< 2 Ljetopisa 25 >
1 Amasji je bilo dvadeset i pet godina kad se zakraljio; kraljevao je dvadeset i devet godina u Jeruzalemu. Mati mu se zvala Joadana i bila je iz Jeruzalema.
၁အာမဇိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယုဒ္ဒန် အမည် ရှိ၏။
2 Činio je što je pravo u Jahvinim očima, ali ne svim srcem.
၂ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု သော်လည်း ၊ စိတ်နှလုံး မ စုံလင်။
3 Kad je učvrstio kraljevstvo, pogubio je časnike koji su ubili kralja, njegova oca.
၃အာမဇိ သည်မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သောကျွန် တို့ကိုသတ် လေ၏။
4 Ali im sinova nije pogubio, prema onome što je napisano u knjizi Zakona Mojsijeva, gdje Jahve zapovijeda: “Neka se očevi ne pogubljuju za sinove, ni sinovi za očeve, nego svatko neka gine za svoj grijeh.”
၄သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သား သည်အသေ မ ခံရ။ လူ တိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟုမောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသော ထာဝရဘုရား ၏ပညတ် တော်ကိုစောင့်ရှောက်၍၊ ထိုကျွန်တို့၏သား များကိုမ သတ် ဘဲနေ၏။
5 Potom Amasja skupi Judejce i svega Judu i Benjamina, razvrsta ih prema obiteljima, tisućnicima i satnicima. Pošto popisa od dvadeset godina naviše, nađe trista tisuća izabranih momaka za vojsku, vičnih koplju i štitu.
၅အာမဇိ မင်းသည် ယုဒ လူတို့ကိုစုဝေး စေ၍ ယုဒ လူနှင့် ဗင်္ယာမိန် လူတို့တွင်၊ အဆွေ အမျိုးအလိုက် လူ တထောင် အုပ်၊ တရာ အုပ် တို့ကို ခန့်ထား ၏။ အသက် နှစ်ဆယ် လွန်၍၊ လှံ နှင့် ဒိုင်း ကို ကိုင် တတ်သောစစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံး သိန်းရှိ ကြ ၏။
6 Među Izraelcima najmi sto tisuća hrabrih junaka za sto srebrnih talenata.
၆ခွန်အား ကြီးသော ဣသရေလ သူရဲ တသိန်း ကိုလည်း ငွေ အခွက် တထောင် နှင့် ငှါး ၏။
7 Ali k njemu dođe čovjek Božji i reče: “Kralju, neka ne ide s tobom izraelska vojska, jer Jahve nije s Izraelcima ni s Efrajimovim sinovima,
၇သို့ရာတွင် ဘုရားသခင် ၏လူ တယောက်သည် လာ ၍ အိုမင်းကြီး ၊ ဣသရေလ တပ် ကိုမ လိုက် စေနှင့်။ ထာဝရဘုရား သည် ဣသရေလ လူတည်းဟူသောဧဖရိမ် အမျိုးသား အပေါင်း တို့နှင့်အတူ ရှိတော်မ မူ။
8 nego idi ti sam, ponesi se junački u boju; inače će te oboriti Bog pred neprijateljem, jer Bog može pomoći i oboriti.”
၈မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက် ခြင်းငှါ ခိုင်ခံ့ သော်လည်း ၊ ရန်သူ ရှေ့ မှာ ဘုရားသခင် ရှုံး စေတော်မူမည်။ ဘုရားသခင် သည် မစ ခြင်းငှါ ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
9 Tada Amasja upita čovjeka Božjeg: “A što će biti od sto talenata koje sam dao izraelskim četama?” Božji čovjek odgovori: “Jahve ima da ti dade više od toga.”
၉အာမဇိ က၊ ဣသရေလ တပ် ကိုငှါး၍ ငွေအခွက် တထောင် ကိုပေး မိသောကြောင့် ၊ အဘယ်သို့ ပြု ရမည်နည်းဟု ဘုရားသခင် ၏လူ ကို မေးမြန်း သော် ၊ ဘုရားသခင် ၏လူ က၊ ထိုမျှမက ထာဝရဘုရား သည် သာ၍ပေး နိုင်တော်မူသည်ဟု ပြန်ပြော ၏။
10 Tada Amasja odvoji čete koje mu bijahu došle od Efrajima, da se vrate u svoje mjesto. Ali se vojnici razgnjeviše na Judejce i vratiše se u svoje mjesto plamteći od srdžbe.
