< 民數記 4 >
၁ထာဝရဘုရားကမောရှေအား၊
2 「你從利未人中,將哥轄子孫的總數,照他們的家室、宗族,
၂``လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစုတွင်၊
3 從三十歲直到五十歲,凡前來任職、在會幕裏辦事的,全都計算。
၃အသက်သုံးဆယ်မှငါးဆယ်အထိထာဝရ ဘုရားစံတော်မူရာတဲတော်တွင် အမှုတော် ဆောင်နိုင်မည့်အမျိုးသားအားလုံးတို့ကို ဘိုးဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူလော့။-
4 哥轄子孫在會幕搬運至聖之物,所辦的事乃是這樣:
၄သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
5 起營的時候,亞倫和他兒子要進去摘下遮掩櫃的幔子,用以蒙蓋法櫃,
၅ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။-
6 又用海狗皮蓋在上頭,再蒙上純藍色的毯子,把槓穿上。
၆ကန့်လန့်ကာအပေါ်တွင်နူးညံ့သောသားရေ ဖုံးအုပ်ပြန်၍ ထိုအပေါ်တွင်အပြာထည်ကို ထပ်မံ၍အုပ်ရမည်။ ထိုနောက်ထမ်းပိုးများ ကိုကွင်းများတွင်လျှိုသွင်းရမည်။
7 又用藍色毯子鋪在陳設餅的桌子上,將盤子、調羹、奠酒的爵,和杯擺在上頭。桌子上也必有常設的餅。
၇ထာဝရဘုရားအားမုန့်တင်လှူ၍ ပူဇော် သောစားပွဲတော်ပေါ်တွင်အပြာထည်ကို ဖြန့်ခင်း၍လင်ပန်းများ၊ နံ့သာပေါင်းခွက် များ၊ ဖလားများ၊ စပျစ်ရည်ခရားများ ကိုတင်ရမည်။ တင်လှူပူဇော်သောမုန့်ကို လည်းစားပွဲတော်ပေါ်တွင်အမြဲရှိစေရ မည်။-
8 在其上又要蒙朱紅色的毯子,再蒙上海狗皮,把槓穿上。
၈ထိုပစ္စည်းများအားလုံးတို့ကိုအနီထည် ဖြင့်ဖုံးအုပ်၍ ထိုအနီထည်ပေါ်တွင်နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ရမည်။ ထို နောက်ထမ်းပိုးများကိုကွင်းများတွင် လျှိုထားရမည်။
9 要拿藍色毯子,把燈臺和燈臺上所用的燈盞、剪子、蠟花盤,並一切盛油的器皿,全都遮蓋。
၉မီးခုံတိုင်နှင့်ဆိုင်ရာမီးခွက်များ၊ မီးညှပ် များ၊ မီးခံခွက်များနှင့်သံလွင်ဆီခွက်စ သည်တို့ကိုအပြာထည်ဖြင့်ဖုံးအုပ်ရမည်။-
10 又要把燈臺和燈臺的一切器具包在海狗皮裏,放在抬架上。
၁၀မီးခုံတိုင်နှင့်ဆိုင်ရာပစ္စည်းအားလုံးတို့ကို နူးညံ့သောသားရေထည်ဖြင့်ထုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။
11 在金壇上要鋪藍色毯子,蒙上海狗皮,把槓穿上。
၁၁ရွှေယဇ်ပလ္လင်ကိုအပြာထည်ဖြင့်ဖုံးပြီးလျှင် အပြာထည်အပေါ်တွင်နူးညံ့သောသားရေ ထည်ဖြင့်အုပ်ထားရမည်။ ထိုနောက်ထမ်းပိုး များကိုလျှိုထားရမည်။-
12 又要把聖所用的一切器具包在藍色毯子裏,用海狗皮蒙上,放在抬架上。
၁၂သန့်ရှင်းရာဌာနတော်ထဲတွင်အသုံးပြု သောခွက်ယောက်အားလုံးကိုအပြာထည် ဖြင့်ထုပ်၍ အပြာထည်အပေါ်၌နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။-
၁၃ယဇ်ပလ္လင်မှအဆီနှင့်ပြာကိုရှင်းလင်းပြီး လျှင် ပလ္လင်ကိုခရမ်းရောင်အထည်ဖြင့်ဖုံး အုပ်ထားရမည်။-
14 又要把所用的一切器具,就是火鼎、肉鍤子、鏟子、盤子,一切屬壇的器具都擺在壇上,又蒙上海狗皮,把槓穿上。
၁၄ထိုအပေါ်တွင်ယဇ်ပလ္လင်နှင့်ဆိုင်သော မီးခံခွက်၊ ချိတ်၊ ဂေါ်ပြား၊ ဖလားစသောအသုံးအဆောင် ပစ္စည်းအားလုံးတို့ကိုတင်ထားရမည်။ ထိုနောက် ပလ္လင်အသုံးအဆောင်ပစ္စည်းများကို နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်၍ထမ်းပိုး များကိုလျှိုထားရမည်။-
