< ⲚⲒⲠⲢⲀⲜⲒⲤ 16 >
1 ⲁ̅ ⲀϤⲒ ⲆⲈ ⲈϨⲢⲎⲒ ⲈⲦⲔⲈⲦⲈⲢⲂⲎ ⲚⲈⲘ ⲖⲨⲤⲦⲢⲀ ⲞⲨⲞϨ ⲒⲤ ⲞⲨⲘⲀⲐⲎⲦⲎⲤ ⲈⲚⲀϤⲬⲎ ⲘⲘⲀⲨ ⲈⲠⲈϤⲢⲀⲚ ⲠⲈ ⲦⲒⲘⲞⲐⲈⲞⲤ ⲠϢⲎⲢⲒ ⲚⲞⲨⲤϨⲒⲘⲒ ⲚⲒⲞⲨⲆⲀⲒ ⲘⲠⲒⲤⲦⲎ ⲠⲈϤⲒⲰⲦ ⲆⲈ ⲚⲈⲞⲨⲈⲒⲚⲒⲚ ⲠⲈ.
၁ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။
2 ⲃ̅ ⲪⲀⲒ ⲚⲀⲨⲈⲢⲘⲈⲐⲢⲈ ⲈⲐⲂⲎⲦϤ ⲚϪⲈⲚⲒⲤⲚⲎⲞⲨ ⲈⲦϦⲈⲚ ⲖⲨⲤⲦⲢⲀ ⲚⲈⲘ ⲒⲔⲞⲚⲒⲞⲚ.
၂ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ်၏။
3 ⲅ̅ ⲪⲀⲒ ⲀϤⲞⲨⲰϢ ⲚϪⲈⲠⲀⲨⲖⲞⲤ ⲈⲐⲢⲈϤⲒ ⲈⲂⲞⲖ ⲚⲈⲘⲀϤ ⲞⲨⲞϨ ⲈⲦⲀϤⲞⲖϤ ⲀϤⲤⲞⲨⲂⲎⲦϤ ⲈⲐⲂⲈ ⲚⲒⲒⲞⲨⲆⲀⲒ ⲈⲦϢⲞⲠ ϦⲈⲚⲠⲒⲘⲀ ⲈⲦⲈⲘⲘⲀⲨ ⲚⲀⲨⲤⲰⲞⲨⲚ ⲄⲀⲢ ⲦⲎⲢⲞⲨ ϪⲈ ⲠⲈϤⲒⲰⲦ ⲞⲨⲞⲨⲈⲒⲚⲒⲚ ⲠⲈ.
၃ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။
4 ⲇ̅ ⲈⲨⲔⲰϮ ⲆⲈ ϦⲈⲚⲚⲒⲠⲞⲖⲒⲤ ⲚⲀⲨϮ ⲘⲘⲞⲤ ⲈⲦⲞⲦⲞⲨ ⲈⲀⲢⲈϨ ⲈⲚⲒϨⲰⲚ ⲈⲦⲀⲨⲤⲈⲘⲚⲎ ⲦⲞⲨ ⲈⲂⲞⲖ ϨⲒⲦⲞⲦⲞⲨ ⲚⲚⲒⲀⲠⲞⲤⲦⲞⲖⲞⲤ ⲚⲈⲘ ⲚⲒⲠⲢⲈⲤⲂⲨⲦⲈⲢⲞⲤ ⲈⲦϦⲈⲚ ⲒⲈⲢⲞⲤⲀⲖⲎⲘ.
၄သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ် တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင် ဘို့ရာ အပ်ပေးကြ၏။
5 ⲉ̅ ⲚⲒⲈⲔⲔⲖⲎⲤⲒⲀ ⲘⲈⲚ ⲞⲨⲚ ⲚⲀⲨⲚⲎⲞⲨ ⲚⲦⲀϪⲢⲞ ϦⲈⲚⲠⲒⲚⲀϨϮ ⲞⲨⲞϨ ⲚⲀⲨⲚⲎⲞⲨ ⲚⲀϢⲀⲒ ϦⲈⲚⲦⲞⲨⲎⲠⲒ ⲘⲘⲎⲚⲒ.
