< ⲖⲞⲨⲔⲞⲚ 14 >
1 ⲁ̅ ⲞⲨⲞϨ ⲀⲤϢⲰⲠⲒ ⲈⲦⲀϤⲒ ⲈϦⲞⲨⲚ ⲈⲠⲎⲒ ⲚⲞⲨⲀⲢⲬⲰⲚ ⲚⲦⲈⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ϦⲈⲚⲠⲤⲀⲂⲂⲀⲦⲞⲚ ⲈⲞⲨⲰⲘ ⲚⲞⲨⲰⲒⲔ ⲞⲨⲞϨ ⲚⲐⲰⲞⲨ ⲚⲀⲨϮ ⲚϨⲐⲎⲞⲨ ⲚⲀϤ ⲠⲈ.
၁တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲ တ ယောက် ၏အိမ်သို့ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။
2 ⲃ̅ ⲞⲨⲞϨ ϨⲎⲠⲠⲈ ⲚⲈⲞⲨⲞⲚ ⲞⲨⲢⲰⲘⲒ ⲚϨⲨⲆⲢⲰⲠⲒⲔⲞⲤ ⲈϤⲬⲎ ⲘⲠⲈϤⲘⲐⲞ ⲈⲂⲞⲖ.
၂ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။
3 ⲅ̅ ⲞⲨⲞϨ ⲀϤⲈⲢⲞⲨⲰ ⲚϪⲈⲒⲎⲤⲞⲨⲤ ⲠⲈϪⲀϤ ⲚⲚⲒⲚⲞⲘⲒⲔⲞⲤ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲈϤϪⲰ ⲘⲘⲞⲤ ⲤϢⲈ ⲚⲈⲢⲠⲈⲐⲚⲀⲚⲈϤ ϦⲈⲚⲠⲤⲀⲂⲂⲀⲦⲞⲚ ϢⲀⲚ ⲘⲘⲞⲚ.
၃ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊
4 ⲇ̅ ⲚⲐⲰⲞⲨ ⲆⲈ ⲀⲨⲬⲀⲢⲰⲞⲨ ⲞⲨⲞϨ ⲀϤⲀⲘⲞⲚⲒ ⲘⲘⲞϤ ⲀϤⲦⲀⲖϬⲞϤ ⲀϤⲬⲀϤ ⲈⲂⲞⲖ.
၄သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏။
5 ⲉ̅ ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲚⲒⲘ ϦⲈⲚⲐⲎⲚⲞⲨ ⲈⲦⲈ ⲠⲈϤⲒⲰ ⲒⲈ ⲦⲈϤⲈϨⲈ ⲚⲀϨⲈⲒ ⲈϦⲢⲎⲒ ⲈⲞⲨϢⲰϮ ⲞⲨⲞϨ ϤⲚⲀⲈⲚϤ ⲈⲠϢⲰⲒ ⲀⲚ ⲤⲀⲦⲞⲦϤ ϦⲈⲚⲠⲈϨⲞⲞⲨ ⲚⲦⲈⲚⲒⲤⲀⲂⲂⲀⲦⲞⲚ
၅ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေ မည့်သူတစုံတယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင်၊
6 ⲋ̅ ⲞⲨⲞϨ ⲘⲠⲞⲨϢϪⲈⲘϪⲞⲘ ⲚⲈⲢⲞⲨⲰ ⲚⲀϤ ⲞⲨⲂⲈ ⲚⲀⲒ.
