< 1 Kraljevima 7 >
1 Salomon je sagradio i svoj dvor; u trinaest ga je godina potpuno dovršio.
၁တဖန် ရှောလမုန် သည် တဆယ် သုံး နှစ် ပတ်လုံးနန်းတော် ကို တည်ဆောက် ၍ လက်စသတ် လေ၏။
2 Sagradio je dvor od libanonske šume: stotinu lakata dug, pedeset širok i trideset lakata visok, na četiri reda cedrovih stupova, a na stupovima bijahu cedrove grede.
၂နန်းတော် ကို လေဗနုန် တော သစ်သားဖြင့် ဆောက် ၍၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိ၏။ အာရဇ် တိုင် လေး စဉ်၊ အာရဇ် ရက်မ များနှင့် ဆောက်၏။
3 Bio je pokriven cedrovinom iznad soba koje su počivale na stupovima. Ovih je bilo četrdeset i pet: petnaest u svakom redu.
၃တိုင်တစဉ်လျှင် ဆယ် ငါး တိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ် မှာ အခြင်တို့ကို တင်လျက်၊ အာရဇ် ပျဉ်ပြား နှင့်မိုး လေ၏။
4 Bila su tri reda prozora: po tri su prozora gledala jedan prema drugome.
၄အလင်း ဝင်စရာပြတင်းပေါက် သုံး တန်း စီ အဆင့်ဆင့် မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
5 Sva vrata s dovratnicima bila su četverokutna i po tri su prozora stajala jedan prema drugome.
၅တံခါးပေါက် ရှိသမျှတံခါးတိုင် ရှိသမျှ တို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။
6 Načinio je trijem od stupova, pedeset lakata dug i trideset širok.
၆တိုင် များ၊ ထုပ်ကြီး များနှင့်ပြည့်စုံ၍ အလျား အတောင် ငါး ဆယ်၊ အနံ အတောင် သုံး ဆယ်ရှိသောကနားပြင် ကိုလည်း လုပ် လေ၏။
7 Zatim je sagradio prijestolni trijem gdje je sudio; i sudački trijem, obložen cedrovinom od poda do stropa.
၇တရား စီရင်ရာ ကနားပြင် တည်းဟူသောတရားပလ္လင် တည်ရာကနားပြင် ကိုလည်း လုပ် ၍ ၊ ကြမ်း တဘက် မှ တဘက်တိုင်အောင် အာရဇ် ပျဉ်ပြားတို့နှင့်မိုး လေ၏။
8 Njegovo prebivalište, u drugom dvorištu i unutar predvorja, bilo je istoga oblika. Sagradio je i kuću, nalik na onaj trijem, faraonovoj kćeri, kojom se bijaše oženio.
၈နန်း တော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တန်တိုင်း လည်းရှိ၏။ ရှောလမုန် စုံဘက် သော ဖာရော ဘုရင်၏ သမီး စံနန်း ကိုလည်း တရားစီရင်ရာ ကနားပြင် နှင့် တူအောင်ဆောက် လေ၏။
9 Sve su te građevine bile od biranog kamena, sječena po mjeri, a klesana iznutra i izvana, od temelja sve do drvenih spojnica, a vani sve do velikog predvorja.
၉တန်တိုင်း ကြီး ပြင် ဘက်တိုင်အောင် ၎င်း၊ အမြစ် မှစ၍ ထိပ် တိုင်အောင် ၎င်း၊ ကျောက်ဆစ် ပမာဏ နှင့်အညီ ၊ နှစ်ဘက်စလုံးလွှ နှင့် တိုက် သော ကျောက်၊ ထူးဆန်း သော ကျောက်ကြီး တို့ဖြင့် ပြီးကြ၏။
10 Temelji su im bili od birana, velikog kamena: od deset i od osam lakata,
၁၀အမြစ်သည်လည်း အလျားရှစ် တောင် ၊ ဆယ် တောင် ရှိသောကျောက် ၊ ထူးဆန်း သောကျောက် ကြီး တို့ ဖြင့် ပြီး ၏။
11 a nadgradnja od birana, po mjeri klesana kamena i od cedrovine.
