< 1 Kraljevima 2 >

1 Kad su se dani Davidovi približavali svome svršetku, zapovjedi David svome sinu Salomonu:
ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား၊
2 “Sada polazim na put sviju smrtnika. Ti budi hrabar i pokaži se čovjekom!
မြေကြီးသားအပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။
3 Slušaj naredbe Jahve, Boga svoga, idi njegovim stazama, drži se njegovih zakona, zapovijedi, naredaba i njegovih pouka, kako je napisano u Zakonu Mojsijevu, da bi uspio u svemu što poduzmeš i svagdje kamo se okreneš;
ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား၊
4 da bi Jahve ispunio svoje obećanje koje mi je dao: 'Ako sinovi tvoji budu pazili na svome putu, vjerno hodeći preda mnom, svim srcem svojim i svom dušom svojom, uvijek će jedan od njih sjediti na prijestolju Izraelovu.'
သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင်၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်းသင်၏ ဘုရားသခင်ထာဝရဘုရား၏ လမ်းတော်သို့ လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့။
5 I sam znaš što mi je učinio Joab, sin Sarvijin, kako je učinio obojici vojskovođa Izraelovih: Abneru, sinu Nerovu, i Amasi, sinu Jeterovu, kad ih je ubio i time prolio krv u miru kao u ratu te omastio krvlju pojas oko bokova svojih i obuću na nogama svojim.
ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
6 Ti postupi po svom razboru i ne daj da mu sijeda kosa mirno počine u Podzemlju. (Sheol h7585)
သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင် ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။ (Sheol h7585)
7 A sinovima Barzilaja Gileađanina vrati ljubav: neka budu među onima koji jedu za tvojim stolom jer su mi pomogli kad sam bježao pred tvojim bratom Abšalomom.
ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေ လော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့ လာကြ၏။
8 Pred sobom imaš Šimeja, sina Gerina, Benjaminovca iz Bahurima, koji me užasnim kletvama proklinjao onoga dana kad sam bježao u Mahanajim. Ali mi je on sišao u susret na Jordan i zakleh mu se Jahvom: 'Neću te pogubiti mačem.'
ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊
9 Ali mu ti toga ne opraštaj, jer si čovjek razborit, i već ćeš znati kako treba da postupiš te mu sijedu kosu s krvlju u Podzemlje spremiš.” (Sheol h7585)
ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ၊ သင်သည် လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊ (Sheol h7585)
10 I potom počinu David kraj otaca svojih i bi pokopan u Davidovu gradu.
၁၀ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။
11 David je kraljevao nad Izraelom četrdeset godina: u Hebronu je kraljevao sedam godina, u Jeruzalemu je kraljevao trideset i tri godine.
၁၁ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။
12 Salomon sjede na prijestolje Davida, svoga oca, i njegova se vlast veoma učvrsti.
၁၂ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။
13 Ali Adonija, sin Hagitin, dođe Bat-Šebi, majci Salomonovoj, i pade ničice pred njom. Ona ga upita: “Je li miroljubiv tvoj dolazak?” On odgovori: “Jest, miroljubiv je.”
၁၃ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။
14 I nastavi: “Imam ti nešto reći.” Ona reče: “Govori.”
၁၄ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။
15 Tada će on: “Znaš i sama da je kraljevstvo pripadalo meni i da je sav Izrael očekivao da ću ja biti kralj. Ali mi je kraljevstvo izmaklo i pripalo je mome bratu, jer mu ga je Jahve namijenio.
၁၅အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။
16 Ja te sada samo jedno molim: nemoj me odbiti.” Ona reče: “Govori.”
၁၆ယခုမှာ တစုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။
17 A on nastavi: “Reci, molim te, kralju Salomonu - jer tebe neće odbiti - neka mi dade za ženu Abišagu Šunamku!”
၁၇သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊
18 A Bat-Šeba odgovori: “Dobro, govorit ću kralju o tebi.”
၁၈ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။
19 Kada dakle uđe Bat-Šeba kralju Salomonu da govori o Adoniji, ustade kralj i pođe joj u susret, pokloni se pred njom, zatim sjede na svoje prijestolje i zapovjedi te namjestiše sjedalicu za kraljicu majku, i ona mu sjede s desne strane.
၁၉ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။
20 Tada mu reče: “Nešto bih zaiskala od tebe, nemoj me odbiti.” Kralj joj odgovori: “Traži, majko, jer te neću odbiti.”
၂၀ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။
21 Ona nastavi: “Neka se dade Abišaga Šunamka tvome bratu Adoniji za ženu.”
၂၁မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊
22 Kralj Salomon odgovori i reče svojoj majci: “Zašto tražiš Abišagu Šunamku za Adoniju? Traži odmah i kraljevstvo za njega! Jer on je moj stariji brat, a uz njega je svećenik Ebjatar i Joab, sin Sarvijin!”
၂၂ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊
23 Tada se kralj Salomon zakle Jahvom: “Neka mi Bog učini ovo zlo i neka mi doda drugo ako Adonija nije to izrekao danas po cijenu svoga života!
၂၃တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။
24 Živoga mi Jahve, koji me potvrdio i posadio na prijestolje oca moga Davida i koji mi je dao dom kako je obećao: još danas će Adonija umrijeti.”
