< Izlazak 17 >
1 Sva izraelska zajednica po Jahvinoj zapovijedi krene dalje iz pustinje Sina. Utabore se kod Refidima. Tu nije bilo vode da narod pije.
၁ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ သိန် တော ထဲက ထွက်၍ ခရီး သွား သဖြင့် ၊ ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။ ထိုအရပ်၌ လူ များသောက် ဘို့ ရာရေ မ ရှိ။
2 Zato narod zapodjene prepirku s Mojsijem. Vikali su: “Daj nam vode da pijemo!” A Mojsije im odgovori: “Zašto se sa mnom prepirete? Zašto kušate Jahvu?”
၂ထိုကြောင့် လူ များတို့က၊ သောက် ဘို့ရေ ပေး ပါဟု ဆို ၍ မောရှေ ကို ရန်တွေ့ ကြ၏။ မောရှေ ကလည်း ၊ ငါ့ ကို အဘယ်ကြောင့် ရန်တွေ့ ကြသနည်း။ ထာဝရဘုရား ကို အဘယ်ကြောင့် စုံစမ်း ကြသနည်းဟု ဆို လေ၏။
3 Ali je narod žeđao za vodom, pa je mrmljao na Mojsija i govorio: “Zašto si nas iz Egipta izveo? Zar da nas žeđom pomoriš, nas, našu djecu i našu stoku?”
၃လူ များတို့သည် ရေ ငတ် ၍ မောရှေ ကို အပြစ်တင်မြည်တမ်း လျက်၊ ငါ တို့မှစ၍ သားသမီး တိရစ္ဆာန် တို့ကို အငတ် ထား၍ သတ် ခြင်းအလိုငှာ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်းဟု ဆို ကြ၏။
4 “Što ću s ovim narodom!” - zazivao je Mojsije Jahvu. “Još malo pa će me kamenovati.”
၄ထိုအခါ မောရှေ သည်ထာဝရဘုရား အား အော်ဟစ် ၍၊ ဤ လူ တို့အား အကျွန်ုပ်သည်အဘယ်သို့ ပြု ရပါမည်နည်း။ အကျွန်ုပ် ကိုခဲနှင့်ပစ် လု ကြပါပြီဟု လျှောက် လေ၏။
5 “Istupi pred narod!” - rekne Jahve Mojsiju. “Uzmi sa sobom nekoliko izraelskih starješina; uzmi u ruku štap kojim si udario Rijeku i pođi.
၅ထာဝရဘုရား ကလည်း ၊ လူ များရှေ့ သို့သွား ၍ ဣသရေလ အမျိုးအသက် ကြီးသူတို့ကိုခေါ် လော့။ မြစ် ကိုရိုက် သော သင် ၏လှံတံ ကိုကိုင် လျက် ၊ ဟောရပ်အရပ်သို့သွား လော့။
6 A ja ću stajati pred tobom ondje, na pećini na Horebu. Udari po pećini: iz nje će poteći voda, pa neka se narod napije.” Mojsije učini tako naočigled izraelskih starješina.
၆ထို အရပ်၌ ရှိသောကျောက် ပေါ် တွင် သင့် ရှေ့ မှာငါ ရပ် နေမည်။ သင်သည် ထိုကျောက် ကိုရိုက် ရမည်။ လူများသောက် ဘို့ ထို ကျောက်ထဲက ရေ ထွက် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ဣသရေလ အမျိုးအသက်ကြီး သူတို့ရှေ့ မှာ ထို သို့ပြု လေ၏။
7 Mjesto prozovu Masa i Meriba, zbog toga što su se Izraelci prepirali i kušali Jahvu govoreći: “Je li Jahve među nama ili nije?”
၇ဣသရေလ အမျိုးသား တို့က၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိ သလော မရှိ လောဟု ထာဝရဘုရား ကို စုံစမ်း ၍ ရန်တွေ့ သောအကြောင်းကြောင့် ၊ ထိုအရပ် ကို မဿာ နှင့် မေရိဘ ဟု သမုတ် သတည်း။
8 Uto dođu Amalečani i zarate s Izraelcima kod Refidima.
၈ထိုအခါ အာမလက် လူတို့သည် လာ ၍ ၊ ရေဖိဒိမ် အရပ်၌ ဣသရေလ လူတို့ကို စစ်တိုက် ကြ၏။
9 A Mojsije reče Jošui: “Odaberi momčad pa pođi i zapodjeni borbu s Amalečanima. Ja ću sutra stati na vrh brda, sa štapom Božjim u ruci.”
