< 撒迦利亞書 13 >

1 「那日,必給大衛家和耶路撒冷的居民開一個泉源,洗除罪惡與污穢。」
ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့ သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြော စရာဘို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။
2 萬軍之耶和華說:「那日,我必從地上除滅偶像的名,不再被人記念;也必使這地不再有假先知與污穢的靈。
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်း ငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ် သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း ပြည် တော်မှ နှင်ထုတ်မည်။
3 若再有人說預言,生他的父母必對他說:『你不得存活,因為你託耶和華的名說假預言。』生他的父母在他說預言的時候,要將他刺透。
လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဘွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကို အမှီပြု၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ တို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။
4 那日,凡作先知說預言的必因他所論的異象羞愧,不再穿毛衣哄騙人。
ထိုကာလ၌ ပရောဖက်သည် ဟောပြောသော အခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတပါး ကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကို လည်း မဝတ်ရ။
5 他必說:『我不是先知,我是耕地的;我從幼年作人的奴僕。』
အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ် သော သူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။
6 必有人問他說:『你兩臂中間是甚麼傷呢?』他必回答說:『這是我在親友家中所受的傷。』」
သူတပါးကလည်း၊ သင့်လက်၌ ပေါ်သော ဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
7 萬軍之耶和華說: 刀劍哪,應當興起, 攻擊我的牧人和我的同伴。 擊打牧人,羊就分散; 我必反手加在微小者的身上。
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။
8 耶和華說:這全地的人, 三分之二必剪除而死, 三分之一仍必存留。
ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။
9 我要使這三分之一經火, 熬煉他們,如熬煉銀子; 試煉他們,如試煉金子。 他們必求告我的名, 我必應允他們。 我要說:這是我的子民。 他們也要說:耶和華是我們的上帝。
ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနား ထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။

< 撒迦利亞書 13 >