၁၀ထိုအခါ အာမဇိ သည် ဧဖရိမ် ပြည်မှ ရောက် လာသော စစ်သူရဲ တို့ ကိုခွဲထား ၍၊ မိမိ တို့နေရာ သို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊ မိမိ တို့ နေရာ သို့ပြန် သွားကြ၏။
11 A Amasja, ohrabriv se, povede narod, ode u Slanu dolinu i pobi deset tisuća seirskih sinova.
၁၁အာမဇိ သည်လည်း ကိုယ်ကိုခိုင်ခံ့ စေ၍ ဆား ချိုင့် ကို တပ်ချီ သဖြင့် ၊ စိရ တောင်သား တသောင်း ကို လုပ်ကြံ လေ၏။
12 Judini su sinovi zarobili deset tisuća živih, odveli ih na vrh hridi te ih pobacali, tako da se svi razmrskaše.
၁၂ယုဒ အမျိုးသား တို့သည် လူတသောင်း ကို အရှင် ဘမ်း ပြီးလျှင် ၊ ကျောက် တောင်ထိပ် သို့ ဆောင် သွား၍ ၊ ကျိုးပဲ့ စေခြင်းငှါအောက် သို့ တွန်းချ ကြ၏။
13 Četa koju je Amasja poslao natrag da ne ide s njima u boj harala je po judejskim gradovima od Samarije pa do Bet Horona i pobila u njima tri tisuće ljudi i naplijenila silan plijen.
၁၃ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိ မပေး၊ လွှတ် လိုက်သော စစ်သူရဲ တို့မူကား ၊ ရှမာရိ မြို့မှစ၍ ဗေသောရုန် မြို့တိုင်အောင် ၊ ယုဒ မြို့ တို့ကို တိုက် သဖြင့် ၊ လူသုံး ထောင် ကိုသတ် ၍ ၊ လက်ရ ဥစ္စာအများ ကို သိမ်းသွား ကြ၏။
14 Poslije toga, kad se Amasja vratio razbivši Edomce, donio je bogove seirskih sinova, postavio ih sebi za bogove i počeo im se klanjati i kaditi im.
၁၄အာမဇိ သည် ဧဒုံ အမျိုးသားတို့ကို လုပ်ကြံ ရာမှ ပြန်လာ သောအခါ ၊ စိရ တောင်သား ကိုးကွယ်သော ဘုရား တို့ကိုဆောင် ခဲ့၍ ၊ ကိုယ်တိုင် ကိုးကွယ်ရာဘုရား ဖြစ်စေ ခြင်းငှါ၊ တည်ထောင် လျက် သူ တို့ရှေ့ မှာ ဦးညွှတ် ချ၍ နံ့သာပေါင်းကို မီးရှို့ လေ၏။
15 Tada se Jahve razgnjevi na Amasju i posla k njemu proroka koji ga upita: “Zašto tražiš bogove toga naroda koji nisu izbavili svoga naroda iz tvoje ruke?”
၁၅ထာဝရဘုရား သည် အာမဇိ ကို အမျက် ထွက် ၍ ၊ ပရောဖက် ကို စေလွှတ် တော်မူသည်ကား ၊ မိမိ လူ တို့ကို ရန်သူ လက် မှ မ ကယ်နိုင် သော တပါး အမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ် သနည်းဟုပြောဆို လျှင်၊
16 Dok je on to govorio, kralj ga upita: “Jesi li postavljen kralju za savjetnika? Prestani! Zašto da te pogube?” Tada prorok ušutje, ali nadoda: “Znam da te Bog odlučio uništiti kad to činiš a ne slušaš mojega savjeta.”
၁၆ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17 Tada judejski kralj Amasja smisli i poruči izraelskom kralju Joašu, sinu Jehuova sina Joahaza: “Dođi da se ogledamo!”
