< Yohana 16 >
1 “Nansalile yelei kuti nkaleka kukulupilila kwenu.
၁သင် တို့သည် စိတ် မ ပျက်စေခြင်းငှာ ဤ စကားကို ငါဟောပြော ၏။
2 Ŵandu chamminje ŵanyamwe mmajumba gao gakupopelela. Sooni chikaiche katema kanti jwalijose juchambulaje pasikati ja ŵanyamwe chaganisye kuti akwatyosyesya Akunnungu mbopesi.
၂လောကီသားတို့သည် သင် တို့ကိုတရားစရပ် မှ နှင်ထုတ်လိမ့်မည်။ သင် တို့ကိုသတ် သောသူ မည်သည်ကား ၊ ဘုရား ဝတ် ကို ငါပြု ပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက် လိမ့်မည်။
3 Chantende yeleyo pakuŵa ngakwamanyilila Atati natamuno ngakuumanyilila uneji.
၃ခမည်းတော် ကိုမ သိ ၊ ငါ့ ကိုလည်း မ သိသောကြောင့် ထိုသို့ ပြု ကြလိမ့်မည်။
4 Nambo, nansalile yelei kuti pachikaiche katema ka kukopochela nkumbuchile kuti nansalile. “Nganinansalila yelei kutyochela kundanda pakuŵa naliji pamo ni ŵanyamwe.
၄ထိုအချိန် ကာလရောက် သောအခါ ၊ ငါသည်အထက်က ဤသို့ ပြော ပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှာ ယခုပင်ငါ ဟောပြော ၏။အစဦး ၌ သင် တို့နှင့်အတူ ငါရှိ သောကြောင့် ဤသို့ မ ပြော ဘူးသေး။
5 Nambo sambano ngwaula kwa ŵandumile une ŵala, ni ngapagwa namuno jumo jwenu jwakumusya kuti, ‘Nkwaula kwapi?’
၅ငါ့ ကို စေလွှတ် တော်မူသောသူ ထံသို့ ယခု ငါသွား ရမည်ဖြစ်၍၊ အဘယ် အရပ်သို့ သွား မည်နည်းဟု သင် တို့မ မေး ကြ။
6 Pakuŵa nansalile yelei nsupwiche mmitima jenu.
၆ဤ အကြောင်းအရာတို့ကို ငါဟောပြော သောကြောင့် သင် တို့သည်အလွန်ဝမ်းနည်း ခြင်းသို့ ရောက် ကြ၏။
7 Nambo ngunsalila isyene, kwa liwamba lyenu mmbaya uneji nyaule, pakuŵa iŵaga ngunyaula, nkamusi jo ngaika kukwenu. Nambo najaulaga, chingantume kukwenu.
၇ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။
8 Nombewo pachaiche, chachamanyisya ŵandu ŵa pachilambo chi kuti ngakuumanyilila usyene nkati sambi ni nkati kupanganya yambone paujo pa Akunnungu ni nkati ŵandu kulamulikwa ni Akunnungu.
၈ဥပဇ္ဈာယ် ဆရာသည် ရောက်လာ လျှင်၊ ဒုစရိုက် အပြစ်ကို၎င်း ၊ အပြစ် ကင်းခြင်းကို၎င်း ၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသား တို့အား ထင်ရှားစွာဘော်ပြ မည်။
9 Ngakuumanyilila usyene nkati sambi ligongo nganangulupilila une.
၉ငါ့ ကို မ ယုံကြည် ကြသောကြောင့် ဒုစရိုက် အပြစ်ကို ဘော်ပြ မည်။
10 Ngakuumanyilila usyene nkati kupanganya yambone paujo pa Akunnungu, ligongo ngwaula kwa Atati ŵangu ni ŵanyamwe ngamuuwona sooni.