၉မောရှေ ကလည်း ၊ လူ တို့ကိုရွေး ၍ အာမလက် လူတို့ကို စစ် တိုက်ခြင်းငှာ ထွက် လော့။ နက်ဖြန် နေ့၌ ဘုရား သခင်၏လှံတံ ကိုကိုင် လျက်၊ တောင် ထိပ် ပေါ် မှာ ငါ ရပ် နေမည်ဟု ယောရှု အား ဆို ၏။
10 Jošua učini kako mu je Mojsije rekao te zađe u borbu s Amalečanima, a Mojsije, Aron i Hur uzađoše na vrh brda.
၁၀မောရှေ မှာ လိုက်သည်အတိုင်း ယောရှု ပြု ၍ ၊ အာမလက် လူတို့ကို စစ် တိုက်လေ၏။ မောရှေ ၊ အာရုန် ၊ ဟုရ တို့သည် တောင် ထိပ် ပေါ်သို့တက် ကြ၏။
11 I dok bi Mojsije držao ruke uzdignute, Izraelci bi nadjačavali; a kad bi ruke spustio, nadjačavali bi Amalečani.
၁၁မောရှေ သည် လက် ကိုချီ သောအခါ ၊ ဣသရေလ လူတို့သည် နိုင် ကြ၏။ လက် ကိုချ သောအခါ ၊ အာမလက် လူတို့သည် နိုင် ကြ၏။
12 Ali Mojsiju ruke napokon klonu. Zato uzeše kamen, staviše ga poda nj i on sjede, dok mu Aron i Hur, jedan s jedne, a drugi s druge strane, držahu ruke, tako da mu izdržaše do sunčanog zalaska.
၁၂သို့ရာတွင် မောရှေ ၏လက် သည်ညောင်း သောကြောင့် ၊ သူတို့သည် ကျောက် ကိုယူ ၍ မောရှေကိုထိုင် စေပြီးလျှင် ၊ အာရုန် နှင့် ဟုရ တို့သည် တယောက် တဘက်နေ၍ သူ ၏လက် ကိုမ ကြ၏။ သို့ဖြစ်၍ နေ ဝင် သည်တိုင်အောင် သူ ၏လက် တို့သည် အမြဲနေ လေ၏။
13 I Jošua oštricom mača svlada Amaleka i njegov narod.
၁၃ယောရှု သည်လည်း အာမလက် မင်းနှင့် လူ များတို့ကို ထား လက်နက် ဖြင့် လုပ်ကြံ လေ၏။
14 Onda Jahve reče Mojsiju: “Zapiši ovo u knjigu na sjećanje i utuvi u uši Jošui da ću ja spomen na Amalečane sasvim izbrisati pod nebom!”
၁၄ထာဝရဘုရား ကလည်း ၊ ဤ အမှုကိုအောက်မေ့ စရာဘို့စာရေး ထား၍ ယောရှု အား ဘတ်ရွတ် လော့။ အကြောင်း မူကား၊ ကောင်းကင် အောက် ၌ အာမလက် ၏အမှတ် ရှိသမျှကို ငါပယ်ရှင်း မည်ဟု မောရှေ အား မိန့် တော်မူ၏။
15 Podiže zatim Mojsije žrtvenik i nazva ga: Jahve mi je stijeg!
၁၅မောရှေ သည်လည်း ယဇ် ပလ္လင်ကို တည် ၍ ၊ ယေဟောဝါ နိဿိ ဟု သမုတ် လေ၏။
16 “Jer”, reče, “Jahvin stijeg u ruku! Jahvin je boj protiv Amalečana od naraštaja do naraštaja!”
၁၆အကြောင်းမူကား၊ အာမလက်လူမျိုး၏လက် သည် ထာဝရ ဘုရား၏ရာဇပလ္လင် တော်၏ရန်ဘက်ဖြစ်သောကြောင့် ၊ ထာဝရဘုရား သည် ကာလအစဉ်အဆက် အာမလက် အမျိုး ကို စစ် တိုက်တော်မူလိမ့်မည်ဟု ဆို သတည်း။