၁၁အမြစ်ပေါ် မှာလည်း ကျောက်ဆစ် ပမာဏ နှင့်အညီ လုပ်သော ကျောက်၊ ထူးဆန်း သော ကျောက် နှင့် အာရဇ် သစ်သားရှိ၏။
12 A tri su reda klesanog kamena i red cedrovih greda okruživali veliko predvorje, a tako i unutrašnje predvorje Doma Jahvina.
၁၂တန်တိုင်း ကြီး သည် ဆစ် သောကျောက်သုံး တန်း ၊ အာရဇ် သစ်ကြီးတတန်း ဖြင့်ပြီး၏။ ဗိမာန် တော်အတွင်း တန်တိုင်း ၊ နန်း တော်ကနားပြင် တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
13 Salomon posla po Hirama iz Tira.
၁၃ရှောလမုန် သည်လည်း ၊ လူကိုစေလွှတ် ၍ တုရု မြို့ မှ ဟိရံ ကို ခေါ် လေ၏။
14 Bio je to sin udovice iz plemena Naftalijeva, ali mu otac bijaše iz Tira, kovač tuča. Bio je pun vještine, umijeća i znanja da svašta izrađuje od tuča. Dođe on kralju Salomonu i sav mu posao izradi.
၁၄ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့် ၊ ရှောလမုန် မင်းကြီး ထံသို့ လာ ၍ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။
15 Salio je dva stupa od tuča; jedan je stup bio visok osamnaest lakata, a koncem mjeren unaokolo imao je dvanaest lakata, isto tako i drugi.
၁၅ထိုသူသည်အမြင့် တဆယ် ရှစ် တောင် ၊ လုံးပတ် တဆယ် နှစ် တောင် ရှိသောကြေးဝါ တိုင်နှစ် တိုင် ကို သွန်း လေ၏။
16 I načini dvije glavice od tuča da se stave povrh stupova; jedna je glavica bila visoka pet lakata i druga je bila pet lakata visoka.
၁၆တိုင် အပေါ် မှာ တင် စရာဘို့ အမြင့် ငါး တောင် ရှိသော ကြေးဝါ တိုင် ထိပ်နှစ် ခုကိုလည်း သွန်း လေ၏။
17 Načini dva opleta u obliku pletera i lančaste žice da pokriju glavice na vrhu stupova; sedam za jednu glavicu i sedam za drugu.
၁၇ကြေးဝါကွန်ရွက် နှင့်ကြေးဝါကြိုး တို့ကိုလည်း လုပ် ၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ် ခုစီဖြင့် တိုင် ထိပ် အပေါ် မှာ ဖုံးလွှမ်းလေ၏။
18 Onda izradi mogranje: bili su u dva reda oko svake mreže.
၁၈ကြေးဝါသလဲသီးတို့ကိုလည်း လုပ် ၍ ၊ တိုင် ထိပ် ကွန်ရွက် အပေါ် မှာ ထိပ် တခုလျှင် သလဲသီး နှစ် တန်း စီ ဖြင့် တန်ဆာ ဆင်လေ၏။
19 Glavice na vrhu stupova pred trijemom imale su oblik ljiljana, od četiri lakta.
၁၉ကနားပြင် ထဲမှာ စိုက်ထားသော ထိုတိုင် ထိပ် တို့ သည် ကြာပွင့် နှင့် ပုံတူ၍ အချင်းလေး တောင် ရှိ၏။
20 Stajale su na oba stupa kod izbočine što je bila prema lančancu. Dvije stotine mogranja bilo je oko prve glavice i dvije stotine oko druge.