၁၀ငါသည် ခမည်းတော် ထံသို့ သွား မည်ဖြစ်၍ ၊ သင်တို့သည် နောက်တဖန်ငါ့ ကိုမ တွေ့ မမြင်ရသောကြောင့် ၊ အပြစ် ကင်းခြင်းကို ဖော်ပြမည်။
11 Ngakuumanyilila usyene nkati ŵandu kulamulikwa ni Akunnungu, ligongo Shetani jwakutawala chilambo chi amasile kulamulikwa.
၁၁ဤ လောက ကို အစိုးရ သောမင်းသည် အပြစ်စီရင် ခြင်းကိုခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဖော်ပြ မည်။
12 “Ngwete yejinji yakunsalila, nambo sambano chinnepele kwipililila.
၁၂သင် တို့အား ငါ ပြော စရာစကားအများ ရှိသော်လည်း ၊ သင်တို့သည် ယခု မ ခံ နိုင် ကြ။
13 Nambo pachaiche Mbumu jwa Akunnungu juchansalile usyene nkati Akunnungu, chachinlongosya mu usyene wose. Ngaasala kwa ulamusi wakwe nsyene nambo chachisala ichaipilikane kutyochela kwa Atati ni kummanyisya ichiiche.
၁၃သမ္မာတရား နှင့်ပြည့်စုံသော ထို ဝိညာဉ် တော်သည် ရောက်လာ သောအခါ ၊ သမ္မာတရား ကို သင် တို့အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြော မည်မ ဟုတ်။ ကြား သမျှ တို့ကို ဟောပြော လိမ့်မည်။ နောင်လာ လတံ့သောအရာ တို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။
14 Ŵelewo changusye une ligongo chachinsalila yeila ichinansalile une.
၁၄ထိုသူ သည် ငါ့ ဘုန်း ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ၊ ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင် တို့အား ဖော်ပြ လိမ့်မည်။
15 Yose yalinayo Atati ŵangu ili yangu une, kwa ligongo lyo sasile kuti Mbumu jo chachinsalila ichinaasalile une.
၁၅ခမည်းတော် နှင့်စပ်ဆိုင် သမျှ သည် ငါ နှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင်တို့အားဖော်ပြ လိမ့်မည်ဟု ငါပြော ၏။
16 “Gasigele moŵa kanandi ni ŵanyamwe ngamuuwona sooni, ni pakumala moŵa kanandi, chimuuwone sooni!”
၁၆ခဏ ကြာပြီးမှသင်တို့သည်ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့သွားမည် ဟု မိန့်တော်မူ၏။
17 Pelepo ŵakulijiganya ŵao ŵampepe ŵausyene, “Malumbo gakwe chichi pakutusalila, ‘Gasigele moŵa kanandi ni ŵanyamwe ngamuuwona sooni, ni pakumala moŵa kanandi, chimuuwone sooni?’ Ni sooni ŵatite, ‘Pakuŵa ngwaula kwa Atati ŵangu!’”
၁၇တပည့် တော်အချို့ ကလည်း ၊ ခဏ ကြာပြီးမှ သင်တို့သည်ငါ့ ကို မ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကို မြင် ပြန်ကြလိမ့်မည်ဟူ၍၎င်း ၊ အကြောင်းမူကား ၊ ငါသည် ခမည်းတော် ထံသို့ သွား မည် ဟူ၍၎င်း၊ မိန့်တော်မူသောစကား သည် အဘယ်သို့ နည်း။
18 Nipele, ŵajendelechele kuusyana, “Ana malumbo gakwe chichi pakuŵecheta, ‘Gasigele moŵa kanandi?’ Ngatukuchimanyilila chakuchigamba cho.”
၁၈ခဏ ဟူ၍မိန့်တော်မူသော် အဘယ်သို့ ဆိုလိုသနည်း မိန့် တော်မူသောစကားကို အကျွန်ုပ်တို့သည် နား မ လည်ဟု အချင်းချင်းပြောဆို ကြ၏။
19 Che Yesu ŵaimanyi kuti ŵakulijiganya ŵao ŵasachile kwausya yankati yeleyo, nipele ŵaasalile, “Ana nkuusyana nkati yeila imechete kuti, ‘Gasigele moŵa kanandi ni ŵanyamwe ngamuuwona sooni, ni pakumala moŵa kanandi, chimuuwone sooni?’