၆ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။
7 ⲍ̅ ⲚⲀϤϪⲰ ⲆⲈ ⲚⲞⲨⲠⲀⲢⲀⲂⲞⲖⲎ ⲚⲚⲎ ⲈⲦⲐⲀϨⲈⲘ ⲈϤⲚⲀⲨ ϪⲈ ⲠⲰⲤ ⲚⲀⲨⲤⲰⲦⲠ ⲚⲰⲞⲨ ⲚⲚⲒϢⲞⲢⲠ ⲘⲘⲀⲚⲢⲰⲦⲈⲂ ⲈϤϪⲰ ⲘⲘⲞⲤ
၇ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊
8 ⲏ̅ ϪⲈ ϨⲞⲦⲀⲚ ⲀⲢⲈϢⲀⲚ ⲞⲨⲀⲒ ⲐⲀϨⲘⲈⲔ ⲈϨⲀⲚϨⲞⲠ ⲘⲠⲈⲢⲢⲰⲦⲈⲂ ⲈⲠⲒϢⲞⲢⲠ ⲘⲘⲀⲚⲢⲰⲦⲈⲂ ⲘⲎⲠⲰⲤ ⲀⲨⲐⲀϨⲈⲘ ⲔⲈⲞⲨⲀⲒ ⲈϤⲦⲀⲒⲎ ⲞⲨⲦ ⲈϨⲞⲦⲈⲢⲞⲔ
၈သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့ လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊
9 ⲑ̅ ⲞⲨⲞϨ ⲚⲦⲈϤⲒ ⲚϪⲈⲪⲎ ⲈⲦⲀϤⲐⲀϨⲘⲈⲔ ⲚⲈⲘⲀϤ ⲞⲨⲞϨ ⲚⲦⲈϤϪⲞⲤ ⲚⲀⲔ ϪⲈ ⲬⲀ ⲠⲒⲘⲀ ⲘⲪⲀⲒ ⲦⲞⲦⲈ ⲬⲚⲀⲈⲢϨⲎⲦⲤ ϦⲈⲚⲞⲨϢⲒⲠⲒ ⲈⲀⲘⲞⲚⲒ ⲘⲠⲒϦⲀⲈ ⲘⲘⲀ.
၉သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။
10 ⲓ̅ ⲀⲖⲖⲀ ϨⲞⲦⲀⲚ ⲀⲨϢⲀⲚⲐⲀϨⲘⲈⲔ ⲘⲀϢⲈ ⲚⲀⲔ ⲢⲰⲦⲈⲂ ⲘⲠⲒϦⲀⲈ ϨⲒⲚⲀ ϨⲞⲦⲀⲚ ⲀϤϢⲀⲚⲒ ⲚϪⲈⲪⲎ ⲈⲦⲀϤⲐⲀϨⲘⲈⲔ ⲚⲦⲈϤϪⲞⲤ ⲚⲀⲔ ϪⲈ ⲠⲀϢⲪⲎⲢ ⲞⲨⲞⲐⲂⲈⲔ ⲈⲠϢⲰⲒ ⲦⲞⲦⲈ ⲈⲢⲈ ⲞⲨⲰⲞⲨ ϢⲰⲠⲒ ⲚⲀⲔ ⲘⲠⲈⲘⲐⲞ ⲚⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲐⲢⲰⲦⲈⲂ ⲚⲈⲘⲀⲔ.
၁၀သူတပါးတို့သည် သင့်ကို ခေါ်ဘိတ်သောအခါ၊ သွား၍နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်း လျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟုသင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့် အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။
11 ⲓ̅ⲁ̅ ϪⲈ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲐⲚⲀϬⲀⲤϤ ⲤⲈⲚⲀⲐⲈⲂⲒⲞϤ ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀⲐⲈⲂⲒⲞϤ ⲤⲈⲚⲀϬⲀⲤϤ.
၁၁ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။
12 ⲓ̅ⲃ̅ ⲚⲀϤϪⲰ ⲆⲈ ⲘⲘⲞⲤ ⲘⲪⲎ ⲈⲦⲀϤⲐⲀϨⲘⲈϤ ϪⲈ ϨⲞⲦⲀⲚ ⲀⲔϢⲀⲚⲒⲢⲒ ⲚⲞⲨⲀⲢⲒⲤⲦⲞⲚ ⲒⲈ ⲞⲨⲆⲒⲠⲚⲞⲚ ⲘⲠⲈⲢⲘⲞⲨϮ ⲈⲚⲈⲔϢⲪⲎⲢ ⲞⲨⲆⲈ ⲚⲈⲔⲤⲚⲎⲞⲨ ⲞⲨⲆⲈ ⲚⲈⲔⲤⲨⲄⲄⲈⲚⲎⲤ ⲞⲨⲆⲈ ⲚⲈⲔⲐⲈϢⲈⲨ ⲚⲢⲀⲘⲀⲞ ⲘⲎⲠⲰⲤ ⲚⲤⲈⲐⲀϨⲘⲈⲔ ϨⲰⲔ ⲞⲨⲞϨ ⲚⲦⲈⲞⲨϢⲈⲂⲒⲰ ϢⲰⲠⲒ ⲚⲀⲔ.
