< Postanak 34 >
1 Dina, kći koju je Lea rodila Jakovu, iziđe da posjeti neke žene onoga kraja.
၁ယာကုပ် ၏မယား၊ လေအာ ဘွားမြင် သောသမီး ဒိန သည်၊ ထိုပြည် ၏ အမျိုးသမီး တို့ကို အကြည့်အရှု သွားရာ တွင်၊
2 Opazi je Hivijac Šekem, sin Hamora, poglavice kraja, pa je pograbi i na silu s njom leže.
၂ထိုပြည် ကို အစိုးရ သောဟိဝိ အမျိုး၊ ဟာမော် မင်း ၏သား ရှေခင် သည် ဒိန ကိုမြင် လျှင် ၊ ယူ သွား၍ အိပ် ဘော်ပြုလျက် ၊ သူ့ အသရေကို ရှုတ်ချ လေ၏။
3 Njegovo srce prione za Dinu, Jakovljevu kćer, i on se u djevojku zaljubi. Nastojao je pridobiti djevojčino srce.
၃နောက်မှသူ့ကိုချစ်သောစိတ် မကုန်၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
4 Šekem je govorio i svom ocu Hamoru: “Onu mi djevojku uzmi za ženu!”
၄ခမည်း တော်ဟာမော် ထံသို့ လည်း ဝင်၍၊ ဤ မိန်းမ ကို အကျွန်ုပ် ကြင်ဘက် ဖြစ်စေခြင်းငှါ ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို ၏။
5 Jakov sazna da je Šekem obeščastio njegovu kćer Dinu. Ali kako su njegovi sinovi bili uz blago na polju, Jakov nije poduzimao ništa dok oni ne dođu.
၅ယာကုပ် သည် မိမိ သမီး ဒိန ကို၊ ရှေခင်မင်းသားရှုတ်ချ ကြောင်း ကို ကြား သိသော် လည်း၊ မိမိ သား တို့သည် တော အရပ်မှာ တိရစ္ဆာန် တို့နှင့်အတူ ရှိ သည်ဖြစ်၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ် စွာနေလေ၏။
6 Uto dođe k Jakovu Šekemov otac Hamor da se s njim sporazumije,
၆ထိုနောက် ၊ ရှေခင် အဘ ဟာမော် မင်းသည် ယာကုပ် နှင့် နှုတ်ဆက် ခြင်းငှါ လာ ၍၊
7 upravo kad su se Jakovljevi sinovi vraćali iz polja. Kad su čuli vijest, ljudi su bili ojađeni i vrlo ljuti. Što je Šekem učinio - legavši s Jakovljevom kćeri - u Izraelu je bila sramota. To se nije smjelo trpjeti.
၇ယာကုပ် ၏သား တို့လည်း သိတင်း ကြားသောအခါ၊ တော အရပ်မှ ပြန်ရောက် ကြ၏။ ထိုမင်းသားသည် ယာကုပ် ၏သမီး နှင့် အိပ် မိ၍၊ ဣသရေလ အမျိုး၌ မိုက် သောအမှု၊ မ ပြု အပ်သော အရာကို ပြု မိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန် အမျက်ထွက် ကြ၏။
8 Hamor im reče. “Moj se sin Šekem svom dušom zaljubio u vašu kćer. Dajte mu je za ženu!
၈ဟာမော် မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့ သား ရှေခင် သည်၊ သင် တို့သမီး ကို အလွန် ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစား ကြပါလော့။
9 Oprijateljite se s nama: dajite nam svoje kćeri, a naše kćeri uzimajte sebi!
၉သင် တို့သည် ငါ တို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင် တို့သမီး ကို ပေးစား ကြလော့။ ငါ တို့သမီး နှင့် လည်း စုံဘက် ကြလော့။
10 Tako možete živjeti među nama; zemlja je pred vama da se naselite, u njoj se slobodno krećete i stječete imovinu!”
၁၀သင်တို့သည် ငါ တို့နှင့်အတူ နေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ၊ နေရာ ချလျက် ၊ ဖေါက် ကားရောင်းဝယ် ခြင်းကို ပြု၍ ၊ အပိုင်ယူ ကြလော့ဟု ဆိုလေ၏။
