< Postanak 25 >

1 Abraham je sebi uzeo još jednu ženu; zvala se Ketura.
အာ​ဗြ​ဟံ​သည်​ကေ​တု​ရ​နာ​မည်​ရှိ​သော မိန်း​မ​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၏။-
2 Ona mu je rodila Zimrana, Jokšana, Medana, Midjana, Jišbaka i Šuaha.
ထို​မိန်း​မ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဗက်၊ ရှု​အာ​တို့​ကို​ဖွား​မြင်​လေ​သည်။-
3 A od Jokšana rodili se Šeba i Dedan. Dedanovi su potomci: Ašurci, Letušci i Leumci.
ယုတ်​ရှန်​၏​သား​များ​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​တို့ ဖြစ်​ကြ​သည်။ ဒေ​ဒန်​၏​အ​ဆက်​အ​နွယ်​များ​မှာ အာ​ရှု​ရိမ်​အ​မျိုး​သား၊ လေ​တု​ရှိမ်​အ​မျိုး​သား၊ လုမ်​မိမ်​အ​မျိုး​သား​တို့​ဖြစ်​ကြ​သည်။-
4 Sinovi su Midjanovi: Efa, Efer, Hanok, Abida i Eldaa. Sve su to potomci Keturini.
မိ​ဒျန်​၏​သား​များ​မှာ​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ​နှင့်​ဧ​လ​ဒါ​တို့​ဖြစ်​ကြ​သည်။ ထို​သူ အား​လုံး​တို့​သည်​ကား​ကေ​တု​ရ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​ကြ​သ​တည်း။
5 Abraham prenese sav svoj imutak na Izaka;
အာ​ဗြ​ဟံ​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​အ​မွေ​ပေး​၏။-
6 a sinovima od svojih suložnica dade Abraham samo darove i još ih za svoga života razašalje po istoku - daleko od svog sina Izaka - u Istočni kraj.
သို့​ရာ​တွင်​သူ​အ​သက်​ရှင်​စဉ်​အ​ခြား​သော​မ​ယား တို့​နှင့်​ရ​သော​သား​တို့​အား​လည်း လက်​ဆောင်​များ ကို​ပေး​၍​ဣ​ဇာက်​နှင့်​ဝေး​ရာ​အ​ရှေ့​ပြည်​သို့​ပြောင်း ရွှေ့​နေ​ထိုင်​စေ​သည်။
7 Ovo je duljina Abrahamova života što ga je proživio: stotinu sedamdeset i pet godina.
အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ့​ခု​နစ်​ဆယ်​ငါး နှစ်​ရှိ​သော်​အို​မင်း​လျက်၊ နေ့​ရက်​ကာ​လ​များ​စွာ ပြည့်​စုံ​ခြင်း​နှင့်​တ​ကွ၊ နောက်​ဆုံး​ထွက်​သက်​ကို ရှူ​၍​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​လေ​၏။-
8 Zatim Abraham preminu, umrije u sretnoj dobi - star i pun godina - te bi pridružen svojim precima.
9 Njegovi sinovi, Izak i Jišmael, sahrane ga u spilji Makpeli, na poljani Efrona, sina Hetita Sohara, nasuprot Mamri:
သား​များ​ဖြစ်​ကြ​သော​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ တို့​သည် မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ​ဟိတ္တိ​အ​မျိုး​သား ဇော​ရ​၏​သား​ဧ​ဖ​ရုန်​ပိုင်​ခဲ့​သော​မြေ​ကွက်​တွင် မပ္ပေလ​ဂူ​၌​ဖ​ခင်​ကို​သင်္ဂြိုဟ်​ကြ​၏။-
10 to je poljana što ju je Abraham kupio od Hetovih sinova. Ondje je sahranjen Abraham i njegova žena Sara.
၁၀မြေ​ကွက်​မှာ​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​မှ​အာ​ဗြ​ဟံ ဝယ်​ယူ​ခဲ့​သော​မြေ​ကွက်​ဖြစ်​၏။ စာ​ရာ​ကို​သင်္ဂြိုဟ် ရာ​သင်္ချိုင်း​တွင်​အာ​ဗြ​ဟံ​ကို​သင်္ဂြိုဟ်​ကြ​၏။-
11 Poslije Abrahamove smrti Bog je blagoslivljao njegova sina Izaka. Izak je živio blizu Beer Lahaj Roja.
၁၁အာ​ဗြ​ဟံ​ကွယ်​လွန်​ပြီး​နောက်``ငါ့​ကို​မြင် တော်​မူ​သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ၏​ရေ​တွင်း'' အ​နီး​၌​နေ​ထိုင်​သော​ဣ​ဇာက်​ကို ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​၏။