၁၂ကိုယ်တော်ကို ခေါ်ပင့်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ် ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ် နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန် သင့်ကိုခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။
13 ⲓ̅ⲅ̅ ⲀⲖⲖⲀ ⲀⲔϢⲀⲚⲒⲢⲒ ⲚⲞⲨϢⲞⲠⲤ ⲘⲞⲨϮ ⲈϨⲀⲚϨⲎⲔⲒ ϨⲀⲚⲀⲦϪⲞⲘ ϨⲀⲚϬⲀⲖⲈⲨ ϨⲀⲚⲂⲈⲖⲖⲈⲨ.
၁၃သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသော သူများကို ခေါ်ဘိတ်လော့။
14 ⲓ̅ⲇ̅ ⲞⲨⲞϨ ⲬⲚⲀⲈⲢⲞⲨⲘⲀⲔⲀⲢⲒⲞⲤ ϪⲈ ⲘⲘⲞⲚ ⲚⲦⲰⲞⲨ ⲘⲘⲀⲨ ⲈϮϢⲈⲂⲒⲰ ⲚⲀⲔ ⲤⲈⲚⲀϮ ⲄⲀⲢ ⲚⲀⲔ ⲚⲦⲞⲨϢⲈⲂⲒⲰ ϦⲈⲚϮⲀⲚⲀⲤⲦⲀⲤⲒⲤ ⲚⲦⲈⲚⲒⲐⲘⲎⲒ.
၁၄ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ ဟု မိန့်တော်မူ၏။
15 ⲓ̅ⲉ̅ ⲈⲦⲀϤⲤⲰⲦⲈⲘ ⲆⲈ ⲈⲚⲀⲒ ⲚϪⲈⲞⲨⲀⲒ ⲚⲚⲎ ⲈⲐⲢⲞⲦⲈⲂ ⲠⲈϪⲀϤ ϪⲈ ⲰⲞⲨⲚⲒⲀⲦϤ ⲘⲪⲎ ⲈⲐⲚⲀⲞⲨⲰⲘ ⲚⲞⲨⲰⲒⲔ ϦⲈⲚϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲪⲚⲞⲨϮ.
၁၅စားပွဲ၌ လျောင်းသော သူတယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊
16 ⲓ̅ⲋ̅ ⲚⲐⲞϤ ⲆⲈ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲞⲨⲢⲰⲘⲒ ⲈⲀϤⲒⲢⲒ ⲚⲞⲨⲚⲒϢϮ ⲚⲆⲒⲠⲚⲞⲚ ⲞⲨⲞϨ ⲀϤⲐⲀϨⲈⲘ ⲞⲨⲘⲎϢ.
၁၆ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဘိတ်လေ၏။
17 ⲓ̅ⲍ̅ ⲞⲨⲞϨ ⲀϤⲞⲨⲰⲢⲠ ⲘⲠⲈϤⲂⲰⲔ ⲘⲪⲚⲀⲨ ⲚⲆⲒⲠⲚⲞⲚ ⲈϪⲞⲤ ⲚⲚⲎ ⲈⲦⲐⲀϨⲈⲘ ⲈⲐⲢⲞⲨⲒ ϪⲈ ϨⲎⲆⲎ ϨⲰⲂ ⲚⲒⲂⲈⲚ ⲤⲈⲤⲈⲂⲦⲰⲦ.
၁၇ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါးကို စေလွှတ်၏။
18 ⲓ̅ⲏ̅ ⲞⲨⲞϨ ⲀⲨⲈⲢϨⲎⲦⲤ ⲚⲈⲢⲠⲀⲢⲈⲦⲒⲤⲐⲈ ϦⲈⲚⲞⲨϦⲢⲰⲞⲨ ⲚⲞⲨⲰⲦ ⲦⲎⲢⲞⲨ ⲠⲒϨⲞⲨⲒⲦ ⲀϤϪⲞⲤ ϪⲈ ⲀⲒϢⲰⲠ ⲚⲞⲨⲒⲞϨⲒ ⲞⲨⲞϨ ⲞⲨⲞⲚ ⲀⲚⲀⲄⲔⲎ ⲦⲞⲒ ⲈⲢⲞⲒ ⲈⲐⲢⲒϢⲈ ⲈⲂⲞⲖ ⲚⲦⲀⲚⲀⲨ ⲈⲢⲞϤ ϮϮϨⲞ ⲈⲢⲞⲔ ⲬⲀⲦ ⲚⲦⲞⲦⲔ ϨⲰⲤ ⲚϮⲚⲎⲞⲨ ⲀⲚ.