၁၉တပည့်တော်တို့သည်မေးလျှောက် လို သည်ကို ယေရှု သိမြင် တော်မူလျှင်၊ ခဏ ကြာပြီးမှ သင်တို့သည် ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်ဟု ငါပြော သောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင် ကြသလော။
20 Ngunsalila isyene, ŵanyamwe chinlile ni kulila kwa malumbo, nambo ŵandu ŵa pachilambo pano chasangalale. Ŵanyamwe chinsupuche nambo kusupuka kwenu chikugalauche kusangalala.
၂၀ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည် ငိုကြွေး မြည်တမ်း ခြင်းရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက် ခြင်းရှိကြလိမ့်မည်။ သင် တို့မူကား ဝမ်းနည်း ခြင်းရှိသော်လည်း ထိုဝမ်းနည်း ခြင်းသည် တဖန် ဝမ်းမြောက် ခြင်းဖြစ် လိမ့်မည်။
21 Katema ka kuligopola jwankongwe chikwasimana chilungusi ligongo katema kakwe ka kupeteka kaiche, nambo aligopolaga mwanache ngakukumbuchilila kupeteka kula, nambo akusangalala pakuŵa apagwile mwanache mchilambo.
၂၁မိန်းမ သည်သားကို ဘွား စဉ်အခါ ဘွားရသောအချိန် စေ့ သောကြောင့် ဝမ်းနည်း ခြင်းရှိ ၏။ ဘွားမြင် ပြီးမှဤလောက ၌ လူ တစ်ယောက်ကိုဘွားမြင် သောကြောင့် ဝမ်းမြောက် ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာ ကို မေ့လျော့ တတ်၏။
22 Nombe ŵanyamwe sambano nkusupuka, nambo pachinambone sooni chinsangalale mmitima jenu ni sangalala jo ngapagwa jwalijose juchakombole kujityosya kukwenu.
၂၂ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။
23 “Lyele lyuŵa lyo ngamuusya chachili chose. Ngunsalila isyene, chachili chose chachimwaŵende Atati champe kwa liina lyangu.
၂၃ထို နေ့ ၌ သင်တို့သည် ငါ့ ကိုအလျှင်း မ မေးမြန်း ရကြ။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည်ငါ ၏ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေး တော်မူမည်။
24 Natamuno sambano nganimmende chachili chose kwa liina lyangu. Mmende ni ŵanyamwe chinchipata kuti sangalale jenu jimalile.
၂၄ယခု တိုင်အောင် ငါ ၏နာမ ကိုအမှီပြု ၍ သင်တို့သည် အဘယ် ဆုကိုမျှမ တောင်း ကြသေး။ သင် တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာတောင်း ကြလော့။ ထိုသို့တောင်းလျှင် ရ ကြလိမ့်မည်။
25 “Nansalile gelega kwa itagu. Nambo chijiiche ndaŵi jati ngamecheta ni ŵanyamwe sooni kwa itagu, nambo chinansalile pangasisa yankati Atati.
၂၅ဤ အရာတို့ကို ပုံ ဥပမာအားဖြင့် ငါဟောပြော ၏။ ပုံ ဥပမာအားဖြင့် မ ဟော မပြောဘဲ၊ ခမည်းတော် နှင့် စပ်ဆိုင် သောအရာတို့ကို သင်တို့အားအတည့်အလင်း ဖော်ပြ သောအချိန် ကာလ ရောက် လိမ့်မည်။
26 Lyuŵa lyo chinchiŵenda kwa liina lyangu, ni ngangunsalila kuti chisachilwe kummendela kwa Atati,
၂၆ထို ကာလ ၌ သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ ဆုတောင်း ကြလိမ့်မည်။ သင် တို့အဘို့ အလိုငှာ ငါ သည် ခမည်းတော် ကို တောင်း မည်ဟုမ ဆို ။
27 pakuŵa Atati asyene akunnonyela ŵanyamwe. Akunnonyela ŵanyamwe ligongo ŵanyamwe muunonyele uneji, ni kukulupilila kuti uneji natyochele kwa Akunnungu.
