< 士師記 3 >
1 耶和華留下這幾族,為要試驗那不曾知道與迦南爭戰之事的以色列人,
၁ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊
3 所留下的就是非利士的五個首領和一切迦南人、西頓人,並住黎巴嫩山的希未人,從巴力‧黑們山直到哈馬口。
၃ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။
4 留下這幾族,為要試驗以色列人,知道他們肯聽從耶和華藉摩西吩咐他們列祖的誡命不肯。
၄ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။
5 以色列人竟住在迦南人、赫人、亞摩利人、比利洗人、希未人、耶布斯人中間,
၅ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊
6 娶他們的女兒為妻,將自己的女兒嫁給他們的兒子,並事奉他們的神。
၆သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
7 以色列人行耶和華眼中看為惡的事,忘記耶和華-他們的上帝,去事奉諸巴力和亞舍拉,
၇ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
8 所以耶和華的怒氣向以色列人發作,就把他們交在美索不達米亞王古珊‧利薩田的手中。以色列人服事古珊‧利薩田八年。
၈ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။
9 以色列人呼求耶和華的時候,耶和華就為他們興起一位拯救者救他們,就是迦勒兄弟基納斯的兒子俄陀聶。
၉နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။
10 耶和華的靈降在他身上,他就作了以色列的士師,出去爭戰。耶和華將美索不達米亞王古珊‧利薩田交在他手中,他便勝了古珊‧利薩田。
၁၀ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
11 於是國中太平四十年。基納斯的兒子俄陀聶死了。
၁၁အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
12 以色列人又行耶和華眼中看為惡的事,耶和華就使摩押王伊磯倫強盛,攻擊以色列人。
၁၂တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
13 伊磯倫招聚亞捫人和亞瑪力人,去攻打以色列人,佔據棕樹城。
၁၃ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊
၁၄ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။
15 以色列人呼求耶和華的時候,耶和華就為他們興起一位拯救者,就是便雅憫人基拉的兒子以笏;他是左手便利的。以色列人託他送禮物給摩押王伊磯倫。
၁၅နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
16 以笏打了一把兩刃的劍,長一肘,帶在右腿上衣服裏面。
၁၆ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
17 他將禮物獻給摩押王伊磯倫(原來伊磯倫極其肥胖);
၁၇မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသော သူဖြစ်၏။
၁၈ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
19 自己卻從靠近吉甲鑿石之地回來,說:「王啊,我有一件機密事奏告你。」王說:「迴避吧!」於是左右侍立的人都退去了。
၁၉ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
20 以笏來到王面前;王獨自一人坐在涼樓上。以笏說:「我奉上帝的命報告你一件事。」王就從座位上站起來。
၂၀ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
21 以笏便伸左手,從右腿上拔出劍來,刺入王的肚腹,
၂၁ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊
22 連劍把都刺進去了。劍被肥肉夾住,他沒有從王的肚腹拔出來,且穿通了後身。
၂၂လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
၂၃ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
24 以笏出來之後,王的僕人到了,看見樓門關鎖,就說:「他必是在樓上大解。」
၂၄ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည် လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
25 他們等煩了,見仍不開樓門,就拿鑰匙開了,不料,他們的主人已死,倒在地上。
၂၅ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။
26 他們耽延的時候,以笏就逃跑了,經過鑿石之地,逃到西伊拉;
၂၆ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊
27 到了,就在以法蓮山地吹角。以色列人隨着他下了山地,他在前頭引路,
၂၇ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ၏။
28 對他們說:「你們隨我來,因為耶和華已經把你們的仇敵摩押人交在你們手中。」於是他們跟着他下去,把守約旦河的渡口,不容摩押一人過去。
၂၈သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာ ဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစုံတယောက်ကိုမျှ မကူးစေရ။
29 那時擊殺了摩押人約有一萬,都是強壯的勇士,沒有一人逃脫。
၂၉ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူတသောင်းကို သတ်၍၊
30 這樣,摩押就被以色列人制伏了。國中太平八十年。
၃၀မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
31 以笏之後,有亞拿的兒子珊迦,他用趕牛的棍子打死六百非利士人。他也救了以色列人。
၃၁ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။