< Ponovljeni zakon 33 >

1 Ovo je blagoslov kojim Mojsije - čovjek Božji - blagoslovi Izraelce pred svoju smrt.
ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
2 Reče on: “Dođe Jahve sa Sinaja, sa Seira im se pokaza i s gore Parana zasja. Zbog njih dođe od kadeških zborova, sa svoga juga sve do Obronaka.
ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော် မှ ထွက်လေ၏။
3 Ipak ti ljubiš narode, svi sveti njihovi u tvojoj su ruci. Pred tvojim su ležali nogama, išli tobom predvođeni.”
အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
4 (Mojsije nam je odredio zakon.) “Zbor Jakovljev njegovom posta baštinom;
ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
5 i bje kralj u Ješurunu kad se sakupiše glavari narodni, kad se sjediniše plemena Jakovljeva.
ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှု ရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
6 Nek' živi Ruben i nikad nek' ne izumre, nek' živi šačica njegovih!
ရုဗင်အမျိုး မသေ၊ အသက်ရှင်၍ သူ၏လူတို့ သည် များပါစေသော။
7 Evo što reče za Judu: Uslišaj, Jahve, glas Judin i privedi ga k njegovu narodu. Nek mu ruke njegovo brane pravo, pomozi mu protiv dušmana njegovih.
ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကား သံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
8 O Leviju reče: Daj Leviju tvoje Urime i tvoje Tumime čovjeku milosti svoje, koga si u Masi iskušao, s kojim si se preo kod voda meripskih.
လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
9 O ocu svome i majci reče on: Nisam ih vidio! Braće svoje ne poznaje, na svoju se djecu ne osvrće, jer tvoju riječ on je vršio i tvojega se držao Saveza.
ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူ ကား၊ စကားတော်ကို နားထောင်၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ်၏။
10 On uči Jakova tvojim odredbama i Izraela tvojemu Zakonu. On podiže kad k tvojim nosnicama i paljenicu na žrtvenik ti stavlja.
၁၀သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန် သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။
11 O Jahve, snagu mu blagoslovi, milostivo primi djelo ruku njegovih. Slomi bedra njegovih neprijatelja; mrzitelji njegovi nek' više ne ustanu.
၁၁အိုထားဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တ ဘက်၌ ထ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
12 O Benjaminu reče: Jahvin je on ljubimac i u miru svagda počiva. Višnji ga štiti svih njegovih dana, između njegovih prebiva bregova.
၁၂ဗင်္ယာမိန် အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
13 O Josipu reče: Zemlju mu je Jahve blagoslovio; njegovo je najbolje od onog što daje rosa nebeska i što se u bezdanima dolje krije!
၁၃ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊
14 Najbolje od onog što daruje sunce i što mlađak novi nosi,
၁၄နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊
15 prvine s drevnih planina i najbolje s vječnih brežuljaka,
၁၅အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊
16 ponajbolji rod zemlje i svega što je na njoj i milost Onog što prebiva u grmu. Nek' sve to dođe na glavu Josipovu, na tjeme posvećenog između sve braće!
၁၆မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
17 K'o prvenac bika on je veličanstven, rozi su mu rogovi bivolji, njima on nabada narode sve do krajeva zemaljskih. Takva su mnoštva Efrajimova, takve su tisuće Manašeove.
၁၇သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
18 O Zebulunu reče: Bio sretan, Zebulune, u pohodima, i ti, Jisakare, u šatorima svojim!
၁၈ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ တဲ၌နေလျက် ဝမ်းမြောက်လော့။
19 Na brdu gdje dolaze zazivati narodi za uspjeh prinose oni prave žrtve jer sišu obilje mora i blago skriveno u pijesku.
၁၉ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။
20 O Gadu reče: Nek' je blagoslovljen tko Gada raširi! Poput lavice on počiva razderavši mišicu i glavu.
၂၀ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
21 Prvine je tad sebi dodijelio jer vidje da mu je sačuvan dio glavarev. Na čelu svega naroda on je došao, pravdu Jahvinu izvršivši i odluke njegove s Izraelom.
၂၁ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရား မှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
22 O Danu reče: Dan je lavić što skače iz Bašana.
၂၂ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
23 O Naftaliju reče: Naftali, milostima nasićen, Jahvinim ispunjen blagoslovom: more i jug njegovo su vlasništvo.
၂၃နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
24 O Ašeru reče: Blagoslovljen bio Ašer među sinovima! Nek' miljenik bude među braćom svojom, i nek' noge svoje u ulje umače!
၂၄အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သား သမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်း ရှိပါစေသော။
25 Nek' ti zasuni budu od gvožđa i mjedi i nek' ti mir traje koliko i život!
၂၅သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
26 Nitko nije kao Bog Ješurunov: po nebesima u pomoć ti jezdi i po oblacima u svom veličanstvu!
၂၆သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
27 Bog vječni tvoje je utočište, a na zemlji drevna njegova mišica pred tobom goni neprijatelja; on dovikuje: 'Uništi!'
၂၇ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
28 U sigurnosti prebiva Izrael, a Jakovljev je izvor na osami u zemlji žita i vina, gdje nebesa rosom dažde.
၂၈ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
29 Blago tebi, Izraele! Koji narod k'o tebe Jahve spasava? On štit je tvoj što te brani i mač tvoj slavodobitni, dušmani ti se ulaguju, al' ti ćeš im gazit' po leđima.”
၂၉အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အ ဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏ မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့် မည်ဟု မြွက်ဆို၏။

< Ponovljeni zakon 33 >