< 2 Ljetopisa 29 >

1 Ezekiji je bilo dvadeset i pet godina kad se zakraljio. Kraljevao je dvadeset i devet godina u Jeruzalemu. Materi mu je bilo ime Abija, kći Zaharijina.
ဟေ​ဇ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏​သ​မီး အာ​ဘိ​ဖြစ်​၏။-
2 Činio je što je pravo u očima Jahvinim, sasvim kao i njegov otac David.
သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။
3 Prve godine prvoga mjeseca svojega kraljevanja otvorio je vrata Doma Jahvina i popravio ih.
ဟေ​ဇ​ကိ​သည်​မိ​မိ​နန်း​တက်​သည့်​နှစ် ပ​ထ​မ​လ​၌ ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပြန်​လည်​ဖွင့်​လှစ်​၍​ပြု​ပြင်​စေ​တော်​မူ​၏။-
4 Onda je pozvao svećenike i levite i, sabravši ih na istočni trg,
သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​တို့​အား ဗိ​မာန်​တော်​အ​ရှေ့​တံ​တိုင်း​အ​တွင်း တွင်​စု​ဝေး​စေ​ပြီး​လျှင်၊-
5 rekao: “Čujte me, leviti! Sada se posvetite i posvetite Dom Jahve, Boga svojih otaca, i uklonite nečist iz Svetinje.
မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​သည်။ မင်း​ကြီး က``အ​ချင်း​လေ​ဝိ​အ​နွယ်​ဝင်​တို့၊ သင်​တို့ သည်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ပူ​ဇော်​လျက် သင်​တို့​ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​သန့်​စင်​မှု ကို​ဆောင်​ရွက်​ကြ​လော့။ ဗိ​မာန်​တော်​ကို​ညစ် ညမ်း​စေ​သည့်​အ​ရာ​ဟူ​သ​မျှ​ကို​ဖယ်​ရှား ကြ​လော့။-
6 Naši su se oci iznevjerili i radili što je zlo u očima Jahve, našega Boga. Ostavili su ga i odvratili lice od Jahvina Prebivališta, okrenuvši mu leđa.
ငါ​တို့​ဘိုး​ဘေး​များ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​ဖောက်​၍ ကိုယ်​တော်​မ​နှစ်​သက်​သည့်​အ​မှု​တို့​ကို​ပြု ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​စွန့်​၍ စံ​တော်​မူ​ရာ​ဌာ​န​ကို​ကျော​ခိုင်း​ကြ​၏။-
7 Zatvorili su trijemska vrata i potrnuli svjetiljke; nisu kadili kadom niti su prinosili paljenice u Svetištu Izraelova Boga.
သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပိတ်​ထား​ပြီး​လျှင် မီး​ခွက်​များ​တွင်​မီး​ငြိမ်း စေ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​မှု​မ​ပြု​ကြ။ မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​လည်း​မ​ဆက်​သ​ကြ။-
8 Zato se Jahve rasrdio na Judejce i na Jeruzalem te je dopustio da budu zlostavljeni i da budu na užas i ruglo, kako vidite svojim očima.
သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​ပြည် နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​ကို​အ​မျက်​ထွက်​၍ ပြု​တော်​မူ​သော​အ​မှု​တို့​ကို မြင်​ရ​ကြ​သူ အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​ကောင်း စွာ​သိ​ကြ​၏။-
9 I očevi su nam, eto, pali od mača, a sinovi, kćeri i žene zato su nam u ropstvu.
ငါ​တို့​၏​ဖ​ခင်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​ကြ​၍ ငါ​တို့​သား​မ​ယား​များ​သည်​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ​ကြ​လေ သည်။
10 Sad sam, dakle, namislio u svom srcu sklopiti Savez s Jahvom, Izraelovim Bogom, da bi se odvratio od nas njegov jarosni gnjev.