၅ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြား ကြ၏။
6 ⲋ̅ ⲀⲨⲤⲒⲚⲒ ⲆⲈ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ϮⲪⲢⲒⲔⲒⲀ ⲚⲈⲘ ϮⲬⲰⲢⲀ ⲚⲦⲈϮⲄⲀⲖⲀⲦⲒⲀ ⲈⲀϤⲦⲀϨⲚⲞ ⲘⲘⲰⲞⲨ ⲚϪⲈⲠⲒⲠⲚⲈⲨⲘⲀⲈⲐⲞⲨⲀⲂ ⲈϢⲦⲈⲘⲤⲀϪⲒ ⲘⲠⲒⲤⲀϪⲒ ⲚⲦⲈⲪⲚⲞⲨϮ ϦⲈⲚϮⲀⲤⲒⲀ.
၆ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့်၊
7 ⲍ̅ ⲈⲦⲀⲨⲒ ⲆⲈ ⲈϨⲢⲎⲒ ⲈⲚⲒⲘⲀ ⲚⲦⲈϮⲘⲨⲤⲒⲀ ⲚⲀⲨϬⲰⲚⲦ ⲘⲘⲰⲞⲨ ⲈϢⲈ ⲈϮⲂⲎⲐⲈⲚⲒⲀ ⲞⲨⲞϨ ⲚⲀϤⲬⲰ ⲘⲘⲰⲞⲨ ⲀⲚ ⲠⲈ ⲚϪⲈⲠⲒⲠⲚⲈⲨⲘⲀⲚⲦⲈⲒⲎⲤⲞⲨⲤ.
၇မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့်၊
8 ⲏ̅ ⲈⲦⲀⲨⲤⲒⲚⲒ ⲆⲈ ⲈⲂⲞⲖ ϦⲈⲚϮⲘⲨⲤⲒⲀ ⲀⲨⲒ ⲈϨⲢⲎⲒ ⲈⲦⲢⲰⲀⲤ.
၈မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ ရောက်ကြ၏။
9 ⲑ̅ ⲞⲨⲞϨ ⲀϤⲞⲨⲞⲚϨ ⲈⲠⲀⲨⲖⲞⲤ ⲚϪⲈⲞⲨϨⲞⲢⲀⲘⲀ ⲘⲠⲒⲈϪⲰⲢϨ ⲞⲨⲢⲰⲘⲒ ⲘⲘⲀⲔⲈⲆⲰⲚ ⲈϤⲞϨⲒ ⲈⲢⲀⲦϤ ⲈϤⲦⲰⲂϨ ⲘⲘⲞϤ ⲈϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲀⲘⲞⲨ ⲈⲐⲘⲀⲔⲈⲆⲞⲚⲒⲀ ⲀⲢⲒⲂⲞⲎⲐⲒⲚ ⲈⲢⲞⲚ.
၉ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။
10 ⲓ̅ ϨⲰⲤ ⲆⲈ ⲈⲦⲀⲚⲚⲀⲨ ⲈⲠⲒϨⲞⲢⲀⲘⲀ ⲤⲀⲦⲞⲦⲈⲚ ⲀⲚⲔⲰϮ ⲚⲤⲀⲒⲈⲐⲘⲀⲔⲈⲆⲞⲚⲒⲀ ⲈⲚⲤⲞϬⲚⲒ ϪⲈ ⲈⲦⲀ ⲪⲚⲞⲨϮ ⲐⲀϨⲘⲈⲚ ⲈϨⲒϢⲈⲚⲚⲞⲨϤⲒ ⲚⲰⲞⲨ.
၁၀ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။
11 ⲓ̅ⲁ̅ ⲈⲦⲀⲚⲒ ⲆⲈ ⲈⲂⲞⲖ ϦⲈⲚⲦⲢⲰⲀⲤ ⲀⲚϢⲈ ⲚⲬⲰⲖⲈⲘ ⲈⲤⲀⲘⲞⲐⲢⲀⲔⲎ ⲠⲈϤⲢⲀⲤϮ ⲆⲈ ⲀⲚⲒ ⲈϨⲢⲎⲒ ⲈⲚⲈⲀⲠⲞⲖⲒⲤ.