၂၄ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆို ပြီးမှ၊
25 I kralj Salomon posla Benaju, sina Jojadina, koji ga udari te Adonija umrije.
၂၅ယောယဒသား ဗေနာယကိုစေလွှတ်၍၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ၏။
26 Svećeniku Ebjataru kralj zatim naredi: “Idi u Anatot na svoj posjed. Zaslužio si smrt, ali te neću pogubiti danas jer si nosio Jahvin Kovčeg pred ocem mojim Davidom i podijelio si sve patnje s mojim ocem.”
၂၆ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သော မြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင်။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင် ၏သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်း လေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။
27 I Salomon isključi Ebjatara iz svećenstva Jahvina da tako ispuni Jahvinu riječ koju je izrekao protiv doma Elijeva u Šilu.
၂၇ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ၏။
28 Kada je glas stigao Joabu - Joab bijaše pristao uz Adoniju, premda se nije priključio Abšalomu - on uteče u Šator Jahvin i uhvati se za rogove žrtvenika.
၂၈ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော် လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
29 I dojaviše kralju Salomonu: “Joab je pobjegao u Šator Jahvin, eno ga pokraj žrtvenika.” Tada Salomon poruči Joabu: “Što se držiš žrtvenika?” Joab odgovori: “Uplašio sam se tebe i pobjegao sam pred Jahvu.” Tada Salomon naredi Benaji, sinu Jojadinu: “Idi i ubij ga!”
၂၉ယွာဘသည် ထာဝရဘုရား၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။
30 Benaja ode u Šator Jahvin i reče Joabu: “Po naredbi kraljevoj: iziđi!” On odgovori: “Neću, želim ovdje umrijeti!” Benaja javi kralju: “Eto što mi je rekao Joab i što mi je odgovorio.”
၃၀ဗေနာယသည် ထာဝရဘုရား၏ တဲတော်သို့ သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယ ကလည်း၊ ယွာဘသည်ဤသို့ပြန်ပြောပါ၏ဟု နားတော် လျှောက်လေသော်၊
31 Kralj mu reče: “Učini kako je rekao: ubij ga, zatim pokopaj. Tako ćeš danas skinuti s mene i doma oca moga nevinu krv koju je Joab prolio.
၃၁ရှင်ဘုရင်က၊ အပြစ်မရှိသော သူ၏အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကို လုပ်ကြံ၍ သင်္ဂြိုဟ်လော့။
32 Jahve će učiniti da krv njegova padne na njegovu glavu, jer je ubio dva čovjeka pravednika i bolja od sebe; ubio ih je mačem bez znanja moga oca Davida: Abnera, sina Nerova, vođu vojske Izraelove, i Amasu, sina Jeterova, vojvodu judejskoga.
၃၂သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။
33 Neka njihova krv padne na glavu Joaba i njegova potomstva dovijeka, a Davidu, njegovu potomstvu, vladalačkoj kući i prijestolju neka od Jahve bude trajan mir.”
၃၃ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင် တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊
34 I ode Benaja, sin Jojadin, obori se na Joaba i usmrti ga. Pokopali su Joaba u njegovu domu u pustinji.
၃၄ယောယဒသား ဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။
35 Mjesto njega postavi kralj na čelo vojske Benaju, sina Jojadina, a na mjesto Ebjatara postavi svećenika Sadoka.
၃၅ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။
36 Salomon pozva Šimeja i reče mu: “Sagradi sebi kuću u Jeruzalemu: tu stanuj, i nikamo odatle ne izlazi.
၃၆တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။
37 Onoga dana kad iziđeš i prijeđeš potok Kidron, znaj dobro da ćeš umrijeti. Krv tvoja na glavu tvoju.”
၃၇မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊
38 Šimej odgovori kralju: “Dobro. Kako moj gospodar kralj kaže, tako će učiniti sluga tvoj.” I Šimej dugo življaše u Jeruzalemu.
၃၈ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။
39 Ali poslije tri godine dogodi se te Šimeju pobjegoše dvojica slugu k Akišu, sinu Maakinu, kralju gatskom. I dojaviše Šimeju: “Eno ti slugu u Gatu.”
၃၉သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊
40 Tada usta Šimej, osedla magarca i ode u Gat, k Akišu, da traži svoje sluge. I vratio se Šimej i doveo svoje sluge iz Gata.
၄၀ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။
41 I javiše Salomonu: “Šimej otišao iz Jeruzalema u Gat i vratio se.”
၄၁ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊
42 Kralj pozva Šimeja i reče mu: “Nisam li ti se zakleo Jahvom i strogo te opomenuo: 'Onoga dana kad budeš izišao i pošao bilo kamo, znaj dobro da ćeš umrijeti!' A ti si mi tada odgovorio: 'Dobra je riječ koju sam čuo.'
၄၂ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။
43 Zašto nisi održao zakletvu Jahvinu i zapovijed koju sam ti dao?”
၄၃သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ ငါမှာထားသော ပညတ် ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ၊
44 Još reče kralj Šimeju: “Ti znaš sve zlo koje si učinio mome ocu Davidu. Tvoje je srce toga svjesno. Jahve neka učini da se tvoja zloća obori na tvoju glavu.
၄၄တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။
45 A blagoslovljen je kralj Salomon, i prijestolje će Davidovo biti čvrsto pred Jahvom dovijeka.”
၄၅ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
46 I zapovjedi kralj Benaji, sinu Jojadinu, te on iziđe i udari Šimeja i tako Šimej umrije. Tako se učvrstilo kraljevstvo u ruci Salomonovoj.
၄၆ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ၏။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။

< 1 Kraljevima 2 >