< ⲚⲒⲠⲢⲀⲜⲒⲤ 28 >
1 ⲁ̅ ⲁⲩⲱ ⲛ̅ⲧⲉⲣⲉⲛⲟⲩϫⲁⲓ̈. ⲧⲟⲧⲉ ⲁⲛⲥⲟⲩⲛ̅ⲧⲛⲏⲥⲟⲥ ϫⲉ ⲙⲓⲗⲏⲧⲏ ⲡⲉ ⲡⲉⲥⲣⲁⲛ.
၁ကျွန်ုပ်တို့သည်ဘေးကင်းစွာကုန်းပေါ်သို့ ရောက်ကြသောအခါ ထိုကျွန်းကိုမေလိတေ ကျွန်းဟုခေါ်ကြောင်းသိရှိကြ၏။-
2 ⲃ̅ ⲛ̅ⲃⲁⲣⲃⲁⲣⲟⲥ ⲇⲉ ⲁⲩⲉⲓⲣⲉ ⲛⲁⲛ ⲛ̅ⲟⲩⲛⲟϭ ⲙ̅ⲙⲛ̅ⲧⲙⲁⲓ̈ⲣⲱⲙⲉ. ⲁⲩϫⲉⲣⲟ ⲅⲁⲣ ⲛ̅ⲟⲩⲕⲱϩⲧ̅ ⲁⲩϣⲟⲡⲛ̅ ⲉⲣⲟⲟⲩ ⲉⲧⲃⲉⲡϫⲁϥ ⲉⲧⲛ̅ⲃⲟⲗ ⲙⲛ̅ⲡϩⲱⲟⲩ.
၂ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
3 ⲅ̅ ⲛ̅ⲧⲉⲣⲉⲡⲁⲩⲗⲟⲥ ⲇⲉ ϭⲗ̅ⲟⲩⲁϣⲏ ⲛ̅ϭⲗ̅ⲙ ⲁϥⲛⲟϫⲟⲩ ⲉⲡⲕⲱϩⲧ̅. ⲁⲩϩⲃⲱ ⲉⲓ ⲉⲃⲟⲗ ϩⲛ̅ⲑⲙ̅ⲙⲉ ⲁⲥⲙⲁϩⲣⲱⲥ ⲛ̅ⲧⲉϥϭⲓϫ.
၃ပေါလုသည်ထင်းတစ်စည်းကိုယူပြီးလျှင်မီး ထဲသို့ထည့်လိုက်၏။ ထိုအခါမီးပူရှိန်ကြောင့် ထင်းစည်းထဲမှမြွေတစ်ကောင်ထွက်လာပြီး နောက် ပေါလု၏လက်ကိုတွယ်လျက်နေ၏။-
4 ⲇ̅ ⲛ̅ⲧⲉⲣⲉⲛ̅ⲃⲁⲣⲃⲁⲣⲟⲥ ⲇⲉ ⲛⲁⲩ ⲉⲡⲉⲑⲏⲣⲓⲟⲛ ⲉϥⲁϣⲉ ⲛ̅ⲥⲁⲧⲉϥϭⲓϫ. ⲡⲉϫⲁⲩ ⲛ̅ⲛⲉⲩⲉⲣⲏⲩ ϫⲉ ⲡⲁⲛⲧⲱⲥ ⲡⲉⲓ̈ⲣⲱⲙⲉ ⲟⲩⲣⲉϥϩⲱⲧⲃ̅ ⲡⲉ. ϫⲉ ⲛ̅ⲧⲉⲣⲉϥⲟⲩϫⲁⲓ̈ ⲉⲃⲟⲗ ϩⲛ̅ⲑⲁⲗⲁⲥⲥⲁ ⲙ̅ⲡⲉⲡⲉϥⲙ̅ⲡϣⲁ ⲕⲁⲁϥ ⲉⲱⲛϩ̅.