15 將要起營的時候,亞倫和他兒子把聖所和聖所的一切器具遮蓋完了,哥轄的子孫就要來抬,只是不可摸聖物,免得他們死亡。會幕裏這些物件是哥轄子孫所當抬的。
၁၅စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
16 「祭司亞倫的兒子以利亞撒所要看守的是點燈的油與香料,並當獻的素祭和膏油,也要看守全帳幕與其中所有的,並聖所和聖所的器具。」
၁၆ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ သည်တဲတော်အတွက်လည်းကောင်း၊ မီးခွက် ဆီ၊ နံ့သာပေါင်း၊ ဘောဇဉ်သကာ၊ ဘိသိက် ဆီမှစ၍ထာဝရဘုရားအားဆက်ကပ် ထားသောတဲတော်ပစ္စည်းရှိသမျှကိုလည်း ကောင်းတာဝန်ယူရမည်။
၁၇ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား၊
၁၈``ကောဟတ်၏သားချင်းစုတို့ကိုအလွန်သန့်ရှင်း သောပစ္စည်းများအနီးသို့မချဉ်းကပ်စေနှင့်။ ထို အဖြစ်မျိုးမဆိုက်ရောက်စေရန်အာရုန်နှင့်သူ ၏သားတို့သည်တဲတော်ထဲသို့ဝင်၍လူအသီး သီးဆောင်ရွက်ရမည့်တာဝန်နှင့်ထမ်းရမည့် ဝန်တို့ကိုခန့်ခွဲပေးရမည်။-
19 他們挨近至聖物的時候,亞倫和他兒子要進去派他們各人所當辦的,所當抬的。這樣待他們,好使他們活着,不致死亡。
၁၉
20 只是他們連片時不可進去觀看聖所,免得他們死亡。」
၂၀ကောဟတ်၏သားချင်းစုတို့သည်တဲတော်ထဲ သို့ဝင်၍သန့်ရှင်းသောပစ္စည်းများကိုခေတ္တ မျှကြည့်မိလျှင်အသက်သေဆုံးရကြ မည်'' ဟုမိန့်တော်မူ၏။
၂၁ထာဝရဘုရားသည်မောရှေအား၊
၂၂လေဝိအနွယ်ဝင်ဂေရရှုန်၏သားချင်းစုတို့ မှအသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ထာဝရဘုရားစံတော်မူရာတဲတော်၌အမှု ထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုးဘေးဆွေ မျိုးဘက်မှမိသားစုအလိုက်စာရင်းကောက် ယူရန်အမိန့်ပေးတော်မူ၏။-
23 從三十歲直到五十歲,凡前來任職、在會幕裏辦事的,全都數點。
၂၃
၂၄သူတို့တာဝန်မှာ၊- တဲတော်၊ တဲတော်အောက်ခံ အမိုး၊ အပြင်အမိုး၊ နူးညံ့သောအပေါ်ဆုံး ထပ်သားရေမိုး၊-
25 他們要抬帳幕的幔子和會幕,並會幕的蓋與其上的海狗皮,和會幕的門簾,
၂၅
26 院子的帷子和門簾(院子是圍帳幕和壇的)、繩子,並所用的器具,不論是做甚麼用的,他們都要經理。
၂၆တဲတော်တံခါးဝကန့်လန့်ကာ၊ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ရှိကန့်လန့်ကာများနှင့် ကြိုးများ၊ တဲတော်ဝင်းပေါက်ကန့်လန့်ကာ များအစရှိသည်တို့ကိုလည်းကောင်း၊ ထို ပစ္စည်းများကိုတပ်ဆင်ရာ၌အသုံးပြု သောတန်ဆာပလာအားလုံးတို့ကိုလည်း ကောင်းသယ်ဆောင်ရန်ဖြစ်သည်။ သူတို့သည် ထိုပစ္စည်းများနှင့်ဆိုင်၍ ဆောင်ရွက်ရန်ရှိ သမျှတို့ကိုတာဝန်ယူရမည်။-
27 革順的子孫在一切抬物辦事之上都要憑亞倫和他兒子的吩咐;他們所當抬的,要派他們看守。
၂၇ဂေရရှုန်သားချင်းစုတို့သည်အာရုန်နှင့် သူ ၏သားများသတ်မှတ်ပေးသောဝတ္တရားများ နှင့်သယ်ဆောင်မှုရှိသမျှကိုဆောင်ရွက်ရန် မောရှေနှင့်အာရုန်တို့ကကြပ်မတ်ပေးရမည်။-
28 這是革順子孫的各族在會幕裏所辦的事;他們所看守的,必在祭司亞倫兒子以他瑪的手下。」