၁၈ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ၏။ တယောက်က၊ အကျွန်ုပ် သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။
19 ⲓ̅ⲑ̅ ⲞⲨⲞϨ ⲔⲈⲞⲨⲀⲒ ⲠⲈϪⲀϤ ϪⲈ ⲀⲒϢⲈⲠ Ⲉ- ⲚϨⲈⲂⲒ ⲚⲈϨⲈ ⲞⲨⲞϨ ϮⲚⲀϢⲈ ⲚⲎⲒ ⲚⲦⲀⲈⲢⲆⲞⲔⲒⲘⲀⲌⲒⲚ ⲘⲘⲰⲞⲨ ϮϮϨⲞ ⲈⲢⲞⲔ ⲬⲀⲦ ⲚⲦⲞⲦⲔ ϨⲰⲤ ϮⲚⲎⲞⲨ ⲀⲚ.
၁၉တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ၏။
20 ⲕ̅ ⲞⲨⲞϨ ⲔⲈⲞⲨⲀⲒ ⲠⲈϪⲀϤ ϪⲈ ⲀⲒϬⲒ ⲚⲞⲨⲤϨⲒⲘⲒ ⲞⲨⲞϨ ⲈⲐⲂⲈⲪⲀⲒ ϮⲚⲀⲒ ⲀⲚ.
၂၀တယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟုဆို၏။
21 ⲕ̅ⲁ̅ ⲞⲨⲞϨ ⲈⲦⲀϤⲒ ⲚϪⲈⲠⲒⲂⲰⲔ ⲀϤⲦⲀⲘⲈ ⲠⲈϤϬⲞⲒⲤ ⲦⲞⲦⲈ ⲈⲦⲀϤϪⲰⲚⲦ ⲚϪⲈⲠⲒⲚⲈⲂⲎⲒ ⲠⲈϪⲀϤ ⲘⲠⲈϤⲂⲰⲔ ϪⲈ ⲘⲀϢⲈ ⲚⲀⲔ ⲈⲂⲞⲖ ⲚⲬⲰⲖⲈⲘ ⲈⲚⲒⲠⲖⲀⲦⲒⲀ ⲚⲈⲘ ⲚⲒϦⲒⲢ ⲚⲦⲈϮⲂⲀⲔⲒ ⲞⲨⲞϨ ⲚⲒϨⲎⲔⲒ ⲚⲈⲘ ⲚⲒⲀⲦϪⲞⲘ ⲚⲈⲘ ⲚⲒⲂⲈⲖⲖⲈⲨ ⲀⲚⲒⲦⲞⲨ ⲈϦⲞⲨⲚ ⲈⲠⲀⲒⲘⲀ.
၂၁အစေအပါးသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေ မစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါးကို ဆို၏။
22 ⲕ̅ⲃ̅ ⲞⲨⲞϨ ⲠⲈϪⲈ ⲠⲒⲂⲰⲔ ϪⲈ ⲠϬⲞⲒⲤ ⲀϤϢⲰⲠⲒ ⲚϪⲈⲪⲎ ⲈⲦⲀⲔⲞⲨⲀϨⲤⲀϨⲚⲒ ⲘⲘⲞϤ ⲞⲨⲞϨ ⲈⲦⲒ ⲞⲨⲞⲚ ⲘⲀ.