၂၇အကြောင်းမူကား ၊ သင် တို့သည်ငါ့ ကိုချစ် ကြ၍ ၊ ငါ သည်ဘုရားသခင် အထံ တော်မှ ကြွလာ သည်ကို ယုံကြည် သောကြောင့် ခမည်းတော် သည် ကိုယ်တော် တိုင် သင် တို့ကိုချစ် တော်မူ၏။
28 Uneji natyochele kwa Atati, ni kwika pachilambo, ni sambano nguchileka chilambo ni kuuja kwa Atati.”
၂၈ငါသည် ခမည်းတော် ထံမှ ထွက် ၍ ဤလောက သို့ ကြွလာ ပြီ။ တစ်ဖန် ဤလောက မှထွက် ၍ ခမည်းတော် ထံသို့ သွား ဦးမည် ဟု မိန့် တော်မူ၏။
29 Nipele ŵakulijiganya ŵao ŵaasalile, “Nnole sambano nkuŵecheta pangasisa, ngankuŵecheta kwa itagu.
၂၉တပည့် တော်တို့ကလည်း၊ ကိုယ်တော်သည် ယခု တွင်ပုံ ဥပမာကိုမ ဆောင်ဘဲ အတည့်အလင်း ဟောပြော တော်မူ၏။
30 Sambano tuimanyi kuti mmwe nkuimanyilila yose ni ngapagwa ligongo lya mundu jwalijose kummusya, chelecho ni chachikututenda tukulupilile kuti nkopochele kwa Akunnungu.”
၃၀အလုံးစုံ တို့ကို သိ တော်မူသည်ကို၎င်း ၊ အဘယ်သူ မျှကိုယ်တော် ကို မေးမြန်း စေခြင်းငှာ အလို တော်မ ရှိ သည်ကို၎င်း၊ ယခု တွင် အကျွန်ုပ်တို့သိ ကြပါ၏။ အကျွန်ုပ်တို့သည် ဤ အကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွ တော်မူသည်ကို ယုံ ပါသည်ဟု လျှောက် ကြ၏။
31 Che Yesu ŵajanjile, “Ana sambano nkukulupilila?
၃၁ယေရှု ကလည်း၊ ယခု တွင်ယုံ ကြပြီလော။
32 Nnole lyuŵa likwika, sooni liiche lyati chimpwilingane jwalijose kumangwakwe, ni kuuneka jika. Nambo uneji nguuŵa jika, pakuŵa Atati ali pamo ni une.
၃၂သင်တို့သည် ကွဲပြား ၍ ငါ့ ကိုတကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ် လျက်၊ အသီးသီး မိမိ တို့နေရာ သို့ ပြေးသွားမည့်အချိန် ကာလသည် လာ ၍ ယခုပင်ရောက် ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်း နေ သည် မ ဟုတ်။ ခမည်းတော် သည်ငါ နှင့်အတူ ရှိ တော်မူ၏။
33 Nansalile gelega kuti nlumbikane ni uneji ni kukola chitendewele. Mchilambo chinsauche, nambo muusimane ntima! Uneji nachipundile chilambo!”
၃၃သင် တို့သည် ငါ့ ကိုအမှီပြု ၍ ငြိမ်သက် ခြင်းရှိ စေခြင်းငှာ ဤ စကားကိုငါဟောပြော ပြီ။ သင်တို့သည် လောက ၌ ဆင်းရဲ ဒုက္ခကိုခံ ကြရလိမ့်မည်။ သို့သော်လည်း မ စိုးရိမ်ကြနှင့်။ ငါ သည်လောက ကိုအောင် ပြီ ဟု မိန့် တော်မူ၏။