< ⲒⲀⲔⲰⲂⲞⲤ 3 >

1 ⲁ̅ ⲙ̅ⲡⲣ̅ϣⲱⲡⲉ ⲛ̅ϩⲁϩ ⲛ̅ⲥⲁϩ. ⲛⲁⲥⲛⲏⲩ. ⲉⲧⲉⲧⲛ̅ⲥⲟⲟⲩⲛ̅ ϫⲉ ⲉⲧⲉⲧⲛⲉϫⲓ ⲛ̅ⲟⲩⲛⲟϭ ⲛ̅ⲕⲣⲓⲙⲁ.
ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများသောဆရာမဖြစ်ကြနှင့်။
2 ⲃ̅ ⲧⲛ̅ϩⲏⲩ ⲅⲁⲣ ⲧⲏⲣⲛ̅ ⲛ̅ϩⲁϩ ⲛ̅ⲥⲟⲡ. ⲉϣⲱⲡⲉ ⲉⲟⲩⲛ̅ⲟⲩⲁ ⲉⲛϥϩⲏⲩ ⲁⲛ ϩⲙ̅ⲡⲉϥϣⲁϫⲉ. ⲉⲓⲉ ⲡⲁⲓ ⲟⲩⲣⲱⲙⲉ ⲛ̅ⲧⲉⲗⲉⲓⲟⲥ ⲡⲉ. ⲉⲩⲛ̅ϭⲟⲙ ⲙ̅ⲙⲟϥ ⲉⲭⲁⲗⲓⲛⲟⲩ ⲙ̅ⲡⲉϥⲕⲉⲥⲱⲙⲁ ⲧⲏⲣϥ̅.
ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။
3 ⲅ̅ ⲉⲓⲥϩⲏⲏⲧⲉ ⲧⲛ̅ⲛⲟⲩϫⲉ ⲛ̅ⲛⲉⲭⲁⲗⲓⲛⲟⲥ ⲉⲣⲱⲟⲩ ⲛ̅ⲛⲉϩⲧⲱⲱⲣ ⲉⲧⲣⲉⲩⲥⲱⲧⲙ̅ ⲛⲁⲛ. ⲁⲩⲱ ⲧⲛ̅ⲕⲧⲟ ⲙ̅ⲡⲉⲩⲕⲉⲥⲱⲙⲁ ⲧⲏⲣϥ̅.
မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။
4 ⲇ̅ ⲉⲓⲥ ⲛ̅ⲕⲉⲉϫⲏⲩ ⲉⲧⲟ ⲛ̅ⲧⲉⲓϭⲟⲧ. ⲁⲩⲱ ⲉⲩⲣ̅ϩⲱⲧ ⲙ̅ⲙⲟⲟⲩ ϩⲓⲧⲛ̅ϩⲉⲛⲧⲏⲩ ⲉⲩⲛⲁϣⲧ̅. ⲥⲉⲕⲧⲟ ⲙ̅ⲙⲟⲟⲩ ϩⲓⲧⲛ̅ϩⲉⲛⲕⲟⲩⲓ ⲛ̅ϩⲓⲏ ⲉⲡⲥⲁ ⲉⲧϥ̅ⲟⲩⲁϣϥ̅ ⲛ̅ϭⲓⲡⲉⲧⲣ̅ϩⲙ̅ⲙⲉ.
ထိုမှတပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသော လေဟုန်နှင့်လွင့်သွားသော်လည်း၊ တက်မ ကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။
5 ⲉ̅ ⲧⲁⲓ ϩⲱⲱϥ ⲧⲉ ⲑⲉ ⲙ̅ⲡⲗⲁⲥ. ⲟⲩⲕⲟⲩⲓ ⲙ̅ⲙⲉⲗⲟⲥ ⲡⲉ ⲁⲩⲱ ⲉϥϫⲉⲛⲟϭ ⲛ̅ϣⲁϫⲉ. ⲉⲓⲥϩⲏⲏⲧⲉ ϣⲁⲣⲉⲟⲩⲕⲟⲩⲓ ⲛ̅ⲕⲱϩⲧ̅ ϫⲉⲣⲉⲟⲩⲛⲟϭ ⲛ̅ϩⲩⲗⲏ.
ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့။
6 ⲋ̅ ⲡⲗⲁⲥ ϩⲱⲱϥ ⲟⲩⲕⲱϩⲧ̅ ⲡⲉ. ⲡⲕⲟⲥⲙⲟⲥ ⲛ̅ⲧⲁⲇⲓⲕⲓⲁ ⲡⲉ ⲡⲗⲁⲥ ϩⲛ̅ⲛⲙ̅ⲙⲉⲗⲟⲥ. ⲡⲁⲓ ⲉⲧϫⲱϩⲙ̅ ⲙ̅ⲡⲥⲱⲙⲁ ⲧⲏⲣϥ̅. ⲁⲩⲱ ⲉⲧⲧⲙ̅ϩⲟ ⲙ̅ⲡⲉⲧⲣⲟⲭⲟⲥ ⲙ̅ⲡⲉϫⲡⲟ. ⲁⲩⲱ ⲉⲩⲣⲱⲕϩ̅ ⲙ̅ⲙⲟϥ ϩⲓⲧⲛ̅ⲧⲅⲉϩⲉⲛⲛⲁ. (Geenna g1067)
လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ၏။ (Geenna g1067)
7 ⲍ̅ ⲫⲩⲥⲓⲥ ⲅⲁⲣ ⲛⲓⲙ ⲛ̅ⲛⲉⲑⲏⲣⲓⲟⲛ ⲙⲛ̅ⲛ̅ϩⲁⲗⲁⲧⲉ ⲙⲛ̅ⲛ̅ϫⲁⲧϥⲉ ⲙⲛ̅ⲛ̅ⲧⲃ̅ⲧ ⲥⲉⲥⲱⲙ ⲙ̅ⲙⲟⲟⲩ ⲁⲩⲱ ⲁⲩⲥⲟⲙⲟⲩ ϩⲛ̅ⲧⲉⲫⲩⲥⲓⲥ ⲛ̅ϭⲓⲛ̅ⲣⲱⲙⲉ.
သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။
8 ⲏ̅ ⲡⲗⲁⲥ ⲇⲉ ⲉⲓⲉ ⲙⲛ̅ϭⲟⲙ ⲛ̅ⲗⲁⲁⲩ ⲛ̅ⲣⲱⲙⲉ ⲉⲇⲁⲙⲁⲍⲉ ⲙ̅ⲙⲟϥ. ⲡⲁⲓ ⲉⲧϣⲧⲣ̅ⲧⲱⲣ ⲉⲑⲟⲟⲩ. ⲉⲧⲙⲉϩ ⲙ̅ⲙⲁⲧⲟⲩ ⲛ̅ⲣⲉϥⲙⲟⲟⲩⲧ.
လျှာကိုကား၊ အဘယ်လူမဆိုမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့်ပြည့်စုံ၏။
9 ⲑ̅ ⲉϩⲣⲁⲓ ⲛ̅ϩⲏⲧϥ̅ ⲧⲛ̅ⲥⲙⲟⲩ ⲉⲡⲛⲟⲩⲧⲉ ⲡⲉⲓⲱⲧ. ⲁⲩⲱ ϩⲣⲁⲓ ⲛ̅ϩⲏⲧϥ̅ ⲧⲛ̅ⲥⲁϩⲟⲩ ⲛ̅ⲛ̅ⲣⲱⲙⲉ. ⲛⲁⲓ ⲛ̅ⲧⲁⲩⲧⲁⲙⲓⲟⲟⲩ ⲕⲁⲧⲁⲡⲉⲓⲛⲉ ⲙ̅ⲡⲛⲟⲩⲧⲉ.
ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။
10 ⲓ̅ ⲉⲃⲟⲗ ϩⲛ̅ⲧⲉⲓⲧⲁⲡⲣⲟ ⲛ̅ⲟⲩⲱⲧ ϥⲛⲏⲩ ⲉⲃⲟⲗ ⲛ̅ϭⲓⲡⲉⲥⲙⲟⲩ ⲙⲛ̅ⲡⲥⲁϩⲟⲩ. ϣ̅ϣⲉ ⲁⲛ. ⲛⲁⲥⲛⲏⲩ. ⲉⲧⲣⲉⲛⲁⲓ ϣⲱⲡⲉ ⲛ̅ⲧⲉⲓϩⲉ.
၁၀နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။
11 ⲓ̅ⲁ̅ ⲙⲏⲧⲓ ϣⲁⲣⲉϩⲟⲛⲃⲉ ⲧⲁⲩⲟ ⲉϩⲣⲁⲓ ϩⲛ̅ϯⲙⲟⲩⲙⲉ ⲛ̅ⲟⲩⲱⲧ ⲙ̅ⲡⲙⲟⲟⲩ ⲉⲧϩⲟⲗϭ̅ ⲙⲛ̅ⲡⲉⲧⲙⲟⲗϩ̅.
၁၁စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော။
12 ⲓ̅ⲃ̅ ⲛⲁⲥⲛⲏⲩ. ⲙⲏ ⲟⲩⲛ̅ϣϭⲟⲙ ⲉⲧⲣⲉⲩⲃⲱ ⲛ̅ⲕⲛ̅ⲧⲉ ⲧⲁⲩⲉϫⲟⲉⲓⲧ ⲉⲃⲟⲗ. ⲏ ⲉⲧⲣⲉⲩⲃⲱ ⲛ̅ⲉⲗⲟⲟⲗⲉ ⲧⲁⲩⲉⲕⲛ̅ⲧⲉ ⲉⲃⲟⲗ. ⲟⲩⲧⲉ ⲛ̅ⲛⲉ ⲙⲱⲗϩ̅ ⲣ̅ⲙⲟⲟⲩ ⲉϥϩⲟⲗϭ̅.