၄သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
5 ⲉ̅ ⲛ̅ⲧⲟϥ ⲇⲉ ⲛ̅ⲧⲉⲣⲉϥⲛⲟⲩϩⲉ ⲙ̅ⲡⲉⲑⲏⲣⲓⲟⲛ ⲉϩⲣⲁⲓ̈ ⲉⲡⲕⲱϩⲧ̅ ⲙ̅ⲡϥ̅ⲙ̅ⲕⲁϩ ⲗⲁⲁⲩ.
၅သို့ရာတွင်ပေါလုသည်မြွေကိုမီးထဲသို့ခါ ၍ချလိုက်၏။ သို့သော်အဘယ်သို့မျှဘေး ဥပဒ်မဖြစ်။-
6 ⲋ̅ ⲛ̅ⲧⲟⲟⲩ ⲇⲉ ⲛⲉⲩϭⲱϣⲧ̅ ⲛⲥⲱϥ ⲡⲉ. ϩⲱⲥ ⲉϥⲛⲁϣⲱϩⲃ̅. ⲏ̅ ⲛϥ̅ϩⲉ ⲉϩⲣⲁⲓ̈ ϩⲛ̅ⲟⲩϣⲥⲛⲉ ⲛϥ̅ⲙⲟⲩ. ⲉⲩⲉⲓⲟⲣⲙ̅ ⲇⲉ ⲛ̅ⲥⲱϥ ⲛ̅ⲟⲩⲛⲟϭ ⲛ̅ⲕⲟⲟⲩ. ⲁⲩⲱ ⲉⲩⲛⲁⲩ ϫⲉ ⲙ̅ⲡⲉⲗⲁⲁⲩ ⲙ̅ⲡⲉⲑⲟⲟⲩ ⲧⲁϩⲟϥ. ⲁⲩⲕ̅ⲧⲟⲟⲩ ⲡⲉϫⲁⲩ ϫⲉ ⲟⲩⲛⲟⲩⲧⲉ ⲡⲉ.
၆ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
7 ⲍ̅ ⲛⲉⲩⲛ̅ϩⲉⲛϭⲟⲟⲙ ⲇⲉ ⲡⲉ ⲙ̅ⲡⲕⲱⲧⲉ ⲉⲧⲙ̅ⲙⲁⲩ ⲉⲛⲁⲡⲁⲣⲭⲱⲛ ⲛ̅ⲧⲛⲏⲥⲟⲥ ⲉⲡⲉϥⲣⲁⲛ ⲡⲉ ⲡⲟⲩⲡⲗⲓⲟⲥ. ⲡⲁⲓ̈ ⲁϥϣⲟⲡⲛ̅ ⲉⲣⲟϥ ⲛ̅ϣⲟⲙⲛ̅ⲧ ⲛ̅ϩⲟⲟⲩ. ⲁϥⲣ̅ⲟⲩⲛⲟϭ ⲉⲣⲟⲛ ⲙⲙⲛ̅ⲧⲙⲁⲓ̈ϣⲙ̅ⲙⲟ.
၇ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။-
8 ⲏ̅ ⲁⲥϣⲱⲡⲉ ⲇⲉ ⲉⲧⲣⲉⲡⲉⲓⲱⲧ ⲙ̅ⲡⲟⲩⲡⲗⲓⲟⲥ ϩⲙⲟⲙ ⲁⲩⲱ ⲛϥ̅ϣⲱⲛⲉ ⲉϩⲏⲧϥ ⲛϥ̅ⲛ̅ⲕⲟⲧⲕ̅. ⲡⲁⲩⲗⲟⲥ ⲁϥⲃⲱⲕ ⲉϩⲟⲩⲛ ϣⲁⲣⲟϥ ⲁϥϣⲗⲏⲗ. ⲁϥⲧⲁⲗⲉⲧⲟⲟⲧϥ̅ ⲉϩⲣⲁⲓ̈ ⲉϫⲱϥ. ⲁϥⲧⲁⲗϭⲟϥ.