11 Potom Šekem reče njezinu ocu i njezinoj braći: “Da nađem milost u vašim očima, dat ću vam što zatražite.
၁၁ရှေခင် ကလည်း ၊ သင် တို့စိတ် နှင့်တွေ့ ကြပါစေ။ တောင်း သမျှ ကို ပေး ပါမည်။
12 Tražite od mene koliko hoćete: sve što god zapitate dat ću, samo mi dajte djevojku za ženu.”
၁၂ကန်တော့ ဥစ္စာဖြစ်စေ ၊ လက်ဆောင် ပဏ္ဏာဖြစ်စေ ၊ နည်းများမဆို၊ တောင်း သည့်အတိုင်း ပေး ပါမည်။ ဤမိန်းမ ကိုသာ ငါ့ အား ထိမ်းမြားပေးစား ကြပါဟု၊ မိန်းမ ၏အဘ နှင့် မောင် တို့အား ဆို လေ၏။
13 Jakovljevi sinovi odgovore Šekemu i njegovu ocu Hamoru - govorili su s prijevarom jer je obeščastio njihovu sestru Dinu -
၁၃ယာကုပ် ၏ သား တို့သည်၊ နှမ ဒိန ကို ရှေခင် မင်းသားရှုတ်ချ သောအကြောင်း ကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘ ဟာမော် ကို ပရိယာယ် ဖြင့် ပြန် ပြောသည်မှာ၊
14 te im rekoše: “Ne možemo pristati da svoju sestru damo čovjeku koji nije obrezan, jer bi to za nas bila sramota.
၁၄ကျွန်ုပ်တို့ နှမ ကို အရေဖျား လှီးမင်္ဂလာကို မခံ သော သူ အား မ ပေးစား နိုင် ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ ဘွယ် သောအကြောင်းဖြစ်ပါ၏။
15 Jedino ćemo je dati ako postanete kao i mi, ako obrežete sve svoje muškarce.
၁၅သင် တို့သည် ကျွန်ုပ် တို့ ဘာသာအတိုင်း ပြု ၍ ၊ ယောက်ျား တိုင်း အရေဖျား လှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ်တို့သည် ဝန်ခံ ကြပါမည်။
16 Onda vam možemo davati svoje kćeri i uzimati vaše sebi, s vama se naseliti i biti jedan rod.
၁၆သို့ပြုလျှင် ၊ ကျွန်ုပ် တို့သမီး ကို သင် တို့အား ပေးစား ၍ ၊ သင် တို့၏သမီး နှင့် လည်း စုံဘက် ကြသဖြင့် ၊ သင် တို့နှင့်အတူ နေထိုင် ၍ ၊ တမျိုး တည်းဖြစ် ကြလိမ့်မည်။
17 A ako ne pristajete na obrezanje, uzet ćemo svoju kćer i otići.”
၁၇သို့မဟုတ် ကျွန်ုပ် တို့စကားကို နား မ ထောင်၊ အရေဖျား လှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ် တို့ သမီး ကိုယူ ၍ သွား မည်ဟုဆို ကြ၏။
18 Hamoru i Šekemu, Hamorovu sinu, njihov se zahtjev učini povoljan.
၁၈ထို စကား ကို ဟာမော် မင်းနှင့် သား တော်ရှေခင် သည် နှစ်သက် ၍၊၊
19 Mladić nije časio da zahtjev izvrši, jer je čeznuo za Jakovljevom kćeri; a bio je najuvaženiji od svih u očevu domu.
၁၉ထိုမင်းသား သည်၊ ယာကုပ် ၏သမီး ကို ချစ် အားကြီး သောကြောင့် ၎င်း၊ အဘ ၏ အမျိုးသား ချင်းအပေါင်း တို့ထက် အသရေ ရှိသောကြောင့် ၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
20 Tako Hamor i njegov sin Šekem dođu u svoje gradsko vijeće i obrate se svojim sugrađanima ovako:
၂၀ထိုအခါ ၊ ဟာမော် မင်းနှင့် သား တော် ရှေခင် သည်၊ မိမိ မြို့ တံခါး သို့ သွား ၍ ၊ မြို့ သား တို့နှင့် နှုတ်ဆက်လျက်၊
21 “Ovaj je svijet prijazan; neka se među nama u zemlji nasele; neka se po njoj slobodno kreću; ima dosta prostora u zemlji za njih; možemo uzimati njihove kćeri sebi za žene, a njima davati svoje.
၂၁အချင်းတို့၊ ဤ သူ တို့သည် ငါ တို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကား ရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည် သည် သူ တို့နေသာအောင် ကျယ် ပေ၏။ သူ တို့သမီး များနှင့် အိမ်ထောင် ဘက် ပြု ကြ စို့။ ငါ တို့သမီး များကိုလည်း သူ တို့အား ထိမ်းမြား ပေးစားကြစို့။
22 No ljudi će pristati da među nama žive i s nama budu jedan rod samo ako se svi naši muškarci obrežu kao što su oni obrezani.