၁၁ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။
12 ⲓ̅ⲃ̅ ⲞⲨⲞϨ ⲈⲂⲞⲖ ⲘⲘⲀⲨ ⲀⲚⲒ ⲈⲪⲒⲖⲒⲠⲠⲞⲒⲤ ⲈⲦⲈ ⲚⲐⲞⲤ ⲦⲈ ϮϨⲞⲨⲒϮ ⲚⲦⲈϮⲦⲞⲒ ⲚⲦⲈⲐⲘⲀⲔⲈⲆⲞⲚⲒⲀ ⲞⲨⲠⲞⲖⲒⲤ ⲚⲔⲞⲖⲰⲚⲒⲀ ⲚⲀⲚϢⲞⲠ ⲆⲈ ⲠⲈ ϦⲈⲚϮⲠⲞⲖⲒⲤ ⲈⲦⲈⲘⲘⲀⲨ ⲚϨⲀⲚⲈϨⲞⲞⲨ.
၁၂ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလ အတန်အရာနေကြ၏။
13 ⲓ̅ⲅ̅ ⲚϨⲢⲎⲒ ⲆⲈ ϦⲈⲚⲠⲒⲈϨⲞⲞⲨ ⲚⲦⲈⲚⲒⲤⲀⲂⲂⲀⲦⲞⲚ ⲀⲚⲒ ⲤⲀⲂⲞⲖ ⲚϮⲠⲞⲖⲒⲤ ϦⲀⲦⲈⲚ ⲪⲒⲀⲢⲞ ⲠⲒⲘⲀ ⲈⲚⲀⲚⲘⲈⲨⲒ ϪⲈ ⲞⲨⲞⲚ ⲞⲨⲠⲢⲞⲤⲈⲨⲬⲎ ⲚⲀϢⲰⲠⲒ ⲘⲘⲀⲨ ⲞⲨⲞϨ ⲈⲦⲀⲚϨⲈⲘⲤⲒ ⲚⲀⲚⲤⲀϪⲒ ⲚⲈⲘ ⲚⲒϨⲒⲞⲘⲒ ⲈⲦⲀⲨⲒ ⲈⲂⲞⲖ.
၁၃ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏။
14 ⲓ̅ⲇ̅ ⲞⲨⲞϨ ⲞⲨⲤϨⲒⲘⲒ ⲈⲠⲈⲤⲢⲀⲚ ⲠⲈ ⲖⲨⲆⲒⲀ ⲈⲞⲨⲤⲀⲚϬⲎϪⲒ ⲦⲈ ⲚⲦⲈⲞⲨⲠⲞⲖⲒⲤ ϪⲈ ⲐⲨⲀⲦⲎⲢⲰⲚ ⲈⲤⲈⲢⲤⲈⲂⲈⲤⲐⲈ ⲘⲪⲚⲞⲨϮ ⲚⲀⲤⲤⲰⲦⲈⲘ ⲐⲀⲒ Ⲁ- ⲪⲚⲞⲨϮ ⲞⲨⲰⲚ ⲘⲠⲈⲤϨⲎⲦ ⲈϮϨⲐⲎⲤ ⲈⲚⲎ ⲈⲚⲀⲢⲈ ⲠⲀⲨⲖⲞⲤ ϪⲰ ⲘⲘⲰⲞⲨ.
၁၄ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။
15 ⲓ̅ⲉ̅ ⲈⲦⲀⲤϬⲒⲰⲘⲤ ⲆⲈ ⲚⲈⲘ ⲠⲈⲤⲎⲒ ⲀⲤϮϨⲞ ⲈⲢⲞⲚ ⲈⲤϪⲰ ⲘⲘⲞⲤ ϪⲈ ⲒⲤϪⲈ ⲀⲦⲈⲦⲈⲚⲞⲠⲦ ⲈⲞⲨⲠⲒⲤⲦⲎ ⲘⲠϬⲞⲒⲤ ⲀⲘⲰⲒⲚⲒ ⲈϦⲞⲨⲚ ⲈⲠⲀⲎⲒ ϢⲰⲠⲒ ⲞⲨⲞϨ ⲀⲤϬⲒⲦⲦⲈⲚ ⲚϪⲞⲚⲤ.