၂၈ဤသည်တို့ကားတဲတော်တွင်ဂေရရှုန်သားချင်း စုတို့ဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ သူ တို့သည်ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာ ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရကြမည်။
29 「至於米拉利的子孫,你要照着家室、宗族把他們數點。
၂၉ထာဝရဘုရားသည်လေဝိအနွယ်ဝင် မေရာရိ၏သားချင်းစုတွင်၊-
30 從三十歲直到五十歲,凡前來任職、在會幕裏辦事的,你都要數點。
၃၀အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ၍ထာဝရဘုရားစံတော်မူရာတဲတော်၌ အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုး ဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူရန် မောရှေအားအမိန့် ပေးတော်မူ၏။-
31 他們辦理會幕的事,就是抬帳幕的板、閂、柱子,和帶卯的座,
၃၁သူတို့သည်တဲတော်သစ်သားဘောင်များ၊ တန်း များ၊ တိုင်များနှင့်အောက်ခံခုံများကိုလည်း ကောင်း၊-
32 院子四圍的柱子和其上帶卯的座、橛子、繩子,並一切使用的器具。他們所抬的器具,你們要按名指定。
၃၂တဲတော်ဝင်းပတ်လည်ရှိတိုင်များ၊ အောက်ခံခုံ များ၊ ကြက်ဆူးများနှင့်ကြိုးများကိုလည်း ကောင်း၊ ထိုပစ္စည်းများကိုတပ်ဆင်ရာ၌အသုံး ပြုသောတန်ဆာပလာအားလုံးတို့ကို လည်းကောင်းသယ်ဆောင်ရမည်။ လူတိုင်း မိမိအတွက်သတ်မှတ်ပေးသောပစ္စည်း ကိုသယ်ဆောင်ရမည်။-
33 這是米拉利子孫各族在會幕裏所辦的事,都在祭司亞倫兒子以他瑪的手下。」
၃၃ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။
34 摩西、亞倫與會眾的諸首領將哥轄的子孫,照着家室、宗族,
၃၄ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား ခေါင်းဆောင်တို့သည်လေဝိသားချင်းစုသုံး စုဖြစ်သောကောဟတ်သားချင်းစု၊ ဂေရရှုန် သားချင်းစုနှင့်မေရာရိသားချင်းစုတို့ တွင်အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်း ရှိ ထာဝရဘုရားစံတော်မူရာတဲတော် တွင်အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ ကိုဘိုးဘေးဆွေမျိုးများဘက်မှ မိသားစု အလိုက်ကောက်ယူရရှိသောလူဦးရေ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ သားချင်းစု လူဦးရေ ကောဟတ် ၂၇၅၀ ဂေရရှုန် ၂၆၃၀ မေရာရိ ၃၂၀၀ စုစုပေါင်း ၈၅၈၀
35 從三十歲直到五十歲,凡前來任職、在會幕裏辦事的,都數點了。
၃၅
37 這是哥轄各族中被數的,是在會幕裏辦事的,就是摩西、亞倫照耶和華藉摩西所吩咐數點的。
၃၇
39 從三十歲直到五十歲,凡前來任職、在會幕裏辦事的,共有二千六百三十名。
၃၉
41 這是革順子孫各族中被數的,是在會幕裏辦事的,就是摩西、亞倫照耶和華藉摩西所吩咐數點的。
၄၁
43 從三十歲直到五十歲,凡前來任職、在會幕裏辦事的,共有三千二百名。
၄၃
45 這是米拉利子孫各族中被數的,就是摩西、亞倫照耶和華藉摩西所吩咐數點的。
၄၅
46 凡被數的利未人,就是摩西、亞倫並以色列眾首領,照着家室、宗族所數點的,
၄၆
47 從三十歲直到五十歲,凡前來任職、在會幕裏做抬物之工的,共有八千五百八十名。
၄၇
49 摩西按他們所辦的事、所抬的物,憑耶和華的吩咐數點他們;他們這樣被摩西數點,正如耶和華所吩咐他的。
၄၉ထာဝရဘုရားသည်မောရှေအားမိန့်တော်မူ သည့်အတိုင်း လေဝိအမျိုးသားတစ်ယောက်စီ တို့ကိုစာရင်းကောက်ယူ၍ သူတို့အသီးသီး ဆောင်ရွက်ရမည့်ဝတ္တရားနှင့်သယ်ဆောင်ရ မည့်တာဝန်ကိုခွဲခန့်ပေးလေသည်။