၂၂သို့ရာတွင်သူ တို့သည် အရေဖျား လှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါ တို့တွင် ယောက်ျား တိုင်း အရေဖျား လှီး မင်္ဂလာကို ခံမှ သာ၊ ထိုလူ တို့သည် ငါ တို့တွင် နေ ၍ တမျိုး တည်း ဖြစ်စေ ခြင်းငှါ ဝန်ခံ ကြလိမ့်မည်။
23 Zar tako ne bi stoka koju su stekli, sve njihovo blago - bilo naše? Pristanimo, pa neka se među nama nasele!”
၂၃သူ တို့၏သိုး နွားမှစ၍ တိရစ္ဆာန် များ၊ ဥစ္စာ များတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူ တို့သည် ငါ တို့တွင် နေ ကြလိမ့်မည်ဟု၊
24 Svi odrasli muškarci koji imaju pravo izaći na gradska vrata poslušaše Hamora i njegova sina Šekema, pa bude obrezan svaki muškarac - svaki koji ima pravo izaći na gradska vrata.
၂၄ဟာမော် မင်းနှင့် သား တော်ရှေခင် ပြောသော စကားကို၊ မြို့ တံခါး မှ ထွက် သောသူအပေါင်း တို့သည် နားထောင် ၍ ယောက်ျား ရှိသမျှ တို့သည် အရေဖျား လှီး မင်္ဂလာကိုခံကြ၏။
25 A trećega dana, dok su oni još bili u bolovima, dva Jakovljeva sina, Šimun i Levi, Dinina braća, pograbe svaki svoj mač i nesmetano dođu u grad te poubijaju sve muškarce.
၂၅ထိုသို့ခံ ၍ သုံး ရက်မြောက်သောနေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ် သား ၊ ဒိန ၏မောင် ရှိမောင် နှင့် လေဝိ ညီနောင်နှစ် ယောက်တို့သည်၊ ထား လက်နက်တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိ မရှိသော ထိုမြို့ ကို တိုက် ၍ ၊ ယောက်ျား အပေါင်း တို့ကိုသတ် လေ၏။
26 Sasijeku mačem Hamora i njegova sina Šekema, uzmu Dinu iz Šekemove kuće i odu.
၂၆ဟာမော် မင်းနှင့် သား တော်ရှေခင် ကိုလည်း ထား လက်နက် ဖြင့် သတ် ပြီးလျှင်၊ ဒိန ကို ရှေခင် အိမ် မှ နှုတ် ယူ၍ ပြန် သွားကြ၏။
27 Ostali Jakovljevi sinovi dođu na ubijene i opustoše grad što je njihova sestra bila obeščašćena.
၂၇မိမိ တို့နှမ ရှုတ်ချ ခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ် သား တို့သည် အသေ သတ်ပြီးသောသူတို့ ဆီသို့ သွား ပြန်၍၊ မြို့ ကိုလုယက် ဖျက်ဆီးသဖြင့်၊
28 Što je bilo krupne i sitne stoke i magaradi, u gradu i u polju, otjeraju;
၂၈သူ တို့ သိုး ၊ ဆိတ်၊ နွား ၊ မြည်း မှစ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှ သော ဥစ္စာကို၎င်း၊
29 opljačkaju sva njihova dobra, a svu im djecu i žene - sve što je bilo po kućama - odvedu u roblje.
၂၉သူ တို့သားမယား သူငယ် အပေါင်း ကို၎င်းသိမ်းယူ ၍ ၊ အိမ် တို့၌ ရှိသမျှ ကိုလည်း လုယက် ဖျက်ဆီးကြ၏။
30 Jakov reče Šimunu i Leviju: “Uveli ste me u nepriliku omrazivši me stanovnicima zemlje, Kanaancima i Perižanima. Ako se ujedine protiv mene i napadnu me, dok je nas ovako malo na broj, istrijebit će me s mojim domom.”
၃၀ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
31 Oni odgovore: “Zar da prema našoj sestri postupaju kao prema kakvoj bludnici?”
၃၁သူတို့က၊ ငါ တို့နှမ ကို ပြည်တန်ဆာ ကဲ့သို့ မှတ်၍ ပြု ရမည်လောဟု ပြန် ဆိုလေ၏။