၁၅ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍ နေကြပါဟုတောင်းပန်လျက် ငါတို့ကို အနိုင် သွေးဆောင်လေ၏။
16 ⲓ̅ⲋ̅ ⲀⲤϢⲰⲠⲒ ⲆⲈ ⲈⲚⲚⲀ ⲈϮⲠⲢⲞⲤⲈⲨⲬⲎ ⲀⲤⲒ ⲈⲂⲞⲖ ⲈϨⲢⲀⲚ ⲚϪⲈⲞⲨⲀⲖⲞⲨ ⲘⲂⲰⲔⲒ ⲈⲞⲨⲞⲚ ⲞⲨⲠⲚⲈⲨⲘⲀⲚⲢⲈϤϢⲒⲚⲒ ⲚⲈⲘⲀⲤ ⲐⲀⲒ ⲈⲚⲀⲤϮ ⲚⲞⲨⲘⲎϢ ⲚⲈⲢⲄⲀⲤⲒⲀ ⲚⲚⲈⲤϬⲒⲤⲈⲨ ⲈⲤⲞⲒ ⲚⲢⲈϤϢⲒⲚⲒ.
၁၆ထိုနောက်မှ ငါတို့သည် ပဌာနာစရပ်သို့ သွား စဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိ သခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကိုဆီးကြိုလေ၏။
17 ⲓ̅ⲍ̅ ⲐⲀⲒ ⲈⲦⲀⲤⲘⲞϢⲒ ⲚⲤⲀⲠⲀⲨⲖⲞⲤ ⲚⲈⲘⲀⲚ ⲚⲀⲤⲰϢ ⲈⲂⲞⲖ ⲈⲤϪⲰ ⲘⲘⲞⲤ ϪⲈ ⲚⲀⲒⲢⲰⲘⲒ ϨⲀⲚⲈⲂⲒⲀⲒⲔ ⲚⲦⲈⲪⲚⲞⲨϮ ⲈⲦϬⲞⲤⲒ ⲚⲈⲚⲀⲒ ⲈⲦϨⲒⲰⲒϢ ⲚⲰⲦⲈⲚ ⲚⲞⲨⲘⲰⲒⲦ ⲚⲞⲨϪⲀⲒ.
၁၇ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။
18 ⲓ̅ⲏ̅ ⲪⲀⲒ ⲆⲈ ⲚⲀⲤⲢⲀ ⲘⲘⲞϤ ⲚⲞⲨⲘⲎϢ ⲚⲈϨⲞⲞⲨ ⲈⲦⲀϤⲈⲢⲘⲔⲀϨ ⲚϨⲎⲦ ⲆⲈ ⲚϪⲈⲠⲀⲨⲖⲞⲤ ⲞⲨⲞϨ ⲈⲦⲀϤⲔⲞⲦϤ ⲈⲠⲒⲠⲚⲈⲨⲘⲀⲠⲈϪⲀϤ ϪⲈ ϮϨⲞⲚϨⲈⲚ ⲚⲀⲔ ϦⲈⲚⲪⲢⲀⲚ ⲚⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲈⲒ ⲈⲂⲞⲖ ⲚϦⲎⲦⲤ ⲞⲨⲞϨ ⲀϤⲒ ⲈⲂⲞⲖ ⲚϮⲞⲨⲚⲞⲨ ⲈⲦⲈⲘⲘⲀⲨ.