၂၂အစေအပါးကလည်း၊ သခင်စီရင်တော်မူသည်အတိုင်းပြုပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊
23 ⲕ̅ⲅ̅ ⲞⲨⲞϨ ⲠⲈϪⲈ ⲠϬⲞⲒⲤ ⲘⲠⲒⲂⲰⲔ ⲚⲀϤ ϪⲈ ⲘⲀϢⲈ ⲚⲀⲔ ⲈⲂⲞⲖ ⲈⲚⲒⲘⲰⲒⲦ ⲚⲈⲘ ⲚⲒⲪⲢⲀⲄⲘⲞⲤ ⲞⲨⲞϨ ⲀⲢⲒⲀⲚⲀⲄⲔⲀⲌⲒⲚ ⲈⲒ ⲈϦⲞⲨⲚ ϨⲒⲚⲀ ⲚⲦⲈϤⲘⲞϨ ⲚϪⲈⲠⲀⲎⲒ
၂၃သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်း လော့။
24 ⲕ̅ⲇ̅ ϮϪⲰ ⲄⲀⲢ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲚⲚⲈ ϨⲖⲒ ⲚⲚⲒⲢⲰⲘⲒ ⲈⲦⲈⲘⲘⲀⲨ ⲚⲎ ⲈⲦⲐⲀϨⲈⲘ ϪⲈⲘϮⲠⲒ ⲘⲠⲀⲆⲒⲠⲚⲞⲚ.
၂၄အထက်က ခေါ်ဘိတ်သောသူတယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါးကို ဆိုသည်ဟု မိန့်တော်မူ၏။
25 ⲕ̅ⲉ̅ ⲚⲀⲨⲘⲞϢⲒ ⲆⲈ ⲚⲈⲘⲀϤ ⲚϪⲈϨⲀⲚⲚⲒϢϮ ⲘⲘⲎϢ ⲞⲨⲞϨ ⲈⲦⲀϤⲪⲞⲚϨϤ ⲠⲈϪⲀϤ ⲚⲰⲞⲨ
၂၅လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့်၍ ကြည့်တော်မူပြီး လျှင်၊
26 ⲕ̅ⲋ̅ ϪⲈ ⲪⲎ ⲈⲐⲚⲎⲞⲨ ϨⲀⲢⲞⲒ ⲞⲨⲞϨ ⲈⲦⲈⲚϤⲚⲀⲘⲈⲤⲦⲈ ⲠⲈϤⲒⲰⲦ ⲚⲈⲘ ⲦⲈϤⲘⲀⲨ ⲚⲈⲘ ⲦⲈϤⲤϨⲒⲘⲒ ⲚⲈⲘ ⲚⲈϤϢⲎⲢⲒ ⲚⲈⲘ ⲚⲈϤⲤⲚⲎⲞⲨ ⲚⲈⲘ ⲚⲈϤⲤⲰⲚⲒ ⲈⲦⲒ ⲆⲈ ⲚⲈⲘ ⲦⲈϤⲔⲈⲮⲨⲬⲎ ⲘⲘⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈⲈⲢ ⲘⲀⲐⲎⲦⲎⲤ ⲚⲎⲒ.
၂၆အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
27 ⲕ̅ⲍ̅ ⲪⲎ ⲈⲦⲈⲚϤⲚⲀⲦⲀⲖⲈ ⲠⲈϤⲤⲦⲀⲨⲢⲞⲤ ⲈⲢⲞϤ ⲀⲚ ⲞⲨⲞϨ ⲚⲦⲈϤⲞⲨⲀϨϤ ⲚⲤⲰⲒ ⲘⲘⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈⲈⲢⲘⲀⲐⲎⲦⲎⲤ ⲚⲎⲒ.
၂၇အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ။
28 ⲕ̅ⲏ̅ ⲚⲒⲘ ⲄⲀⲢ ⲈⲂⲞⲖ ϦⲈⲚⲐⲎⲚⲞⲨ ⲈϤⲞⲨⲰϢ ⲈⲔⲈⲦ ⲞⲨⲠⲨⲢⲄⲞⲤ ⲘⲎ ϤⲚⲀϨⲈⲘⲤⲒ ⲚϢⲞⲢⲠ ⲚⲦⲈϤϤⲒⲰⲠ ⲚϮⲆⲀⲠⲀⲚⲎ ϪⲈ ⲀⲚ ⲞⲨⲞⲚ ⲚⲦⲀϤ ⲘⲘⲀⲨ ⲈⲈⲢ ⲠⲈϤⲤⲞⲂϮ
၂၈သင်တို့တွင် တယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေ လောက်မည် မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော။
29 ⲕ̅ⲑ̅ ϨⲒⲚⲀ ⲘⲎⲠⲰⲤ ⲚⲦⲈϤⲬⲀ ϮⲤⲈⲚϮ ⲞⲨⲞϨ ⲘⲘⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈϪⲞⲔϤ ⲈⲂⲞⲖ ⲚⲦⲞⲨⲈⲢϨⲎⲦⲤ ⲚⲤⲰⲂⲒ ⲘⲘⲞϤ ⲚϪⲈⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲐⲚⲀⲨ
၂၉သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကို မပြီးနိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊
30 ⲗ̅ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲠⲀⲒⲢⲰⲘⲒ ⲀϤⲈⲢϨⲎ ⲦⲤ ⲚⲔⲰⲦ ⲞⲨⲞϨ ⲘⲠⲈϤϢϪⲈⲘϪⲞⲘ ⲚϪⲞⲔϤ ⲈⲂⲞⲖ.