၂၀တိုင် ထိပ်နှစ် ခုတို့သည် ကွန်ရွက် နှင့် နီးစပ် သော ထုပိကာ အပေါ် မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ် ရာစီရှိကြ၏။
21 Podiže stupove pred trijemom Hekala; jedan postavi na desnu stranu i nazva ga Jahin; postavi drugi stup na lijevu stranu i dade mu ime Boaz.
၂၁ထိုတိုင် တို့ကို ဗိမာန် တော်ကနားပြင် ထဲမှာ စိုက် ထား၍ လက်ျာ တိုင် ကိုယာခိန် ၊ လက်ဝဲ တိုင် ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။
22 Na samom vrhu stupova postavi izrađene ljiljane. I tako dovrši stupove.
၂၂တိုင် ထိပ် အပေါ် မှာ ကြာပွင့် အပြောက် ရှိသည် ဖြစ်၍ တိုင် တို့သည် စေ့စုံ ကြ၏။
23 Tada od rastaljene kovine izli more koje je od ruba do ruba mjerilo deset lakata; bilo je okruglo naokolo, pet lakata visoko, a u opsegu, mjereno vrpcom, imalo je trideset lakata.
၂၃အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံး ဆယ်၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
24 Pod rubom mu bijahu uresi kao cvjetne čaške koje su ga optakale sasvim: po deset na lakat optakale su more unaokolo; cvjetne su čaške bile u dva reda i salivene s njim.
၂၄ရေကန်အနားပတ် အောက် ပတ်လည် ၌ အတောင်တတောင်လျှင် ဘူးသီးဆယ် လုံးစီစေ့အောင် ဘူးသီးနှစ် ပတ် ကို ရေကန် နှင့်တစပ်တည်းသွန်း လေ၏။
25 Počivalo je na dvanaest volova: tri su gledala na sjever, tri na zapad, tri na jug, a tri na istok; more je stajalo na njima i svi su stražnjim dijelom bili okrenuti unutra.
၂၅ထိုရေကန်သည် နွား တဆယ် နှစ် ခုအပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံး ခုစီ မျက်နှာပြု ကြ၏။
26 Bilo je debelo pedalj, rub mu kao rub u čaše, kao cvijet, a moglo je primiti tri tisuće bata.
၂၆ရေကန်သည် ဒု လက် တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
27 Načinio je deset tučanih podnožja; svako je podnožje bilo četiri lakta dugo, četiri lakta široko, a tri lakta visoko.
၂၇တဖန် အလျား လေး တောင် ၊ အနံ လေး တောင် အမြင့် သုံး တောင် ပမာဏရှိသော ကြေးဝါ ခုံ တဆယ် ကို လုပ် လေ၏။
28 Podnožja su bila ovako izrađena: imala su okvire, a okviri su stajali među preponama.
၂၈ထို ခုံ ပုံသဏ္ဌာန် ဟူမူကား ၊ ခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ် ကြား မှာ၊
29 Na okvirima među preponama bili su lavovi, volovi i kerubini; a na samim preponama, kako iznad lavova i volova tako i pod njima, bijahu ukrasi poput vijenaca.
၂၉ခြင်္သေ့ ၊ နွား ၊ ခေရုဗိမ် အပြောက်ရှိ၏။ အနားရစ် အပေါ် မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့ နှင့် နွား အောက် ၌ လည်း အပြောက်မျိုးရှိ၏။
30 Svako je podnožje imalo četiri tučana točka i osovine od tuča; četiri su njihove noge imale držače; pod umivaonikom bijahu držači sliveni s ukrasima.
၃၀ခုံ တခု၌ကြေးဝါ လှည်းဘီး လေး ခုစီ၊ ကြေးဝါ ဝင်ရိုး နှင့်တကွရှိ၏။ အင်တုံ တင်စရာဘို့ ခုံလေး ထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်းသွန်း လေ၏။
31 Gore, gdje su se držači sastavljali, bio je otvor podnožja; imao je lakat i pol; otvor je bio okrugao, u obliku ukrasne posude, a na njemu su bili uklesani i ukrasi; ali prepone bijahu četvrtaste, a ne okrugle.