၁၈ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာ လျက်လှည့်ကြည့်၍၊ သင်သည်သူ၏ အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား၏။
19 ⲓ̅ⲑ̅ ⲈⲦⲀⲨⲚⲀⲨ ⲆⲈ ⲚϪⲈⲚⲈⲤϬⲒⲤⲈⲨ ϪⲈ ⲀⲤⲒ ⲈⲂⲞⲖ ⲚϦⲎⲦⲤ ⲚϪⲈⲦϨⲈⲖⲠⲒⲤ ⲚⲦⲈⲠⲞⲨϨⲰⲂ ⲀⲨⲀⲘⲞⲚⲒ ⲘⲠⲀⲨⲖⲞⲤ ⲚⲈⲘ ⲤⲒⲖⲀⲤ ⲀⲨⲰϢϮ ⲘⲘⲰⲞⲨ ⲈⲂⲞⲖ ⲈϮⲀⲄⲞⲢⲀ ϢⲀ ⲚⲒⲀⲢⲬⲰⲚ
၁၉သူ၏သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။
20 ⲕ̅ ⲞⲨⲞϨ ⲈⲦⲀⲨⲈⲚⲞⲨ ϨⲀ ⲚⲒⲤⲀⲦⲎⲄⲞⲨⲤ ⲠⲈϪⲰⲞⲨ ϪⲈ ⲚⲀⲒⲢⲰⲘⲒ ⲤⲈϢⲐⲞⲢⲦⲈⲢ ⲚⲦⲈⲚⲠⲞⲖⲒⲤ ⲈϨⲀⲚⲒⲞⲨⲆⲀⲒ ⲚⲈ.
၂၀စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်ပါ၏။
21 ⲕ̅ⲁ̅ ⲞⲨⲞϨ ⲤⲈϨⲒⲰⲒϢ ⲚⲀⲚ ⲚϨⲀⲚⲔⲈⲔⲀϨⲤ ⲚⲀⲒ ⲈⲦⲈⲤϢⲈ ⲚⲀⲚ ⲀⲚ ⲈϢⲞⲠⲞⲨ ⲞⲨⲆⲈ ⲈⲀⲒⲦⲞⲨ ⲈⲀⲚⲞⲚ ϨⲀⲚⲢⲰⲘⲈⲞⲤ.
၂၁ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင် တတ်ပါ၏ ဟုလျှောက်ဆိုကြလျှင်၊
22 ⲕ̅ⲃ̅ ⲞⲨⲞϨ ⲀϤⲦⲰⲚϤ ⲈϨⲢⲎⲒ ⲈϪⲰⲞⲨ ⲚϪⲈⲠⲒⲘⲎϢ ⲞⲨⲞϨ ⲚⲒⲤⲀⲦⲎⲄⲞⲨⲤ ⲀⲨⲪⲰϦ ⲚⲚⲞⲨϨⲂⲰⲤ ⲀⲨⲈⲢⲔⲈⲖⲈⲨⲒⲚ ⲚⲤⲈϨⲒⲞⲨⲒ ⲈⲢⲰⲞⲨ ⲘⲠϢⲂⲰⲦ.
၂၂စုဝေးသောလူတို့သည် သူတို့တဘက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။
23 ⲕ̅ⲅ̅ ⲈⲦⲀⲨϮ ⲚⲞⲨⲘⲎϢ ⲚϢⲀϢ ⲚⲰⲞⲨ ⲀⲨϨⲒⲦⲞⲨ ⲈⲠⲒϢⲦⲈⲔⲞ ⲈⲀⲨϨⲞⲚϨⲈⲚ ⲈⲦⲞⲦϤ ⲘⲠⲒⲢⲈϤⲀⲢⲈϨ ⲚⲦⲈⲠⲒⲘⲀ ⲚⲤⲰⲚϨ ⲈⲀⲢⲈϨ ⲈⲢⲰⲞⲨ ϦⲈⲚⲞⲨⲦⲀϪⲢⲞ.
၂၃ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာ စောင့်စေ ဟု ထောင်မှူးကို မှာလိုက်၍ ထောင်ထဲမှာ လှောင်ထား ကြ၏။
24 ⲕ̅ⲇ̅ ⲪⲀⲒ ⲈⲦⲀϤϬⲒ ⲚⲞⲨϨⲞⲚϨⲈⲚ ⲘⲠⲀⲒⲢⲎϮ ⲀϤϨⲒⲦⲞⲨ ⲈϦⲞⲨⲚ ⲈⲠⲒϢⲦⲈⲔⲞ ⲈⲦⲤⲀϦⲞⲨⲚ ⲞⲨⲞϨ ⲀϤⲦⲀϪⲢⲞ ⲚⲚⲞⲨϬⲀⲖⲀⲨϪ ⲈⲠⲒϢⲈ.