၈ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။-
9 ⲑ̅ ⲛ̅ⲧⲉⲣⲉⲡⲁⲓ̈ ⲇⲉ ϣⲱⲡⲉ ⲡⲕⲉⲥⲉⲉⲡⲉ ⲉⲧϩⲛ̅ⲧⲛⲏⲥⲟⲥ ⲉⲧϣⲟⲟⲡ ϩⲛ̅ϩⲉⲛϣⲱⲛⲉ. ⲁⲩϯⲡⲉⲩⲟⲩⲟⲓ̈ ⲉⲣⲟϥ ⲁϥⲣ̅ⲡⲁϩⲣⲉ ⲉⲣⲟⲟⲩ.
၉ထိုအခါကျွန်းပေါ်ရှိအခြားမကျန်းမာ သောသူအပေါင်းတို့သည်ပေါလုထံသို့လာ ကြ၏။ ပေါလုသည်သူတို့ကိုကျန်းမာစေ၏။-
10 ⲓ̅ ⲛ̅ⲧⲟⲟⲩ ⲇⲉ ⲁⲩⲉⲓⲛⲉ ⲛⲁⲛ ⲛ̅ϩⲉⲛⲛⲟϭ ⲛ̅ⲧⲁⲓ̈ⲟ. ⲛ̅ⲧⲉⲣⲛ̅ⲛⲟⲩ ⲇⲉ ⲉⲕⲱ ⲉⲃⲟⲗ ⲁⲛⲧⲁⲗⲟ ⲙ̅ⲡⲉⲧⲛ̅ⲣ̅ⲭⲣⲓⲁ ⲛⲁϥ.
၁၀သူတို့သည်ကျွန်ုပ်တို့အားလက်ဆောင်များပေး ကြ၏။ ကျွန်ုပ်တို့ထွက်ခွာမည်ပြုသောအခါ၌ လည်းလိုအပ်သည့်စားနပ်ရိက္ခာများကို သင်္ဘောပေါ်သို့ပို့ပေးကြ၏။
11 ⲓ̅ⲁ̅ ⲙⲛ̅ⲛ̅ⲥⲁϣⲟⲙⲛ̅ⲧ ⲛ̅ⲉⲃⲟⲧ. ⲁⲛⲥϭⲏⲣ ϩⲓⲟⲩϫⲟⲓ̈ ⲛ̅ⲧⲉⲣⲁⲕⲟⲧⲉ. ⲉⲁϥⲙⲟⲟⲛⲉ ⲉⲧⲛⲏⲥⲟⲥ. ⲉⲣⲉⲟⲩⲙⲁⲉⲓⲛ ⲙ̅ⲙⲟϥ ⲛ̅ⲇⲓⲟⲥⲕⲟⲣⲟⲥ.
၁၁သုံးလကြာသော်ကျွန်ုပ်တို့သည် ထိုကျွန်းတွင် ဆောင်းခိုနေခဲ့သည့်သင်္ဘောဖြင့်ရွက်လွှင့်ကြ၏။ သင်္ဘောသည်အာလေဇန္ဒြိမြို့မှလာ၍နတ် အမြွှာညီနောင်ဟုအမည်တွင်၏။-
12 ⲓ̅ⲃ̅ ⲁⲩⲱ ⲛ̅ⲧⲉⲣⲛ̅ⲙⲟⲟⲛⲉ ⲉⲥⲩⲣⲁⲕⲟⲩⲥⲁ ⲁⲛⲣ̅ϣⲟⲙⲛ̅ⲧ ⲛ̅ϩⲟⲟⲩ ⲙ̅ⲙⲁⲩ.