12 Ovo je povijest Abrahamova sina Jišmaela, koga je Abrahamu rodila Sarina sluškinja, Egipćanka Hagara.
၁၂အာ​ဗြ​ဟံ​နှင့်​စာ​ရာ​၏​ကျွန်​မ​အီ​ဂျစ်​အ​မျိုး သ​မီး​ဟာ​ဂ​ရ​တို့​ရ​သော​သား​ဣ​ရှ​မေ​လ​၏ သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
13 A ovo su sinovi Jišmaelovi, svaki po svom imenu i po svom rođenju: Jišmaelov prvenac Nebajot, Kedar, Adbeel, Mibsam,
၁၃ဣ​ရှ​မေ​လ​၏​ကြီး​စဉ်​ငယ်​လိုက်​သား​များ​၏ နာ​မည်​များ​မှာ​သား​ဦး​န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊-
14 Mišma, Duma, Masa,
၁၄မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊-
15 Hadad, Tema, Jetur, Nafiš i Kedma.
၁၅ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ​နှင့်​ကေ​ဒ​မာ တို့​ဖြစ်​ကြ​သည်။-
16 To su Jišmaelovi sinovi i to su njihova imena prema njihovim naseljima i taborištima: dvanaest poglavica od isto toliko plemena.
၁၆ဣ​ရှ​မေ​လ​၏​သား​တို့​သည်​အ​နွယ်​တစ်​ဆယ့် နှစ်​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၍ သူ​တို့​နေ ထိုင်​ရာ​ကျေး​ရွာ​နှင့်​စ​ခန်း​ချ​ရာ​အ​ရပ်​များ ကို​သူ​တို့​၏​နာ​မည်​များ​ဖြင့်​ခေါ်​တွင်​ကြ​လေ သည်။-
17 A ovo je duljina Jišmaelova života: stotinu trideset i sedam godina. Zatim izdahnu; umrije i bi pridružen svojim precima.
၁၇ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ရာ့​သုံး​ဆယ့်​ခု​နစ် နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-
18 Potomstvo mu se naselilo od Havile do Šura, koji je na istok Egiptu idući prema Ašuru. Nastaniše se nasuprot svojoj braći.
၁၈ဣ​ရှ​မေ​လ​၏​အ​ဆက်​အ​နွယ်​တို့​သည်​အီ​ဂျစ် ပြည်​အ​ရှေ့​ဘက်​အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း တွင် ဟ​ဝိ​လ​မြို့​နှင့်​ရှု​ရ​မြို့​အ​ကြား​ရှိ​ဒေ​သ တွင်​နေ​ထိုင်​ကြ​သည်။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏ အ​ခြား​သော​အ​ဆက်​အ​နွယ်​တို့​နှင့်​တ​သီး တ​ခြား​နေ​ထိုင်​ကြ​လေ​သည်။
19 Ovo je povijest Abrahamova sina Izaka: Izak se rodio od Abrahama.
၁၉အာ​ဗြ​ဟံ​သား​ဣ​ဇာက်​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ ပေ​အံ့။-
20 Izaku je bilo četrdeset godina kad se oženio Rebekom, kćerkom Aramejca Betuela iz Padan Arama, a sestrom Aramejca Labana.
၂၀ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-
21 Izak se obrati Jahvi za svoju ženu jer je bila nerotkinja. Jahve ga usliša te njegova žena Rebeka zače.
၂၁ရေ​ဗက္က​တွင်​သား​သ​မီး​မ​ထွန်း​ကား​သ​ဖြင့် ဣ​ဇာက် သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​၌​သား​သ​မီး​ဆု​ကို တောင်း​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏ ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၍​ရေ​ဗက္က ၌​ပဋိ​သန္ဓေ​စွဲ​လေ​၏။-
22 No djeca se u njezinoj utrobi tako sudarala te ona uzviknu: “Ako je tako, zašto ću živjeti!” Ode, dakle, da se posavjetuje s Jahvom.
၂၂သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။
23 I Jahve joj reče: “Dva su svijeta u utrobi tvojoj; dva će se naroda iz tvog krila odijeliti. Narod će nad narodom gospodovati, stariji će služiti mlađemu.”
၂၃ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
24 Došlo vrijeme da rodi, kad gle - blizanci u njezinoj utrobi.
၂၄ရေ​ဗက္က​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ သား အ​မြွှာ​ကို​ဖွား​မြင်​လေ​သည်။-
25 Pojavi se prvi. Bio je crven; sav runjav kao ogrtač. Stoga mu nadjenuše ime Ezav.
၂၅အ​ဦး​ဖွား​သော​သား​သည်​အ​ဆင်း​နီ​၍​အ​မွေး ထူ​သ​ဖြင့်​ဧ​သော​ဟု​နာ​မည်​မှည့်​လေ​သည်။-
26 Potom se pojavi njegov brat. Rukom se držao Ezavu za petu. Zato mu nadjenuše ime Jakov. Izaku je bilo šezdeset godina kad su oni rođeni.