၂၄ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။
25 ⲕ̅ⲉ̅ ⲚϨⲢⲎⲒ ⲆⲈ ϦⲈⲚⲦⲪⲀϢⲒ ⲘⲠⲒⲈϪⲰⲢϨ ⲠⲀⲨⲖⲞⲤ ⲚⲈⲘ ⲤⲒⲖⲀⲤ ⲈⲨⲈⲢⲠⲢⲞⲤⲈⲨⲬⲈⲤⲐⲈ ⲚⲀⲨⲤⲘⲞⲨ ⲈⲪⲚⲞⲨϮ ⲚⲀⲨⲤⲰⲦⲈⲘ ⲈⲢⲰⲞⲨ ⲚϪⲈⲚⲎ ⲈⲦⲤⲞⲚϨ.
၂၅သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။
26 ⲕ̅ⲋ̅ ⲚⲞⲨϨⲞϮ ϦⲈⲚⲞⲨϨⲞϮ ⲀϤϢⲰⲠⲒ ⲚϪⲈⲞⲨⲚⲒϢϮ ⲘⲘⲞⲚⲘⲈⲚ ϨⲰⲤⲆⲈ ⲚⲤⲈⲔⲒⲘ ⲚϪⲈⲚⲒⲤⲈⲚϮ ⲚⲦⲈⲠⲒⲘⲀ ⲚⲤⲰⲚϨ ⲚϮⲞⲨⲚⲞⲨ ⲆⲈ ⲀⲨⲞⲨⲰⲚ ⲚϪⲈⲚⲒⲢⲰⲞⲨ ⲦⲎⲢⲞⲨ ⲞⲨⲞϨ ⲚⲒⲤⲚⲀⲨϨ ⲚⲦⲰⲞⲨ ⲦⲎⲢⲞⲨ ⲀⲨⲂⲰⲖ ⲈⲂⲞⲖ.
၂၆ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။
27 ⲕ̅ⲍ̅ ⲈⲦⲀϤⲚⲈϨⲤⲒ ⲆⲈ ⲚϪⲈⲠⲒⲢⲈϤⲀⲢⲈϨ ⲚⲦⲈⲠⲒⲘⲀ ⲚⲤⲰⲚϨ ⲞⲨⲞϨ ⲈⲦⲀϤⲚⲀⲨ ⲈⲚⲒⲢⲰⲞⲨ ⲚⲦⲈⲠⲒϢⲦⲈⲔⲞ ⲈⲨⲞⲨⲎⲚ ⲀϤⲐⲰⲔⲈⲘ ⲚⲦⲈϤⲤⲎϤⲒ ⲈϤⲚⲀϦⲞⲐⲂⲈϤ ⲈϤⲘⲈⲨⲒ ϪⲈ ⲀⲨⲪⲰⲦ ⲚϪⲈⲚⲎ ⲈⲦⲤⲰⲚϨ.
၂၇ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ထားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။
28 ⲕ̅ⲏ̅ ⲀϤⲰϢ ⲆⲈ ⲈⲂⲞⲖ ⲚϪⲈⲠⲀⲨⲖⲞⲤ ϦⲈⲚⲞⲨⲚⲒϢϮ ⲚⲤⲘⲎ ⲈϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲘⲠⲈⲢⲈⲢ ϨⲖⲒ ⲘⲠⲈⲦϨⲰⲞⲨ ⲚⲀⲔ ⲦⲈⲚⲘⲠⲀⲒⲘⲀ ⲄⲀⲢ ⲦⲎⲢⲞⲨ.
၂၈ပေါလုကလည်း၊ ကိုယ်ကိုအဖြစ်မပြုနှင့်။ ငါတို့ အပေါင်းသည် ရှိကြ၏ဟုကြီးသောအသံနှင့် ဟစ်၍ ပြောဆို၏။
29 ⲕ̅ⲑ̅ ⲀϤϬⲒ ⲆⲈ ⲚⲞⲨⲰⲒⲚⲒ ⲀϤϬⲞϪⲒ ⲈϦⲞⲨⲚ ⲞⲨⲞϨ ⲈⲦⲀϤϢⲰⲠⲒ ϦⲈⲚⲞⲨⲤⲐⲈⲢⲦⲈⲢ ⲀϤϨⲒⲦϤ ⲈϦⲢⲎⲒ ϦⲀⲢⲀⲦϤ ⲘⲠⲀⲨⲖⲞⲤ ⲚⲈⲘ ⲤⲒⲖⲀⲤ.
