< Djela apostolska 2 >
1 Kad je napokon došao dan Pedesetnice, svi su bili zajedno na istome mjestu.
၁ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။-
2 I eto iznenada šuma s neba, kao kad se digne silan vjetar. Ispuni svu kuću u kojoj su bili.
၂ထိုအခါလေပြင်းမုန်တိုင်းတိုက်ခတ်သံနှင့် တူသောအသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၏။ ထိုနောက်တပည့်တော် တို့နေထိုင်ရာအိမ်သည် ထိုအသံဖြင့်ပြည့် လေ၏။-
3 I pokažu im se kao neki ognjeni razdijeljeni jezici te siđe po jedan na svakoga od njih.
၃သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။-
4 Svi se napuniše Duha Svetoga i počeše govoriti drugim jezicima, kako im već Duh davaše zboriti.
၄ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
5 A u Jeruzalemu su boravili Židovi, ljudi pobožni iz svakog naroda pod nebom.
၅ထိုကာလ၌ကမ္ဘာပေါ်ရှိတိုင်းပြည်အသီးသီး မှ လာရောက်ကြသောဘုရားတရားရိုသေကိုင်း ရှိုင်းသူ ယုဒအမျိုးသားတို့သည်ယေရုရှလင် မြို့တွင်တည်းနေကြ၏။-
6 Pa kad nasta ona huka, strča se mnoštvo i smetÄe jer ih je svatko čuo govoriti svojim jezikom.
၆ထိုအသံကိုကြားသောအခါလူပရိသတ် တို့သည်စုရုံးလာကြ၏။ တပည့်တော်တို့ဟော ပြောချက်များကို လူတိုင်းပင်မိမိဘာသာ စကားဖြင့်ကြားကြရသဖြင့်သူတို့သည် အံ့အားသင့်ကြ၏။-
7 Svi su bili izvan sebe i divili se govoreći: “Gle! Nisu li svi ovi što govore Galilejci?
၇အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။-
8 Pa kako to da ih svatko od nas čuje na svojem materinskom jeziku?
၈ဟုတ်သည်ဆိုပါမူငါတို့အားလုံးသည် မိမိ တို့တိုင်းရင်းသားဘာသာစကားအတိုင်း အသီး သီးကြားကြရသည်ကားအသို့နည်း။-
9 Parti, Međani, Elamljani, žitelji Mezopotamije, Judeje i Kapadocije, Ponta i Azije,
၉ငါတို့သည်ပါသိပြည်၊ မေဒိပြည်၊ ဧလံ ပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
10 Frigije i Pamfilije, Egipta i krajeva libijskih oko Cirene, pridošlice Rimljani,
၁၀ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
11 Židovi i sljedbenici, Krećani i Arapi - svi ih mi čujemo gdje našim jezicima razglašuju veličanstvena djela Božja.”
၁၁ယုဒအမျိုးသားများနှင့်ယုဒဘာသာသို့ ကူးပြောင်းလာကြသူများဖြစ်ကြ၏။ အချို့ သောငါတို့သည်ကရေတေပြည်သားနှင့်အာရပ် အမျိုးသားများဖြစ်ကြ၏။ သို့ရာတွင်ငါတို့ သည်ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ် အမှုတော်များကို ငါတို့ဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရကြပါသည် တကား'' ဟုဆိုကြ၏။-
12 Svi su izvan sebe zbunjeno jedan drugog pitali: “Što bi to moglo biti?”
၁၂သူတို့သည်လွန်စွာအံ့သြတွေဝေလျက် ``ဤ အမှုအရာကားအဘယ်သို့သောအမှုအရာ ဖြစ်သနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
13 Drugi su pak, podrugujući se, govorili: “Slatkog su se vina ponapili!”
၁၃အခြားသောသူတို့မူ ``ဤသူတို့သည်သေ သောက်မူးယစ်နေသူများဖြစ်ကြ၏'' ဟု ကဲ့ရဲ့ပြောဆိုကြ၏။
14 A Petar zajedno s jedanaestoricom ustade, podiže glas i prozbori: “Židovi i svi što boravite u Jeruzalemu, ovo znajte i riječi mi poslušajte:
၁၄ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။-
15 Nisu ovi pijani, kako vi mislite - ta istom je treća ura dana -
၁၅ဤသူတို့သည်သင်တို့ထင်မှတ်သည်အတိုင်း မူးယစ်နေသူများမဟုတ်။ ယခုနံနက်ကိုး နာရီမျှသာရှိသေး၏။-
16 nego to je ono što je rečeno po proroku Joelu:
၁၆ဤအမှုအရာကားပရောဖက်ယောလ ဟောကြားခဲ့သည့်အမှုအရာပင်ဖြစ်၏။ ထို ပရောဖက်က၊
17 “U posljednje dane, govori Bog: Izlit ću Duha svoga na svako tijelo i proricat će vaši sinovi i kćeri, vaši će mladići gledati viđenja, a starci vaši sne sanjati.
၁၇`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
18 Čak ću i na sluge i sluškinje svoje izliti Duha svojeg u dane one i proricat će.