၃၁အင်တုံဝ ၌ပါသောအကွပ် သည် အကျယ်တတောင် ရှိ၏။ အဝ သည် ဝိုင်း၍ အချင်းတတောင် ထွာ ရှိ၏။ စတုရန်း လေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32 Četiri su točka bila pod preponom. Osovine im izlazile na podnožju; svaki točak bijaše visok lakat i pol.
၃၂ဘီး လေး ခုတို့သည် ခုံမျက်နှာအောက် မှာနေရာ ကျလျက်၊ ဝင်ရိုး တို့သည် ခုံ နှင့်စပ်လျက်၊ ဘီး အမြင့် တတောင် ထွာ ရှိ၏။
33 Točkovi su bili slični točkovima običnih kola: njihove osovine, naplaci, paoci i glavčine - sve bijaše liveno.
၃၃ဘီး ပုံကား ရထား ဘီး နှင့် တူ၏။ ဝင်ရိုး ၊ ဝင်ရိုးအိမ်၊ အကန့် ၊ အကွပ် များကို သွန်း လေ၏။
34 Bila su četiri držača na četiri ugla svakog podnožja; podnožje i držači sačinjavahu jednu cjelinu.
၃၄ခုံ လေး ထောင့် ၌ တစပ်တည်းသွန်းသော ပခုံး လေး ခုရှိသဖြင့်၊
35 Pri vrhu podnožja bio je sve unaokolo krug visok pol lakta; povrh podnožja bili su klinovi; prepone su s njima sačinjavale cjelinu.
၃၅ထိုပခုံး ပေါ် မှာ လုံးပတ် တထွာ ရှိသော ကွင်း ကို တပ်၍ ၊ ခုံ ပေါ် မှာ အနားရစ် နှင့် ကိုင်စရာ များတို့ကို ခုံနှင့် တစပ်တည်းသွန်းလေ၏။
36 Po oplošjima klinova i prepona urezao je kerube, lavove i palme, već prema veličini praznog oplošja i vijenaca naokolo.
၃၆ကိုင် စရာမျက်နှာ နှင့် ခုံ မျက်နှာပြင်၌ ခေရုဗိမ် ၊ ခြင်္သေ့ ၊ စွန်ပလွံပင် အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ် လျက်ရှိ၏။
37 Tako načini deset podnožja: jednako salivenih, jednake veličine i oblika.
၃၇ထိုသို့ ပုံသဏ္ဌာန် အလုံး အရပ်တူ အောင်၊ အင်တုံတင်ရာခုံ တဆယ် ကို သွန်း ၍ပြီးလေ၏။
38 I načini deset umivaonika od tuča. Svaki je umivaonik sadržavao četrdeset bata, a svaki je umivaonik bio od četiri lakta; na svako od deset podnožja došao je po jedan umivaonik.
၃၈အဝန်းလေး တောင် ကျယ်၍၊ ရေဗတ် လေးဆယ် ဝင် နိုင်သော ကြေးဝါ အင်တုံ တဆယ် ကိုလည်း လုပ် ၍၊ ခုံ တခု ပေါ်မှာ အင်တုံ တလုံးစီ တင်ထားလေ၏။
39 Postavi pet podnožja na desnoj strani Hrama, a pet na lijevoj strani Hrama; a more stavi s desne strane Hrama, prema jugoistoku.