၁၂ကျွန်ုပ်တို့သည်သုရကုတ်မြို့တွင်သင်္ဘောဆိုက် ကပ်၍ ထိုမြို့တွင်သုံးရက်မျှနေ၏။-
13 ⲓ̅ⲅ̅ ⲉⲃⲟⲗ ⲇⲉ ϩⲙ̅ⲡⲙⲁ ⲉⲧⲙ̅ⲙⲁⲩ ⲁⲛⲥϭⲏⲣ ⲁⲛⲕⲁⲧⲁⲛⲧⲁ ⲉϩⲣⲏⲅⲓⲟⲥ. ⲁⲩⲱ ⲙⲛ̅ⲛ̅ⲥⲁⲟⲩϩⲟⲟⲩ ⲛ̅ⲧⲉⲣⲉⲟⲩⲧⲟⲩⲣⲏⲥ ⲛⲓϥⲉ. ⲁⲛⲉⲓ ⲙⲡⲉⲛⲥⲛⲁⲩ ⲉⲡⲟⲛⲧⲓⲟⲗⲟⲥ.
၁၃ထိုမြို့မှရွက်လွှင့်ပြန်ရာရေဂျုန်မြို့သို့ရောက် ကြ၏။ နောက်တစ်နေ့၌တောင်လေလာသဖြင့် နှစ်ရက်ကြာသော်ပေါတယောလိမြို့သို့ရောက် ကြ၏။-
14 ⲓ̅ⲇ̅ ⲁⲛϩⲉ ⲉϩⲉⲛⲥⲛⲏⲩ ⲙ̅ⲙⲁⲩ. ⲁⲩⲥⲉⲡⲥⲱⲡⲛ̅ ⲉϭⲱ ϩⲁⲧⲏⲩ ⲛ̅ⲥⲁϣϥ̅ ⲛ̅ϩⲟⲟⲩ. ⲁⲩⲱ ⲧⲁⲓ̈ ⲧⲉ ⲑⲉ ⲛ̅ⲧⲁⲛⲃⲱⲕ ⲉϩⲣⲱⲙⲏ.
၁၄ထိုမြို့တွင်ယုံကြည်သူအချို့တို့ကိုတွေ့၍ သူတို့က မိမိတို့နှင့်ခုနစ်ရက်မျှနေရန် တောင်းပန်သည်အတိုင်းနေပြီးနောက် ရောမမြို့သို့ခရီးဆက်ကြ၏။-
15 ⲓ̅ⲉ̅ ⲛⲉⲥⲛⲏⲩ ⲇⲉ ⲛ̅ⲧⲉⲣⲟⲩⲥⲱⲧⲙ̅ ⲙ̅ⲙⲁⲩ ⲉⲧⲃⲏⲧⲛ̅. ⲁⲩⲉⲓ ⲉⲃⲟⲗ ⲛ̅ϣⲟⲙⲧⲉ ⲙ̅ⲙⲟⲛⲏ ϣⲁⲡⲡⲓⲟⲥ ⲫⲟⲣⲟⲥ ⲉⲧⲱⲙⲛ̅ⲧ ⲉⲣⲟⲛ. ⲛ̅ⲧⲉⲣⲉⲡⲁⲩⲗⲟⲥ ⲇⲉ ⲛⲁⲩ ⲉⲣⲟⲟⲩ. ⲁϥⲧⲱⲕ ⲛ̅ϩⲏⲧ. ⲁϥⲉⲩⲭⲁⲣⲓⲥⲧⲓ ⲙ̅ⲡⲛⲟⲩⲧⲉ.
၁၅ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။
16 ⲓ̅ⲋ̅ ⲛ̅ⲧⲉⲣⲛ̅ⲃⲱⲕ ⲇⲉ ⲉϩⲟⲩⲛ ⲉϩⲣⲱⲙⲏ. ⲁⲡϩⲉⲕⲁⲧⲟⲛⲧⲁⲣⲭⲟⲥ ϯⲛⲉⲧⲙⲏⲣ ⲉⲧⲟⲟⲧϥ̅ ⲙ̅ⲡⲁⲣⲭⲱⲛ ⲛ̅ⲙ̅ⲙⲁⲧⲟⲓ̈. ⲁϥⲕⲁⲡⲁⲩⲗⲟⲥ ⲇⲉ ⲉⲧⲣⲉϥϭⲱ ϩⲁⲣⲓϩⲁⲣⲟϥ ⲙⲛ̅ⲡⲙⲁⲧⲟⲓ̈ ⲉⲧϩⲁⲣⲉϩ ⲉⲣⲟϥ.