၂၆ဒု​တိ​ယ​သား​သည်​ဧ​သော​၏​ဖ​နောင့်​ကို​ဆုပ် ကိုင်​လျက်​မွေး​ဖွား​လာ​သ​ဖြင့် ယာ​ကုပ်​ဟု​နာ မည်​မှည့်​လေ​သည်။ ထို​သား​များ​မွေး​ဖွား​သော အ​ခါ​ဣ​ဇာက်​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​ပြီ ဖြစ်​၏။
27 Kad su dječaci odrasli, Ezav postane vješt lovac, čovjek pustare. Jakov je bio čovjek krotak i boravio je u šatorima.
၂၇သူ​ငယ်​တို့​သည်​လည်း​ကြီး​ပြင်း​လာ​ကြ​၏။ ဧ​သော​သည်​တော​၌​ကျက်​စား​သော​မု​ဆိုး ကောင်း​ဖြစ်​လာ​၏။ ယာ​ကုပ်​မူ​ကား​အိမ်​တွင် အေး​ချမ်း​စွာ​နေ​သော​သူ​ဖြစ်​၏။-
28 Izaku je Ezav bio draži jer je volio divljač, a Rebeka je više voljela Jakova.
၂၈ဣ​ဇာက်​သည်​ဧ​သော​အ​မဲ​လိုက်​၍​ရ​သော အ​မဲ​ကို​နှစ်​သက်​သ​ဖြင့် ဧ​သော​ကို​ချစ်​၏။ သို့​ရာ​တွင်​ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ချစ်​၏။
29 Jednom Jakov kuhaše jelo. Ezav stigne s polja, gladan.
၂၉တစ်​နေ့​သ​၌​ယာ​ကုပ်​သည်​ပဲ​ဟင်း​ကို​ချက်​နေ စဉ် ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ​ပြန်​ရောက် လာ​၏။ သူ​သည်​ဆာ​လောင်​သ​ဖြင့်၊-
30 Reče Ezav Jakovu: “Daj mi toga crvenog variva da pojedem jer sam izgladnio.” Stoga mu je ime Edom.
၃၀ယာ​ကုပ်​အား``ငါ​အ​လွန်​ဆာ​လောင်​၏။ ထို​ပဲ ဟင်း​အ​နီ​ကို​ငါ​စား​ပါ​ရ​စေ'' ဟု​တောင်း လေ​သည်။ (ထို့​ကြောင့်​သူ့​အား​ဧ​ဒုံ​နာ​မည် ဖြင့်​ခေါ်​တွင်​ကြ​၏။)
31 A Jakov odgovori: “Ustupi mi prije svoje prvorodstvo!”
၃၁ထို​အ​ခါ​ယာ​ကုပ်​က``သား​ဦး​အ​ရာ​ကို ပေး​လျှင်​ဟင်း​ကို​ပေး​မည်'' ဟု​ဆို​လေ​သည်။
32 Ezav reče: “Evo me skoro na smrti; što će mi prvorodstvo!”
၃၂ဧ​သော​က``ငါ​သည်​သေ​လု​အောင်​ဆာ​နေ​ပြီ။ သား​ဦး​အ​ရာ​သည်​ငါ့​အ​ဖို့​မည်​ကဲ့​သို့ အ​ကျိုး​ထူး​ရှိ​နိုင်​မည်​နည်း။ သား​ဦး​အ​ရာ ကို​ယူ​လော့'' ဟု​ပြန်​ဖြေ​၏။
33 Jakov nastavi: “Prije mi se zakuni!” On mu se zakune, i tako proda Jakovu svoje prvorodstvo.
၃၃ယာ​ကုပ်​က``သင်​၏​သား​ဦး​အ​ရာ​ကို​ပေး​မည် ဟု​ဦး​စွာ​ကတိ​သစ္စာ​ဆို​ပါ'' ဟု​ပြော​သည်။ ဧ​သော​သည်​က​တိ​သစ္စာ​ဆို​၍​သား​ဦး အ​ရာ​ကို​ယာ​ကုပ်​အား​ပေး​လိုက်​၏။-
34 Tada Jakov dade Ezavu kruha i čorbe od sočivice. Jeo je i pio, onda se digao i otišao. Tako Ezav pogazi svoje prvorodstvo.
၃၄ထို​အ​ခါ​ယာ​ကုပ်​က​မုန့်​နှင့်​ပဲဟင်း​ကို​သူ့​အား ပေး​၍​သူ​သည်​စား​သောက်​ပြီး​လျှင်​ထွက်​သွား လေ​၏။ ထို​သို့​လျှင်​ဧ​သော​သည်​မိ​မိ​၏​သားဦး အ​ရာ​ကို​မ​ထီ​လေး​စား​ပြု​သ​တည်း။

< Postanak 25 >