၁၀``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။-
11 Moja djeco, sad se nemojte lijeniti, jer vas je izabrao Jahve da stojite pred njim, da mu služite i da mu budete službenici i da mu kadite.”
၁၁ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်၊ ထာ​ဝရ​ဘု​ရား အား​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရန်​နှင့် ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​တွင်​ဦး​ဆောင် ရန် ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​သူ​များ​မှာ သင်​တို့​ပင်​ဖြစ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
12 Tada ustadoše leviti: Amasajev sin Mahat i Azarjin sin Joel od Kehatovih sinova; od Merarijevih sinova: Abdijev sin Kiš i Jehalelelov sin Azarja; od Geršonovaca: Zimin sin Joah i Joahov sin Eden;
၁၂ထို​အ​ရပ်​၌​ရှိ​သော​လေဝိ​အ​နွယ်​ဝင်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကော​ဟပ်​သား​ချင်း စု​မှ​အာ​မ​သဲ​၏​သား​မာ​ဟတ်​နှင့်​အာ​ဇ​ရိ ၏​သား​ယော​လ။ မေ​ရာ​ရိ​သား​ချင်း​စု​မှ​အာ ဗ​ဒိ​၏​သား​ကိ​ရှ​နှင့်​ယေ​ဟ​လေ​လ​၏​သား အာ​ဇ​ရိ။ ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​ဇိမ္မ​၏​သား ယော​အာ​နှင့်​ယော​အာ​၏​သား​ဧ​ဒင်။ ဧ​လိ ဇ​ဖန်​သား​ချင်း​စု​မှ​ရှိ​မ​ရိ​နှင့်​ယေ​ယေ​လ။ အာ​သပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မတ္တ​နိ။ ဟေ​မန်​သား​ချင်း​စု​မှ​ယေ​ဟေ​လ​နှင့်​ရှိ​မိ။ ယေ​ဒု​သုန်​သား​ချင်း​စု​မှ​ရှေ​မာ​ယ​နှင့် သြ​ဇေ​လ။
13 od Elisafanovih sinova: Šimri i Jeiel; od Asafovih sinova: Zaharija i Matanija;
၁၃
14 od Hemanovih sinova: Jehiel i Šimej; od Jedutunovih sinova: Šemaja i Uziel.
၁၄
15 Oni skupiše braću, posvetiše se i dođoše kako je bio zapovjedio kralj po Jahvinim riječima da očiste Jahvin Dom.
၁၅ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။-
16 Svećenici uđoše u Jahvin Dom da ga očiste. Počeli su svu nečist što su je našli u Jahvinu Hekalu iznositi u predvorje Jahvina Doma; leviti su je primali iznoseći je napolje na potok Kidron.
၁၆ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​စင်​မှု​ကို ဆောင်​ရွက်​ရန် ဗိ​မာန်​တော်​သို့​ဝင်​၍​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ မ​သန့်​စင်​သည့်​အ​ရာ ဟူ​သ​မျှ​ကို​တံ​တိုင်း​တော်​သို့​ထုတ်​လာ သော​အ​ခါ ထို​အ​ရာ​များ​ကို​လေဝိ​အ​နွယ် ဝင်​တို့​က​မြို့​ပြင်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​သို့ သယ်​ပို့​ကြ​လေ​သည်။
17 Počeli su posvećivati prvoga dana prvoga mjeseca, a osmoga su dana istoga mjeseca ušli u Jahvin trijem; posvećivali su Jahvin Dom osam dana; šesnaestoga su dana prvoga mjeseca završili.