၃၀ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။
31 ⲗ̅ⲁ̅ ⲒⲈ ⲚⲒⲘ ⲚⲞⲨⲢⲞ ⲈⲐⲚⲀϢⲈ ⲚⲀϤ ⲈⲠⲠⲞⲖⲈⲘⲞⲤ ⲈϮ ⲚⲈⲘ ⲔⲈⲞⲨⲢⲞ ⲘⲎ ϤⲚⲀϨⲈⲘⲤⲒ ⲀⲚ ⲚϢⲞⲢⲠ ⲚⲦⲈϤⲤⲞϬⲚⲒ ϪⲈ ⲀⲚ ⲞⲨⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ϦⲈⲚⲒⲚϢⲞ ⲈⲒ ⲈⲂⲞⲖ ⲈϨⲢⲀϤ ⲘⲠⲈⲐⲚⲎ ⲞⲨ ⲈϪⲰϤ ⲚⲈⲘ ⲔⲚϢⲞ.
၃၁တနည်းကား၊ တစုံတယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံ ရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။
32 ⲗ̅ⲃ̅ ⲘⲘⲞⲚ ⲈⲦⲒ ⲒⲤϪⲈⲚ ⲈϤⲞⲨⲎⲞⲨ ⲘⲘⲞϤ ϢⲀϤⲞⲨⲰⲢⲠ ⲚⲞⲨⲠⲢⲈⲤⲂⲒⲀ ⲈϤⲔⲰϮ ⲚⲤⲀⲞⲨϨⲒⲢⲎ ⲚⲎ.
၃၂မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည် အကြောင်း တောင်းပန်တတ်သည်မဟုတ်လော။
33 ⲗ̅ⲅ̅ ⲠⲀⲒⲢⲎϮ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲦϦⲈⲚ ⲐⲎⲚⲞⲨ ⲈⲦⲈⲚϤⲚⲀⲈⲢⲀⲠⲞⲦⲀⲌⲈⲤⲐⲈ ⲀⲚ ⲚⲚⲈϤϨⲨⲠⲀⲢⲬⲞⲚⲦⲀ ⲦⲎⲢⲞⲨ ⲘⲘⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈⲈⲢ ⲘⲀⲐⲎⲦⲎⲤ ⲚⲎⲒ.
၃၃ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။
34 ⲗ̅ⲇ̅ ⲚⲀⲚⲈ ⲠⲒϨⲘⲞⲨ ⲈϢⲰⲠ ⲆⲈ ⲚⲦⲈϤⲖⲰϤ ⲚϪⲈⲠⲒϨⲘⲞⲨ ⲀⲨⲚⲀⲘⲞⲖϨϤ ⲚⲞⲨ.
၃၄ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရ ပြန်မည်နည်း။
35 ⲗ̅ⲉ̅ ⲞⲨⲆⲈ ⲠⲒⲔⲀϨⲒ ⲞⲨⲆⲈ ϮⲔⲞⲠⲢⲒⲀ ϤⲈⲢϢⲀⲨ ⲀⲚ ⲀⲖⲖⲀ ⲈϢⲀⲨϨⲒⲦϤ ⲈⲂⲞⲖ ⲪⲎ ⲈⲦⲈ ⲞⲨⲞⲚ ⲞⲨⲘⲀϢϪ ⲘⲘⲞϤ ⲈⲤⲰⲦⲈⲘ ⲘⲀⲢⲈϤⲤⲰⲦⲈⲘ.
၃၅မြေဘို့မကောင်း၊ အမှိုက်ပုံဘို့ မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။