၁၆ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။
17 ⲓ̅ⲍ̅ ⲁⲥϣⲱⲡⲉ ⲇⲉ ⲙⲛ̅ⲛ̅ⲥⲁϣⲟⲙⲛ̅ⲧ ⲛ̅ϩⲟⲟⲩ. ⲁϥⲙⲟⲩⲧⲉ ⲉⲛⲁⲣⲭⲱⲛ ⲛ̅ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲡⲉϫⲁϥ ⲛⲁⲩ. ϫⲉ ⲛ̅ⲣⲱⲙⲉ ⲛⲁⲥⲛⲏⲩ. ⲁⲛⲟⲕ ⲛ̅ⲧⲁⲓ̈ϯ ⲁⲛ ⲟⲩⲃⲉⲡⲗⲁⲟⲥ ⲏ̅ ⲡⲥⲱⲛⲧ̅ ⲛ̅ⲛⲉⲛⲉⲓⲟⲧⲉ. ⲁⲩϯ ⲙ̅ⲙⲟⲓ̈ ⲉⲓ̈ⲙⲏⲣ ⲉⲃⲟⲗ ϩⲛ̅ⲑⲓ̅ⲗ̅ⲏ̅ⲙ ⲉϩⲣⲁⲓ̈ ⲉⲛϭⲓϫ ⲛ̅ⲛⲉϩⲣⲱⲙⲁⲓⲟⲥ.
၁၇နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
18 ⲓ̅ⲏ̅ ⲛ̅ⲧⲟⲟⲩ ⲇⲉ ⲛ̅ⲧⲉⲣⲟⲩⲁⲛⲁⲕⲣⲓⲛⲉ ⲙ̅ⲙⲟⲓ̈. ⲁⲩⲟⲩⲱϣ ⲉⲕⲁⲁⲧ ⲉⲃⲟⲗ. ⲉⲧⲃⲉϫⲉⲙ̅ⲡⲟⲩϩⲉ ⲉⲗⲁⲁⲩ ⲛ̅ⲁⲓⲧⲓⲁ ⲙ̅ⲙⲟⲩ ϩⲣⲁⲓ̈ ⲛ̅ϩⲏⲧ.
၁၈ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
19 ⲓ̅ⲑ̅ ⲛ̅ⲧⲉⲣⲉⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲇⲉ ϯ ⲟⲩⲃⲏⲓ̈ ⲁⲩⲁⲛⲁⲅⲕⲁⲍⲉ ⲙ̅ⲙⲟⲓ̈ ⲉⲧⲣⲁⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲡⲣ̅ⲣⲟ. ϩⲱⲥⲉⲓ̈ⲛⲁⲕⲁⲧⲏⲅⲟⲣⲓ ⲁⲛ ⲙ̅ⲡⲁϩⲉⲑⲛⲟⲥ.
၁၉သို့ရာတွင်ယုဒအမျိုးသားတို့ကကန့်ကွက် ကြသောကြောင့် ငါသည်မလွဲမရှောင်သာတော့ ဘဲဧကရာဇ်ဘုရင်ထံအယူခံရ၏။ သို့ပြု ရခြင်းမှာမိမိ၏အမျိုးသားတို့အားစွပ် စွဲပြောဆိုရန်အကြောင်းရှိ၍မဟုတ်။-
20 ⲕ̅ ⲉⲧⲃⲉⲧⲉⲓ̈ⲉⲧⲓⲁ ϭⲉ ⲁⲓ̈ⲥⲉⲡⲥ̅ⲧⲏⲩⲧⲛ̅ ⲉⲛⲁⲩ ⲉⲣⲱⲧⲛ̅ ⲁⲩⲱ ⲉϣⲁϫⲉ ⲛⲙ̅ⲙⲏⲧⲛ̅. ⲉⲓ̈ⲙⲏⲣ ⲅⲁⲣ ⲛ̅ⲧⲉⲓ̈ϩⲁⲗⲩⲥⲓⲥ ⲉⲧⲃⲉⲑⲉⲗⲡⲓⲥ ⲙ̅ⲡⲓ̅ⲏ̅ⲗ.