၁၈ထိုနေ့ရက်ကာလ၌ငါ၏အစေခံသူယောကျာ်း၊ မိန်းမများအပေါ်သို့ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သူတို့သည်ငါ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
19 Pokazat ću čudesa na nebu gore i znamenja na zemlji dolje, krv i oganj i stupove dima.
၁၉အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။
20 Sunce će se prometnut u tminu, a mjesec u krv prije nego svane Dan Gospodnji velik i slavan.
၂၀ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
21 I tko god prizove ime Gospodnje bit će spašen.”
၂၁ထိုအခါထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ဆုတောင်းပတ္ထနာပြုကြသူအပေါင်းတို့သည် ကယ်တင်တော်မူခြင်းကိုခံရကြလိမ့်မည်' ဟူ၍ဟောပြောခဲ့သတည်း။
22 “Izraelci, čujte ove riječi: Isusa Nazarećanina, čovjeka kojega Bog pred vama potvrdi silnim djelima, čudesima i znamenjima koja, kao što znate, po njemu učini među vama -
၂၂``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
23 njega, predana po odlučenu naumu i promislu Božjem, po rukama bezakonika razapeste i pogubiste.
၂၃ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
24 Ali Bog ga uskrisi oslobodivši ga grozote smrti jer ne bijaše moguće da ona njime ovlada.
၂၄သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
25 David doista za nj kaže: Gospodin mi je svagda pred očima jer mi je zdesna da ne posrnem.
၂၅ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
26 Stog mi se raduje srce i kliče jezik, pa i tijelo mi spokojno počiva.
၂၆သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။
27 Jer mi nećeš ostaviti dušu u Podzemlju ni dati da pravednik tvoj truleži ugleda. (Hadēs )
၂၇အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။ (Hadēs )
28 Pokazat ćeš mi stazu života, ispuniti me radošću lica svoga.
၂၈အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့် ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။
29 Braćo, dopustite da vam otvoreno kažem: praotac je David umro, pokopan je i eno mu među nama groba sve do današnjeg dana.
၂၉``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။-
30 Ali kako je bio prorok i znao da mu se zakletvom zakle Bog plod utrobe njegove posaditi na prijestolje njegovo,
၃၀သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။-
31 unaprijed je vidio i navijestio uskrsnuće Kristovo: Nije ostavljen u Podzemlju niti mu tijelo truleži ugleda. (Hadēs )
၃၁နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။- (Hadēs )
32 Toga Isusa uskrisi Bog! Svi smo mi tomu svjedoci.
၃၂ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
33 Desnicom dakle Božjom uzvišen, primio je od Oca Obećanje, Duha Svetoga, i izlio ga kako i sami gledate i slušate.
၃၃ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။-
34 Ta David nije bio uznesen na nebesa, a veli: Reče Gospodin Gospodinu mojemu: 'Sjedi mi zdesna'
၃၄ဒါဝိဒ်မင်းသည်ကောင်းကင်ဘုံသို့တက်ကြွ သည်မဟုတ်။ သို့ရာတွင်ဒါဝိဒ်မင်းက၊ `ငါ၏လက်ယာဘက်၌ထိုင်နေလော့။ သင်၏ရန်သူများကိုသင်၏ခြေတင်ခုံဖြစ် စေမည်ဟု ထာဝရဘုရားကငါ၏အရှင်အားမိန့်တော် မူ၏' ဟူ၍ဖော်ပြခဲ့၏။-
35 dok ne položim neprijatelje tvoje za podnožje nogama tvojim!
၃၅
36 Pouzdano dakle neka znade sav dom Izraelov da je toga Isusa kojega vi razapeste Bog učinio i Gospodinom i Kristom.”
၃၆သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
37 Kad su to čuli, duboko potreseni rekoše Petru i drugim apostolima: “Što nam je činiti, braćo?”
၃၇ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
38 Petar će im: “Obratite se i svatko od vas neka se krsti u ime Isusa Krista da vam se oproste grijesi i primit ćete dar, Duha Svetoga.
၃၈ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
39 Ta za vas je ovo obećanje i za djecu vašu i za sve one izdaleka, koje pozove Gospodin Bog naš.”
၃၉ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
40 I mnogim je drugim riječima još svjedočio i hrabrio ih: “Spasite se od naraštaja ovog opakog!”
၄၀ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။-
41 I oni prigrliše riječ njegovu i krstiše se te im se u onaj dan pridruži oko tri tisuće duša.
၄၁လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
42 Bijahu postojani u nauku apostolskom, u zajedništvu, lomljenju kruha i molitvama.
၄၂ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။
43 Strahopoštovanje obuzimaše svaku dušu: apostoli su činili mnoga čudesa i znamenja.
၄၃တမန်တော်တို့သည်များစွာသောအံ့သြဖွယ် ရာများနှင့်နိမိတ်လက္ခဏာများကိုပြကြ သဖြင့် လူအပေါင်းတို့သည်အံ့သြကြောက် လန့်ကြကုန်၏။-
44 Svi koji prigrliše vjeru bijahu združeni i sve im bijaše zajedničko.
၄၄ခရစ်တော်ကိုယုံကြည်သူအပေါင်းတို့သည် တစ် စုတစ်ဝေးတည်းနေထိုင်၍ မိမိတို့ဥစ္စာပစ္စည်း များကိုဝေမျှသုံးဆောင်ကြလေသည်။-
45 Sva bi imanja i dobra prodali porazdijelili svima kako bi tko trebao.
၄၅သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။-
46 Svaki bi dan jednodušno i postojano hrlili u Hram, u kućama bi lomili kruh te u radosti i prostodušnosti srca zajednički uzimali hranu
၄၆သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။-
47 hvaleći Boga i uživajući naklonost svega naroda. Gospodin je pak danomice zajednici pridruživao spasenike.
၄၇သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။