၁၇ထိုနောက် ၊ အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်၊
18 A izraelski kralj Joaš odvrati judejskom kralju Amasji: “Libanonski je trn jedanput poslao glasnike k libanonskom cedru i poručio: 'Daj kćer mome sinu za ženu', ali su divlje zvijeri libanonske prošle i trn izgazile.
၁၈ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ပင်ထံသို့ စေလွှတ် ၍၊ သင့် သမီး ကို ငါ့ သား နှင့်ပေးစားပါဟု ဆို စဉ်တွင်၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ၏။
19 Potukao si Edomce, pa ti se srce uzobijestilo i tražiš slavu. Radije ostani kod kuće. Zašto izazivaš zlo i hoćeš da padneš i ti i svi Judejci s tobom?”
၁၉သင်ကငါသည် ဧဒုံ လူတို့ကို လုပ်ကြံ ပြီဟု ဆို လျက် ၊ ဝါကြွား ချင်သောစိတ် မြင့် လှ၏။ သို့ရာတွင်ကိုယ် နေရာ ၌ နေ လော့။ သင့်ကိုယ်တိုင်နှင့် ယုဒ ပြည်သည် ဘေး ရောက် ၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
20 Ali Amasja ne posluša, jer tako bijaše odredio Bog, da ih preda u ruke Joašu zato što su pristali uz edomske bogove.
၂၀ထို စကားကို အာမဇိ သည် နား မ ထောင်။ အကြောင်း မူကား၊ ဧဒုံ ပြည်ဘုရား တို့ကို ဆည်းကပ် သောကြောင့် ၊ ရန်သူ လက် သို့ အပ် ခြင်းငှါ ၊ ဘုရားသခင် စီရင်တော်မူ၏။
21 Izađe izraelski kralj Joaš te se ogledaše u boju on i judejski kralj Amasja u Bet Šemešu u Judeji.
၂၁ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည်ဗက်ရှေမက် မြို့၌ မျက်နှာချင်း ဆိုင် မိကြသဖြင့်၊
22 Izraelci poraziše Judejce i oni pobjegoše pod svoj šator.
၂၂ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ ၊ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏။
23 Izraelski kralj Joaš uhvati u Bet Šemešu judejskog kralja Amasju, sina Joaševa, sina Joahazova, i odvede ga u Jeruzalem; onda sruši jeruzalemski zid od Efrajimovih vrata do Ugaonih vrata, u dužini od četiri stotine lakata.
၂၃ဣသရေလ ရှင်ဘုရင် ယဟောရှ သည် ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို၊ ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏။
24 Uzevši sve zlato, srebro i posuđe što se nalazilo u Domu Božjem kod Obed Edoma i u riznici kraljevskog dvora, povrh toga i taoce, vrati se u Samariju.
၂၄ဩဗဒေဒုံ လက်တွင်၊ ဗိမာန် တော်၌ ရှိသမျှ သော ရွှေ ငွေ မှစ၍ ၊ တန်ဆာ အလုံးစုံ နှင့် နန်းတော် ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံ သော သူ အချို့တို့ကို၎င်း ၊ ယူ၍ ရှမာရိ မြို့သို့ပြန် သွား၏။
25 Judejski je kralj Amasja, Joašev sin, živio još petnaest godina poslije smrti izraelskoga kralja Joaša, Joahazova sina.
၂၅ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သောနောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏။
26 Ostala Amasjina djela, od prvih do posljednjih, zapisana su u Knjizi o judejskim i izraelskim kraljevima.
၂၆အာမဇိ ပြုမူသော အမှုအရာ ကြွင်း သမျှ အစ အဆုံး တို့သည်၊ ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
27 Otkako je Amasja ostavio Jahvu, kovala se protiv njega urota u Jeruzalemu. Iako je pobjegao u Lakiš, poslaše za njim u Lakiš ljude koji ga ondje ubiše.
၂၇အာမဇိ သည် ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှလွှဲ သွားသော နောက်၊ သူ ၏တစ်ဘက် ၊ ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူ သည်လာခိရှ မြို့သို့ ပြေး သည်တွင် ၊ ထို မြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊
28 Odande su ga prenijeli na konjima i sahranili kraj njegovih otaca u Judinu gradu.
၂၈မြင်း ပေါ် ၌ တင် လျက် ၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ် ကြ၏။