၂၀သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
21 ⲕ̅ⲁ̅ ⲛ̅ⲧⲟⲟⲩ ϭⲉ ⲡⲉϫⲁⲩ ⲛⲁϥ ϫⲉ ⲁⲛⲟⲛ ⲟⲩⲇⲉ ⲙ̅ⲡⲛ̅ϫⲓⲥϩⲁⲓ̈ ⲉⲧⲃⲏⲏⲧⲕ̅ ⲉⲃⲟⲗ ϩⲛ̅ϯⲟⲩⲇⲁⲓⲁ. ⲟⲩⲇⲉ ⲙ̅ⲡⲉⲟⲩⲁ ⲛ̅ⲛⲉⲥⲛⲏⲩ ⲉⲓ ⲛϥ̅ⲧⲁⲙⲟⲛ ⲛϥ̅ϫⲱ ⲛⲟⲩⲡⲉⲑⲟⲟⲩ ⲉⲧⲃⲏⲧⲕ̅.
၂၁ထိုသူတို့က ``ငါတို့သည်သင်၏အကြောင်း ယုဒပြည်မှစာတစ်စောင်မျှမရခဲ့ကြပါ။ ငါတို့ယုဒအမျိုးသားညီအစ်ကိုတစ်စုံတစ် ယောက်မျှလည်း လာရောက်၍သင်၏အကြောင်း မကောင်းသတင်းမပြောပါ။-
22 ⲕ̅ⲃ̅ ⲧⲛ̅ⲁⲝⲓⲟⲩ ⲇⲉ ⲙ̅ⲙⲟⲕ ⲉⲧⲣⲉⲛⲥⲱⲧⲙ̅ ⲉⲛⲉⲧⲕ̅ⲙⲉⲉⲩⲉ ⲉⲣⲟⲟⲩ. ⲉⲧⲃⲉⲧⲉⲓ̈ϩⲁⲓⲣⲉⲥⲓⲥ ⲅⲁⲣ ⲁⲩⲧⲁⲙⲟⲛ ϫⲉ ⲥⲉⲁⲛⲧⲓⲗⲉⲅⲉ ϩⲓⲱⲱⲥ ϩⲙ̅ⲙⲁ ⲛⲓⲙ.
၂၂သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
23 ⲕ̅ⲅ̅ ⲁⲩⲧⲁⲥⲥⲉ ⲇⲉ ⲛⲁϥ ⲉⲩϩⲟⲟⲩ ⲁⲩⲉⲓ ϣⲁⲣⲟϥ ⲛ̅ϭⲓⲟⲩⲙⲏⲏϣⲉ ⲉⲡⲙⲁ ⲉⲧϥ̅ⲛ̅ϩⲏⲧϥ̅. ⲁⲩⲱ ⲁϥϣⲁϫⲉ ⲛⲙ̅ⲙⲁⲩ ⲉϥⲣ̅ⲙⲛ̅ⲧⲣⲉ ⲛ̅ⲧⲙⲛ̅ⲧⲉⲣⲟ ⲙ̅ⲡⲛⲟⲩⲧⲉ. ⲉϥⲡⲓⲑⲉ ⲙ̅ⲙⲟⲟⲩ ⲉⲧⲃⲉⲓ̅ⲥ̅ ⲉⲃⲟⲗ ϩⲙ̅ⲡⲛⲟⲙⲟⲥ ⲙ̅ⲙⲱⲩ̈ⲥⲏⲥ ⲙⲛ̅ⲛⲉⲡⲣⲟⲫⲏⲧⲏⲥ ϫⲓⲛϩⲧⲟⲟⲩⲉ ϣⲁⲣⲟⲩϩⲉ.