၁၇သူ​တို့​သည်​ပ​ထ​မ​လ​တစ်​ရက်​နေ့​မှ​အ​စ ပြု​၍ မုခ်​ဦး​ခန်း​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် သန့်​စင်​မှု​ကို​ဆောင်​ရွက်​ကြ​ရာ​ရှစ်​ရက်​နေ့ ၌​ပြီး​စီး​သွား​၏။ ထို​နောက်​သူ​တို့​သည် ထပ်​မံ​၍​ရှစ်​ရက်​တိုင်​တိုင် လ​ဆန်း​တစ်​ဆယ့် ခြောက်​ရက်​နေ့​အ​ထိ​ဗိ​မာန်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​မှု​အ​တွက်​ပြင်​ဆင်​ကြ​လေ သည်။
18 Onda su ušli kralju Ezekiji i rekli: “Očistili smo sav Jahvin Dom: žrtvenik za paljenice sa svim njegovim priborom, stol za prinesene kruhove sa svim njegovim priborom,
၁၈လေဝိ​အ​နွယ်​ဝင်​တို့​သည် ဟေ​ဇ​ကိ​မင်း အား``အ​ကျွန်ုပ်​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​အ​တွက်​ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့် တင်​ရာ​စား​ပွဲ​နှင့်​အ​သုံး​အ​ဆောင်​များ အ​ပါ​အ​ဝင်​ဗိ​မာန်​တော်​တစ်​ခု​လုံး​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု ဆောင်​ရွက်​ပြီး​ကြ​ပါ​ပြီ။-
19 a sve posuđe koje bijaše zabacio kralj Ahaz za svojega kraljevanja i nevjere opet smo obnovili i posvetili; eno ga pred Jahvinim žrtvenikom.”
၁၉အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​အား​အာ ခတ်​မင်း​သစ္စာ​ဖောက်​စဉ်​အ​ခါ​က ယူ​သွား သည့်​အ​သုံး​အ​ဆောင်​များ​ကို​လည်း​ပြန် ၍​ယူ​ဆောင်​ကာ​ပြန်​လည်​ဆက်​ကပ်​ပြီး ကြ​ပါ​ပြီ။ ထို​အ​ရာ​အား​လုံး​သည် ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် ရှိ​ပါ​၏'' ဟု​သံ​တော်​ဦး​တင်​ကြ​၏။
20 Tada kralj Ezekija porani, skupi gradske knezove i ode u Jahvin Dom.
၂၀ဟေ​ဇ​ကိ​မင်း​သည်​မ​ဆိုင်း​မ​တွ​ဘဲ ယေ​ရု ရှ​လင်​မြို့​မှ​လူ​ကြီး​လူ​ကောင်း​များ​ကို စု​ဝေး​စေ​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​ဗိ​မာန် တော်​သို့​ကြွ​တော်​မူ​၏။-
21 Dovedoše sedam mladih junaca, sedam ovnova, sedam jaganjaca, sedam jaraca za okajnicu, za kraljevstvo i za Svetište i za Judu; on zapovjedi Aronovim sinovima svećenicima da ih prinesu za paljenicu na Jahvinu žrtveniku.
၂၁မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။-
22 Zaklavši goveda, svećenici uzeše krv i poškropiše žrtvenik; zaklaše ovnove i krvlju poškropiše žrtvenik, zaklaše jaganjce i krvlju poškropiše žrtvenik.
၂၂ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဦး​စွာ​နွား​များ ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက် ဖြန်း​ကြ​၏။ ထို​နောက်​သိုး​များ​ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။ ထို​နောက်​သိုး​ငယ်​များ​ကို​သတ်​၍​သွေး ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။-
23 Dovedoše jarce za okajnicu pred kralja i pred zbor te metnuše ruke na njih.
၂၃နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။-
24 Onda ih zaklaše svećenici i prinesoše kao okajnicu njihovu krv na žrtveniku da izvrše obred pomirenja za sav Izrael, jer kralj bijaše zapovjedio da se prinese paljenica i okajnica za sav Izrael.
၂၄ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။
25 Postavio je u Jahvinu Domu levite s cimbalima, harfama i citrama, kako bijaše zapovjedio David, kraljev vidjelac Gad i prorok Natan, jer je od Jahve dolazila zapovijed po njegovim prorocima.
