< Ponovljeni zakon 11 >

1 Ljubi, dakle, Jahvu, Boga svoga, i vrši u sve dane njegove naredbe, njegove zakone, uredbe i zapovijedi.
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။
2 Vi, a ne vaši sinovi, koji nisu ni upoznali ni vidjeli pouke Jahve, Boga vašega, danas ste se osvjedočili o njegovoj veličajnosti, o njegovoj moćnoj ruci, ispruženoj mišici,
သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊
3 o znamenjima njegovima i o djelima što ih učini usred Egipta na faraonu, kralju egipatskom, i na svoj zemlji njegovoj;
ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊
4 što je učinio egipatskoj vojsci, njihovim konjima i kolima; kako ih je preplavio vodama Crvenog mora kad su vas progonili i kako ih je zatro do današnjeg dana;
အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎င်း၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို၎င်း၊
5 što je za vas radio u pustinji dok ne stigoste do ovoga mjesta;
ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊
6 što je učinio s Datanom i Abiramom, sinovima Eliaba, Rubenova potomka, kad zemlja rastvori ralje svoje te ih proguta sred svega Izraela, njih i njihove obitelji, njihove šatore i sve što imahu.
ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။
7 Vaše su oči vidjele sva ta velika djela što ih je Jahve učinio.
ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
8 Zato držite sve zapovijedi što vam ih danas naređujem da budete jaki te uzmete u posjed zemlju u koju idete da je osvojite;
ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း၊
9 napokon, da dugo živite u zemlji za koju se zakleo Jahve ocima vašim da će je dati njima i njihovu potomstvu - zemlju kojom teče med i mlijeko.
ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
10 Jer zemlja u koju ideš da je zaposjedneš nije kao zemlja egipatska iz koje ste izašli, gdje si, posijavši sjeme, morao svoj usjev svojom nogom natapati kao što se natapa povrtnjak.
၁၀သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
11 Zemlja u koju idete da je zaposjednete zemlja je bregova i dolova i natapa je dažd nebeski;
၁၁သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊
12 zemlja nad kojom Jahve, Bog tvoj, bdi; na kojoj oči Jahve, Boga tvoga, uvijek počivaju, od početka do svršetka godine.
၁၂သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
13 Zato, ako doista poslušate zapovijedi koje vam danas izdajem i budete ljubili Jahvu, Boga svoga, i služili mu svim srcem svojim i svom dušom svojom,
၁၃သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
14 davat ću vašoj zemlji kišu u pravo vrijeme: u jesen i u proljeće, i moći ćeš sabirati svoje žito, svoje vino i svoje ulje;
၁၄သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။
15 travu ću davati po tvome polju tvome blagu. Tako ćeš jesti i biti sit.
၁၅သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေ မည်။
16 Pazite da se vaše srce ne zavede, da ne pođete stranputicom, da drugim bogovima ne iskazujete štovanje i da im se ne klanjate.
၁၆သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့။
17 Jer tada bi na vas Jahve usplamtio gnjevom: nebesa bi zatvorio; kiše ne bi bilo; zemlja ne bi davala roda i vas bi brzo nestalo s te dobre zemlje koju vam Jahve daje.
၁၇သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
18 Utisnite ove moje riječi u svoje srce i svoju dušu; kao znak ih privežite na svoju ruku; neka vam budu kao zapis među očima!
၁၈သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။
19 Poučite u njima svoje sinove; izgovarajte ih kad sjedite u svojoj kući i kad idete putem; kad liježete i kad ustajete.
၁၉ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။
20 Ispišite ih na dovratnike svoje kuće i na svoja vrata
၂၀အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။
21 da vaši dani i dani vaših sinova u zemlji za koju se Jahve zakleo vašim ocima da će im je dati - budu brojni kao dani nebesa nad zemljom.
၂၁သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။
22 Ako budete vjerno držali sve ove zapovijedi koje vam naređujem, vršili ih i ljubili Jahvu, Boga svoga, hodili svim njegovim putovima i čvrsto se priljubili uz njega,
၂၂သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ် တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင်၊
23 Jahve će ispred vas protjerati sve te narode i vi ćete s posjeda odagnati narode brojnije i jače od sebe.
၂၃ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည်။
24 Svako mjesto na koje stupi vaša noga bit će vaše; od pustinje i Libanona, od Rijeke, rijeke Eufrata, do Zapadnog mora sterat će se vaše područje.
၂၄သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့် မည်။
25 Nitko se neće održati pred vama; strah i trepet raširit će Jahve, Bog vaš, po svoj zemlji u koju stupite, kako vam je rekao.
၂၅သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း၊ သင်တို့ ၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
26 Gledajte! Nudim vam danas blagoslov i prokletstvo:
၂၆ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။
27 blagoslov, budete li slušali zapovijedi Jahve, Boga svoga, koje vam danas dajem;
၂၇ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား၊ ကောင်းကြီးပေးခြင်း၊
28 a prokletstvo, ne budete li slušali zapovijedi Jahve, Boga svoga, nego sađete s puta koji vam danas određujem te pođete za drugim bogovima kojih niste poznavali.
၂၈သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။
29 Kada te Jahve, Bog tvoj, uvede u zemlju u koju ideš da je zaposjedneš, tada nad gorom Gerizimom izreci blagoslov, a prokletstvo nad gorom Ebalom.
၂၉သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရ ကြမည်။
30 Te se gore izdižu, kako znate, s onu stranu Jordana, za putom prema zapadu, u zemlji Kanaanaca, koji žive u Arabi, nasuprot Gilgalu, uz Hrast More.
၃၀ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။
31 Eto ćete prijeći preko Jordana da zaposjednete zemlju koju vam daje Jahve, Bog vaš. Zaposjednite je i nastanite se u njoj.
၃၁သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည်။
32 Ali držite i vršite sve zakone i uredbe koje vam danas izlažem.
၃၂ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။

< Ponovljeni zakon 11 >