၂၉ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီး မှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ်လေ၏။
30 ⲗ̅ ⲞⲨⲞϨ ⲈⲦⲀϤⲈⲚⲞⲨ ⲈⲂⲞⲖ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲚⲀϬⲒⲤⲈⲨ ⲞⲨ ⲠⲈⲦⲤⲈⲘⲠϢⲀ ⲚⲦⲀⲀⲒϤ ϨⲒⲚⲀ ⲚⲦⲀⲚⲞϨⲈⲘ.
၃၀သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။
31 ⲗ̅ⲁ̅ ⲚⲐⲰⲞⲨ ⲆⲈ ⲠⲈϪⲰⲞⲨ ϪⲈ ⲚⲀϨϮ ⲈⲠϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲞⲨⲞϨ ⲈⲔⲈⲚⲞϨⲈⲘ ⲚⲐⲞⲔ ⲚⲈⲘ ⲠⲈⲔⲎⲒ.
၃၁ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊
32 ⲗ̅ⲃ̅ ⲞⲨⲞϨ ⲀⲨⲤⲀϪⲒ ⲚⲈⲘⲀϤ ⲘⲠⲒⲤⲀϪⲒ ⲚⲦⲈⲠϬⲞⲒⲤ ⲚⲐⲞϤ ⲚⲈⲘ ⲠⲈϤⲎⲒ ⲦⲎⲢϤ.
၃၂ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။
33 ⲗ̅ⲅ̅ ⲞⲨⲞϨ ⲀϤⲞⲖⲞⲨ ⲚϮⲞⲨⲚⲞⲨ ⲈⲦⲈⲘⲘⲀⲨ ⲚⲦⲈⲠⲒⲈϪⲰⲢϨ ⲀϤϪⲞⲔⲘⲞⲨ ⲈⲂⲞⲖ ϦⲈⲚⲚⲞⲨⲈⲢϦⲰⲦ ⲞⲨⲞϨ ⲀϤϬⲒⲰⲘⲤ ⲚⲐⲞϤ ⲚⲈⲘ ⲠⲈϤⲎⲒ ⲦⲎⲢϤ.
၃၃ထိုညဉ့်၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ၍ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ၏။
34 ⲗ̅ⲇ̅ ⲈⲦⲀϤⲈⲚⲞⲨ ⲆⲈ ⲈϦⲞⲨⲚ ⲈⲠⲈϤⲎⲒ ⲀϤⲬⲀ ⲞⲨⲦⲢⲀⲠⲈⲌⲀ ϦⲀⲦⲞⲦⲞⲨ ⲞⲨⲞϨ ⲚⲀϤⲐⲈⲖⲎ ⲖⲘⲘⲞϤ ⲚⲈⲘ ⲠⲈϤⲎⲒ ⲦⲎⲢϤ ⲈⲦⲀϤⲚⲀϨϮ ⲈⲪⲚⲞⲨϮ.
၃၄တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။
35 ⲗ̅ⲉ̅ ⲈⲦⲀ ⲠⲒⲈϨⲞⲞⲨ ⲆⲈ ϢⲰⲠⲒ ⲀⲨⲞⲨⲰⲢⲠ ⲚϪⲈⲚⲒⲤⲀⲦⲎⲄⲞⲨⲤ ⲚϨⲀⲚⲢⲀⲂⲆⲞⲨⲬⲞⲤ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲬⲀ ⲚⲒⲢⲰⲘⲒ ⲈⲦⲈⲘⲘⲀⲨ ⲈⲂⲞⲖ.
