< 利未記 12 >
၁တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ -
2 「你曉諭以色列人說:若有婦人懷孕生男孩,她就不潔淨七天,像在月經污穢的日子不潔淨一樣。
၂မိန်းမသည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ် သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည်။
၃အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကို ပြုရမည်။
4 婦人在產血不潔之中,要家居三十三天。她潔淨的日子未滿,不可摸聖物,也不可進入聖所。
၄ထိုနောက် အမိသည် စင်ကြယ်စေခြင်းနှင့် ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကို မကိုင်ရ။ သန့်ရှင်း ရာ ဌာနတော်ကို မသွားရ။
5 她若生女孩,就不潔淨兩個七天,像污穢的時候一樣,要在產血不潔之中,家居六十六天。
၅သားမိန်းမကို ဘွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။
6 「滿了潔淨的日子,無論是為男孩是為女孩,她要把一歲的羊羔為燔祭,一隻雛鴿或是一隻斑鳩為贖罪祭,帶到會幕門口交給祭司。
၆သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ်တကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင်၊ သို့မဟုတ် ခိုတကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
7 祭司要獻在耶和華面前,為她贖罪,她的血源就潔淨了。這條例是為生育的婦人,無論是生男生女。
၇ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်၍၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။
8 她的力量若不夠獻一隻羊羔,她就要取兩隻斑鳩或是兩隻雛鴿,一隻為燔祭,一隻為贖罪祭。祭司要為她贖罪,她就潔淨了。」
၈သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။