၂၃ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
24 ⲕ̅ⲇ̅ ϩⲟⲓ̈ⲛⲉ ⲇⲉ ⲁⲩⲡⲓⲑⲉ ⲉⲛⲉⲧϥ̅ϫⲱ ⲙ̅ⲙⲟⲟⲩ. ϩⲉⲛⲕⲟⲟⲩⲉ ⲇⲉ ⲁⲩⲣ̅ⲁⲧⲛⲁϩⲧⲉ.
၂၄လူအချို့တို့သည်ပေါလု၏ဟောပြောချက် ကိုနားလည်သဘောပေါက်လာကြသော် လည်း အချို့သူတို့မူကားမယုံကြည်ကြ။-
25 ⲕ̅ⲉ̅ ⲁⲩⲉⲓ ⲇⲉ ⲉⲃⲟⲗ ⲛ̅ⲥⲉⲧⲏⲧ ⲁⲛ ⲛ̅ϩⲏⲧ ⲙⲛ̅ⲛⲉⲩⲉⲣⲏⲩ. ⲉⲁⲡⲁⲩⲗⲟⲥ ϫⲱ ⲛⲁⲩ ⲛ̅ⲟⲩϣⲁϫⲉ ⲛ̅ⲟⲩⲱⲧ. ϫⲉ ⲕⲁⲗⲱⲥ ⲁⲡⲉⲡ̅ⲛ̅ⲁ̅ ⲉⲧⲟⲩⲁⲁⲃ ϣⲁϫⲉ ⲙⲛ̅ⲛⲉⲧⲛ̅ⲉⲓⲟⲧⲉ ⲉⲃⲟⲗ ϩⲓⲧⲛ̅ⲏ̅ⲥⲁⲓ̈ⲁⲥ ⲡⲉⲡⲣⲟⲫⲏⲧⲏⲥ
၂၅ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။
26 ⲕ̅ⲋ̅ ⲉϥϫⲱ ⲙ̅ⲙⲟⲥ. ϫⲉ ⲃⲱⲕ ⲛ̅ⲛⲁϩⲣ̅ⲙⲡⲉⲓ̈ⲗⲁⲟⲥ ⲛⲅ̅ϫⲟⲟⲥ ⲛⲁⲩ ϫⲉ ϩⲛ̅ⲟⲩⲥⲱⲧⲙ̅ ⲧⲉⲧⲛⲁⲥⲱⲧⲙ̅ ⲛ̅ⲧⲉⲧⲛ̅ⲧⲙ̅ⲛⲟⲓ̈. ⲁⲩⲱ ϩⲛ̅ⲟⲩⲛⲁⲩ ⲧⲉⲧⲛⲁⲛⲁⲩ ⲛ̅ⲧⲉⲧⲛ̅ⲧⲙ̅ⲉⲓⲱⲣϩ̅.
၂၆`ဤလူမျိုးထံသို့သွား၍ပြောကြားလော့။ သင်တို့သည်ကြိုးစား၍နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်။ ကြိုးစား၍ကြည့်သော်လည်းမြင်လိမ့်မည်မဟုတ်။
27 ⲕ̅ⲍ̅ ⲁϥⲛ̅ϣⲟⲧ ⲅⲁⲣ ⲛ̅ϭⲓⲫⲏⲧ ⲙ̅ⲡⲉⲓ̈ⲗⲁⲟⲥ ⲁⲩⲱ ⲁⲩϩⲣⲟϣ ⲉⲥⲱⲧⲙ̅ ϩⲛ̅ⲛⲉⲩⲙⲁⲁϫⲉ. ⲁⲩⲱ ⲁⲩϣⲧⲁⲙ ⲛ̅ⲛⲉⲩⲃⲁⲗ. ⲙⲏⲡⲱⲥ ⲛ̅ⲥⲉⲛⲁⲩ ϩⲛ̅ⲛⲉⲩⲃⲁⲗ ⲛ̅ⲥⲉⲥⲱⲧⲙ̅ ϩⲛ̅ⲛⲉⲩⲙⲁⲁϫⲉ ⲛ̅ⲥⲉⲛⲟⲓ̈ ϩⲙ̅ⲡⲉⲩϩⲏⲧ ⲛ̅ⲥⲉⲕⲟⲧⲟⲩ ⲧⲁⲧⲁⲗϭⲟⲟⲩ.