၃၅နံနက်ရောက်သောအခါစစ်ကဲတို့သည် ရုံလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေ ဟုမှာလိုက်ကြ၏။
36 ⲗ̅ⲋ̅ ⲀϤⲦⲀⲘⲈ ⲠⲀⲨⲖⲞⲤ ⲆⲈ ⲈⲚⲀⲒⲤⲀϪⲒ ⲚϪⲈⲠⲒⲢⲈϤⲀⲢⲈϨ ⲚⲦⲈⲠⲒⲘⲀ ⲚⲤⲰⲚϨ ϪⲈ Ⲁ- ⲚⲒⲤⲀⲦⲎⲄⲞⲨⲤ ⲞⲨⲰⲢⲠ ϨⲒⲚⲀ ⲚⲤⲈⲬⲀ ⲐⲎⲚⲞⲨ ⲈⲂⲞⲖ ϮⲚⲞⲨ ⲞⲨⲚ ⲀⲘⲰⲒⲚⲒ ⲈⲂⲞⲖ ⲘⲀϢⲈ ⲚⲰⲦⲈⲚ ϦⲈⲚⲞⲨϨⲒⲢⲎⲚⲎ.
၃၆ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှါ စစ်ကဲ တို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊
37 ⲗ̅ⲍ̅ ⲠⲀⲨⲖⲞⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲈⲦⲀⲨϨⲒⲞⲨⲒ ⲈⲢⲞⲚ ⲚⲆⲎⲘⲞⲤⲒⲀ ⲈⲀⲚⲞⲚ ϨⲀⲚⲢⲰⲘⲒ ⲚⲢⲰⲘⲈⲞⲤ ⲚⲦⲈⲚⲈⲢⲠⲔⲈϨⲰⲞⲨⲒ ⲘⲠϨⲀⲠ ⲀⲚ ⲀⲨϨⲒⲦⲦⲈⲚ ⲈⲠϢⲦⲈⲔⲞ ⲞⲨⲞϨ ⲤⲈϨⲒⲞⲨⲒ ⲘⲘⲞⲚ ⲈⲂⲞⲖ ⲚⲬⲰⲠ ⲘⲘⲞⲚ ⲀⲖⲖⲀ ⲘⲀⲢⲞⲨⲒ ⲚⲐⲰⲞⲨⲒ ⲚⲤⲈⲈⲚⲦⲈⲚ ⲈⲂⲞⲖ.
၃၇ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို၏။
38 ⲗ̅ⲏ̅ ⲀⲨⲦⲀⲘⲈ ⲚⲒⲤⲀⲦⲎⲄⲞⲨⲤ ⲆⲈ ⲈⲚⲀⲒⲤⲀϪⲒ ⲚϪⲈⲚⲒⲢⲀⲂⲆⲞⲨⲬⲞⲤ ⲀⲨⲈⲢϨⲞϮ ⲆⲈ ⲈⲦⲀⲨⲤⲰⲦⲈⲘ ϪⲈ ϨⲀⲚⲢⲰⲘⲈⲞⲤ ⲚⲈ.
၃၈ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊
39 ⲗ̅ⲑ̅ ⲞⲨⲞϨ ⲈⲦⲀⲨⲒ ⲀⲨϦⲰⲚϪ ⲈⲢⲰⲞⲨ ⲞⲨⲞϨ ⲈⲦⲀⲨⲈⲚⲞⲨ ⲈⲂⲞⲖ ⲀⲨϮϨⲞ ⲈⲢⲰⲞⲨ ⲈⲐⲢⲞⲨϢⲈ ⲚⲰⲞⲨ ⲈⲂⲞⲖ ϦⲈⲚⲦⲞⲨⲠⲞⲖⲒⲤ.
၃၉ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ၍၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ၏။
40 ⲙ̅ ⲈⲦⲀⲨⲒ ⲆⲈ ⲈⲂⲞⲖ ϦⲈⲚⲠⲒϢⲦⲈⲔⲞ ⲀⲨϢⲈ ⲈϦⲞⲨⲚ ⲈⲠⲎⲒ ⲚⲖⲨⲆⲒⲀ ⲞⲨⲞϨ ⲈⲦⲀⲨⲚⲀⲨ ⲀⲨϮⲚⲞⲘϮ ⲚⲚⲒⲤⲚⲎⲞⲨ ⲞⲨⲞϨ ⲀⲨⲒ ⲈⲂⲞⲖ.
၄၀ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှထွက်သွား ကြ၏။