၂၅မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-
26 Tako su leviti stajali s Davidovim glazbalima, a svećenici s trubama.
၂၆သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။-
27 Tada Ezekija zapovjedi da prinesu paljenice na žrtveniku. Kad se stala prinositi paljenica, počela je Jahvina pjesma uz trube i uz glazbala izraelskoga kralja Davida.
၂၇မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။-
28 Sav se zbor klanjao, pjevači pjevali, a trubači trubili, i to sve dok se nije svršila paljenica.
၂၈ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။-
29 Kad se svršilo prinošenje paljenice, kralj i svi koji bijahu s njim pobožno padoše na koljena i pokloniše se.
၂၉ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။-
30 Onda su kralj i knezovi zapovjedili levitima da hvale Jahvu riječima Davida i vidioca Asafa; oni su počeli hvaliti s najvećim veseljem i, pavši ničice, poklonili se.
၃၀ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။
31 Tada Ezekija progovori: “Sada ste posvetili ruke Jahvi; pristupite i donesite klanice i zahvalnice u Dom Jahvin.” Sav je zbor donio klanice i zahvalnice. Tko je god bio spremna srca, prinio je paljenice.
၃၁ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-
32 Paljenica što ih je donio zbor bijaše na broj: sedamdeset goveda, sto ovnova, dvjesta jaganjaca, sve za paljenice Jahvi.
၃၂သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-
33 Ostalih posvećenih darova bilo je šest stotina goveda i tri tisuće grla sitne stoke.
၃၃လူ​တို့​စား​ရန်​အ​တွက်​နွား​ကောင်​ရေ​ခြောက် ရာ​နှင့် သိုး​ကောင်​ရေ​သုံး​ထောင်​ကို​လည်း ယဇ် ပူ​ဇော်​ဖို့​ယူ​ဆောင်​လာ​ကြ​၏။-
34 Ali je svećenika bilo premalo, tako da nisu mogli oderati svih paljenica; zato su im pomagala braća leviti, dok se nije svršio posao i dok se nisu posvetili drugi svećenici, jer su leviti bili gorljiviji srcem da se posvete nego svećenici.
၃၄ဤ​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​ယဇ်​ပု​ရော​ဟိတ် မ​လုံ​လောက်​သ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် မှု​ပြု​ပြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်​များ​ကို​မ​ရ ရှိ​မီ​အ​တွင်း​ဆောင်​ရွက်​စ​ရာ​များ​ပြီး​ဆုံး ချိန်​အ​ထိ လေ​ဝိ​အ​နွယ်​ဝင်​တို့​က​ကူ​ညီ ရ​ကြ​၏။ (ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​အ​နွယ်​ဝင်​များ​က​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပို​၍​တိ​ကျ စွာ​ပြု​တတ်​ကြ​သည်။-)
35 Bilo je i mnogo paljenica s pretilinom od pričesnica i s ljevanicama na paljenice. Tako se opet obnovila služba u Jahvinu Domu.
၃၅တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရ​သည့်​ယဇ် များ​အ​ပြင် လူ​တို့​စား​သုံး​သည့်​ယဇ်​များ မှ​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​မှု၊ မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​နှင့်​အ​တူ​ဆက်​ကပ်​ရ​သည့် စ​ပျစ်​ရည်​ကို သွန်း​လောင်း​ပူ​ဇော်​မှု​တို့​ကို လည်း​ယဇ်​ပု​ရော​ဟိတ်​များ​က​တာ​ဝန် ယူ​ရ​ကြ​လေ​သည်။ သို့​ဖြစ်​၍​ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ် မှု​သည်​ပြန်​လည်​တည်​မြဲ​လေ​၏။-
36 I Ezekija se veselio, i sav narod s njime, što je Bog spremio narodu, jer se sve to iznenada dogodilo.
၃၆ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။

< 2 Ljetopisa 29 >