၁၂ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။
13 ⲓ̅ⲅ̅ ⲛⲓⲙ ⲡⲉ ⲡⲥⲁⲃⲉ ⲁⲩⲱ ⲡⲣⲙ̅ⲛ̅ϩⲏⲧ ⲉⲧⲛ̅ϩⲏⲧⲧⲏⲩⲧⲛ̅. ⲙⲁⲣⲉϥⲟⲩⲱⲛϩ̅ ⲉⲃⲟⲗ ϩⲛ̅ⲧⲉϥⲁⲛⲁⲥⲧⲣⲟⲫⲏ ⲉⲧⲛⲁⲛⲟⲩⲥ ϩⲛ̅ⲟⲩⲙⲛ̅ⲧⲣⲙ̅ⲣⲁϣ ⲙⲛ̅ⲟⲩⲥⲟⲫⲓⲁ.
၁၃သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။
14 ⲓ̅ⲇ̅ ⲉϣϫⲉⲟⲩⲛ̅ⲟⲩⲕⲱϩ ⲇⲉ ⲉϥⲥⲁϣⲉ ϩⲙ̅ⲡⲉⲧⲛ̅ϩⲏⲧ ⲁⲩⲱ ⲟⲩϯⲧⲱⲛ. ⲙ̅ⲡⲣ̅ϣⲟⲩϣⲟⲩ ⲙ̅ⲙⲱⲧⲛ̅ ⲁⲩⲱ ⲛ̅ⲧⲉⲧⲛ̅ϫⲓϭⲟⲗ ⲉⲧⲙⲉ.
၁၄သို့မဟုတ်သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းမရှိလျှင်၊ သမ္မာတရားကို မုသာဖြင့် ဆန်၍ မဝါကြွားကြနှင့်။
15 ⲓ̅ⲉ̅ ⲛ̅ⲧⲁⲓ ⲁⲛ ⲧⲉ ⲧⲥⲟⲫⲓⲁ ⲉⲧⲛⲏⲩ ⲉⲡⲉⲥⲏⲧ ⲉⲃⲟⲗ ϩⲛ̅ⲧⲡⲉ. ⲁⲗⲗⲁ ⲟⲩⲉⲃⲟⲗ ϩⲙ̅ⲡⲕⲁϩ ⲧⲉ ⲙ̅ⲡⲯⲩⲭⲓⲕⲟⲛ ⲙ̅ⲙⲛ̅ⲧⲣⲉϥϣⲟⲟⲣ.
၁၅ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။
16 ⲓ̅ⲋ̅ ⲡⲙⲁ ⲅⲁⲣ ⲉⲧⲉⲣⲉⲕⲱϩ ϩⲓϯⲧⲱⲛ ⲛ̅ϩⲏⲧϥ̅. ϥⲙ̅ⲙⲟⲟⲩ ⲛ̅ϭⲓⲡⲉϣⲧⲟⲣⲧⲣ̅ ⲙⲛ̅ϩⲱⲃ ⲛⲓⲙ ⲉⲑⲟⲟⲩ.
၁၆အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။
17 ⲓ̅ⲍ̅ ⲧⲥⲟⲫⲓⲁ ⲇⲉ ⲧⲉⲉⲃⲟⲗ ϩⲛ̅ⲧⲡⲉ ⲛ̅ϣⲟⲣⲡ̅ ⲙⲉⲛ ⲥⲟⲩⲁⲁⲃ. ⲙⲛ̅ⲛ̅ⲥⲱⲥ ⲟⲩⲉⲓⲣⲏⲛⲓⲕⲟⲛ ⲧⲉ̅. ⲛ̅ϩⲁⲕ. ⲛ̅ⲣⲉϥⲉⲡⲓⲑⲩⲙⲉⲓ ⲉⲡⲡⲉⲧⲛⲁⲛⲟⲩϥ. ⲉⲥⲙⲉϩ ⲛ̅ⲛⲁ ϩⲓⲕⲁⲣⲡⲟⲥ ⲉⲛⲁⲛⲟⲩϥ. ⲉⲙⲉⲥⲇⲓⲁⲕⲣⲓⲛⲉ. ⲙⲉⲥϩⲩⲡⲟⲕⲣⲓⲛⲉ.
၁၇အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။
18 ⲓ̅ⲏ̅ ⲡⲕⲁⲣⲡⲟⲥ ⲇⲉ ⲛ̅ⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲉⲩϫⲡⲟ ⲙ̅ⲙⲟϥ.
၁၈အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ၏။

< ⲒⲀⲔⲰⲂⲞⲤ 3 >