၃၉အိမ် တော်လက်ျာ ဘက် ၌ ခုံ ငါး ခု၊ လက်ဝဲ ဘက် ၌ ငါး ခုကိုထား ၍ ရေကန် ကိုကား၊ အိမ် တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
40 Hiram načini lonce, lopate i kotliće. Dovrši on sav posao što ga je obavljao kralju Salomonu za Dom Jahvin:
၄၀ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ ကိုလည်း လုပ် သဖြင့်၊ ရှောလမုန် မင်းကြီး အဘို့ ထာဝရဘုရား ၏အိမ် တော်၌ လက်စသတ် သောအရာများဟူမူကား၊
41 dva stupa, okrugle glavice što su bile navrh stupova; dva opleta da pokriju dvije glavice što bijahu navrh stupova;
၄၁တိုင် နှစ် တိုင်၊ တိုင် ထိပ် အထွဋ် နှစ် ခု၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
42 četiri stotine mogranja za oba opleta; dva reda mogranja za svaki oplet da prekriju dvije glavice navrh stupova;
၄၂ဖုံးလွှမ်း စရာကွန်ရွက် တ ရွက်အဘို့ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
43 deset podnožja i deset umivaonika na podnožjima;
၄၃ခုံ ဆယ် ခု၊ ခုံ ပေါ်မှာ တင်ထားသော အင်တုံ ဆယ် လုံး၊ ရေကန် တ ကန်၊
44 jedno more i dvanaest volova pod njim;
၄၄ရေကန် ကိုထောက် သော နွား တဆယ် နှစ် ခု၊ အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ တည်း။
45 lonce, lopate i kotliće. Svi ti predmeti koje je Hiram načinio kralju Salomonu za Dom Jahvin bili su od sjajnog tuča.
၄၅ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သော ထာဝရဘုရား ၏ အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင် တောက်သော ကြေးဝါ ဖြင့် ပြီးကြ၏။
46 Kralj je zapovjedio da sve to lijevaju u kalupima od gline, u Jordanskoj dolini, između Sukota i Sartana.
၄၆ယော်ဒန် ချိုင့် ၊ သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ၏။
47 Na koncu je Salomon odredio da rasporede sve te predmete, a bijaše ih toliko da se nije mogla obračunati težina tuča.
၄၇ထိုတန်ဆာ တို့သည် အလွန်များ သောကြောင့် ၊ ရှောလမုန် သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါ အချိန် ကို အဘယ်သူမျှမ သိ။
48 Salomon načini sve predmete koji su bili u Domu Jahvinu: zlatni žrtvenik i zlatni stol na kojemu su stajali prineseni hljebovi;
၄၈ရှောလမုန် သည်လည်း ထာဝရဘုရား ၏ အိမ် တော်နှင့်ဆိုင် သမျှ သောတန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင်စရာရွှေ စားပွဲ၊
49 pet svijećnjaka s desne i pet s lijeve strane pred Debirom, od čistoga zlata; cvjetove, svjetiljke, usekače od zlata;
၄၉ဗျာဒိတ် ဌာနတော်ရှေ့ ၊ လက်ျာ ဘက်၌ ရွှေ စင် မီးခုံ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခု၊ ရွှေ ပန်းပွင့် ၊ ရွှေမီးခွက် ၊ မီး ကိုင်တန်ဆာ၊
50 vrčeve, noževe, kotliće, plitice i kadionice od čistoga zlata; stožere za vrata nutarnje dvorane - to je Svetinja nad svetinjama - i za vrata Hekala - to jest Hrama - sve od zlata.
၅၀ရွှေ စင် ဖြင့်ပြီးသောခွက် များ၊ မီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာ အိုးများ၊ အလွန်သန့်ရှင်း ရာဌာနတော် အတွင်း ခန်း တံခါး နှင့် ဗိမာန် တော်ပြင်ခန်း တံခါး ဆွဲထား သော ရွှေ ပတ္တာ များတို့ကို လုပ်လေ၏။
51 Tako bi priveden kraju sav posao što ga Salomon obavi za Dom Jahvin. Salomon unese sve svete darove oca svoga Davida - srebro, zlato i posuđe - i stavi ih u riznicu Doma Jahvina.
၅၁ထိုသို့ရှောလမုန် မင်းကြီး သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြုလုပ် စီရင်သမျှအလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏အိမ် တော် ဘဏ္ဍာ စုထဲမှာ သွင်း ထားလေ၏။