Šator sastanka da ne pomrete, jer na vama je Jahvino ulje pomazanja.” Oni učine po riječi Mojsijevoj.
၇သင်တို့ကားထာဝရဘုရား၏သိက္ခာတင် ဆီလောင်း၍ ဆက်ကပ်ထားသူများဖြစ်သော ကြောင့် သင်တို့သည်တဲတော်တံခါးမှထွက် ခွာမသွားရ။ ထွက်ခွာသွားလျှင်သင်တို့သေ ရမည်'' ဟုဆိုလေ၏။ သူတို့သည်မောရှေ မှာကြားသည့်အတိုင်းလိုက်နာကြလေသည်။
၈ထာဝရဘုရားကအာရုန်အား၊-
9 “Kad ulazite u Šator sastanka, nemojte piti vina niti opojnoga pića, ni ti ni tvoji sinovi s tobom! Tako nećete poginuti. To je trajan zakon za vaše naraštaje;
၉``သင်နှင့်သင်၏သားတို့သည်စပျစ်ရည် သို့ မဟုတ်သေရည်သေရက်ကိုသောက်၍တဲတော် ထဲသို့မဝင်ရ။ ထိုသို့ပြုလျှင်သင်တို့သေရ မည်။ ဤပညတ်ကိုသင်တို့၏အဆက်အနွယ် အားလုံးစောင့်ထိန်းရကြမည်။-
10 da možete lučiti posvećeno od običnoga, čisto od nečistoga;
၁၀သင်တို့သည်ဘုရားသခင်နှင့်ဆိုင်သောအရာ၊ မဆိုင်သောအရာ၊ ဘာသာရေးထုံးနည်းအရ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ တို့ကိုခွဲခြားတတ်ရမည်။-
11 da možete učiti Izraelce svim zakonima što ih je Jahve predao preko Mojsija.”
၁၁မောရှေအားဖြင့်ငါပေးသောပညတ်ရှိသမျှ တို့ကို သင်တို့သည်ဣသရေလအမျိုးသား တို့အားသွန်သင်ရမည်'' ဟုမိန့်တော်မူ၏။
12 Onda Mojsije rekne Aronu i njegovim preživjelim sinovima, Eleazaru i Itamaru: “Uzimajte od žrtve prinosnice što preostaje nakon prinesene žrtve u čast Jahvi paljene i beskvasnu je uza žrtvenik jedite jer je vrlo sveta.
၁၂မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
13 Blagujte je u svetom mjestu, jer to je - tako je meni naređeno - pristojbina tvoja i pristojbina tvojih sinova od žrtava paljenih u čast Jahvi.
၁၃ထိုမုန့်ကိုသန့်ရှင်းရာဌာနတွင်စားရမည်။ ထိုမုန့်သည်ထာဝရဘုရားအားပူဇော် သောပူဇော်သကာထဲမှ သင်နှင့်သင်၏သား တို့ရသောဝေစုဖြစ်သည်။ ဤပညတ်သည် ထာဝရဘုရားကငါ့အားဆင့်ဆိုသော ပညတ်ဖြစ်သည်။-
14 A grudi žrtve prikaznice i pleće žrtve podizanice ti i tvoji sinovi i tvoje kćeri s tobom jedite na bilo kojem čistom mjestu. Jer to je dodijeljeno za pristojbinu tebi i tvojim sinovima od izraelskih žrtava pričesnica.
၁၄သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
15 Pleće žrtve podizanice i grudi žrtve prikaznice što se donose zajedno s lojem, na vatri paljenim - pošto budu prineseni za žrtvu prikaznicu pred Jahvom - neka pripadnu tebi i tvojim sinovima s tobom. To je, kako je Jahve naredio, trajan zakon.”
၁၅သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
16 Potom se Mojsije potanje raspita o jarcu žrtve okajnice. Već je bio spaljen. On se razljuti na Eleazara i Itamara, Aronove preživjele sinove, pa rekne:
၁၆ထို့နောက်မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ် သောဆိတ်အကြောင်းကိုစုံစမ်းမေးမြန်းသော အခါ ထိုယဇ်ကိုမီးရှို့ပူဇော်ပြီးကြောင်းသိ ရ၏။ ထို့ကြောင့်သူသည်ဧလာဇာနှင့်ဣသမာ တို့အားအမျက်ထွက်၍၊-
17 “Zašto ste jeli žrtvu okajnicu na svetome mjestu? Vrlo ja sveta! To vam je dao Jahve da uklanjate krivnju sa zajednice vršeći nad njom obred pomirenja pred Jahvom.
၁၇``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
18 Budući da krv žrtve nije bila unesena unutar Svetišta, morali ste je blagovati u Svetištu, kako mi je bilo zapovjeđeno.”
၁၈ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့မယူခဲ့ ပါတကား။ သင်တို့သည်ငါမိန့်မှာသည့်အတိုင်း ထိုယဇ်ကောင်၏အသားကိုတဲတော်တွင်စား ရမည်'' ဟုဆိုလေ၏။
19 Nato će Aron Mojsiju: “Danas su, eto, prinijeli svoju žrtvu okajnicu i svoju žrtvu paljenicu pred Jahvom! Što bi se meni dogodilo da sam ja danas jeo od žrtve okajnice? Bi li to bilo milo Jahvi?”
၁၉ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-
20 Kad Mojsije to ču, odobri.
၂၀မောရှေသည်အာရုန်၏အဖြေကိုကြားရ လျှင်ကျေနပ်လေ၏။