၂၇အဘယ်ကြောင့်ဆိုသော်ဤလူမျိုး၏ စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်သူတို့၏ မျက်စိများသည်ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။ အကယ်၍သာဤသို့မဖြစ်ဘဲသူတို့၏ မျက်စိများသည်မြင်နိုင်လျက်၊ နားများသည်ကြားနိုင်လျက်စိတ်နှလုံးများသည် သိနားလည်ကြပါမူ၊ သူတို့သည်စိတ်သဘောပြောင်းလဲလာကြမည် ဖြစ်၍ ငါသည်လည်းသူတို့အားကျန်းမာစေတော် မူမည်' '' ဟုဆိုလေသည်။
28 ⲕ̅ⲏ̅ ⲙⲁⲣⲉϥⲟⲩⲱⲛϩ̅ ϭⲉ ⲛⲏⲧⲛ̅ ⲉⲃⲟⲗ ϫⲉ ⲛ̅ⲧⲁⲩⲧⲛ̅ⲛⲟⲟⲩ ⲙ̅ⲡⲉⲓ̈ⲟⲩⲇⲁⲓ̈ ⲛ̅ⲧⲉⲡⲛⲟⲩⲧⲉ ⲛ̅ⲛ̅ϩⲉⲑⲛⲟⲥ ⲁⲩⲱ ⲛ̅ⲧⲟⲟⲩ ⲛⲉⲧⲛⲁⲥⲱⲧⲙ̅.
၂၈နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
၂၉(ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။)
30 ⲗ̅ ⲁⲡⲁⲩⲗⲟⲥ ⲇⲉ ⲣ̅ⲣⲙ̅ⲡⲉ ⲥⲛ̅ⲧⲉ ⲧⲏⲣⲟⲩ. ⲉϥⲟⲩⲏϩ ϩⲛ̅ⲟⲩⲙⲁ ⲉⲁϥⲙⲓⲥⲑⲟⲩ ⲙⲙⲟϥ. ⲁⲩⲱ ⲛⲉϥϣⲱⲡ ⲉϩⲟϥ ⲛ̅ⲟⲩⲟⲛ ⲛⲓⲙ ⲉⲧⲃⲏⲕ ⲛⲁϥ ⲉϩⲟⲩⲛ.
၃၀ပေါလုသည်ထိုမြို့တွင်နှစ်နှစ်ပတ်လုံး မိမိငှား ရမ်းထားသည့်အိမ်တွင်နေ၏။ မိမိထံလာရောက် ကြသူအပေါင်းတို့အားကြိုဆိုဧည့်ခံလျက်၊-
31 ⲗ̅ⲁ̅ ⲉϥⲕⲏⲣⲩⲥⲥⲉ ⲛ̅ⲧⲙⲛ̅ⲧⲉⲣⲟ ⲙ̅ⲡⲛⲟⲩⲧⲉ. ⲁⲩⲱ ⲉϥϯⲥⲃⲱ ⲉⲧⲃⲉⲡϫⲟⲉⲓⲥ ⲓ̅ⲥ̅ ⲡⲉⲭ̅ⲥ̅. ϩⲙ̅ⲡⲁⲣⲣⲏⲥⲓⲁ ⲛⲓⲙ ⲁϫⲛ̅ϯⲥⲟ· ⲛⲉⲡⲣⲁⲝⲓⲥ ⲛ̅ⲁⲡⲟⲥⲧⲟⲗⲟⲥ.
၃၁ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟော ပြော၍ သခင်ယေရှု၏အကြောင်းတော်ကို အဆီးအတားမရှိဘဲရဲရင့်စွာဟောပြော သွန်သင်လျက်နေ၏။ ရှင်လုကာစီရင်ရေးသားသောတမန်တော် ဝတ္ထုပြီး၏။