< 約書亞記 19 >
1 為西緬支派的人,按着宗族,拈出第二鬮。他們所得的地業是在猶大人地業中間。
၁ဒုတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါရှိမောင်အနွယ်ဝင် မိသားစုတို့နယ်မြေရရှိကြ၏။ ထိုနယ် မြေသည်ယုဒအနွယ်ဝင်တို့အားခွဲဝေ ပေးသောနယ်မြေအတွင်း၌တည်ရှိသည်။-
2 他們所得為業之地就是:別是巴(或名示巴)、摩拉大、
၂ထိုနယ်မြေတွင်ဗေရရှေဘမြို့၊ ရှေဘမြို့၊ မောလဒါမြို့၊-ဟာဇာရွှာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊ ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊ ဇိကလတ်မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသမြို့၊-
6 伯‧利巴勿、沙魯險,共十三座城,還有屬城的村莊;
၆ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့စသောမြို့ ကြီးတစ်ဆယ့်သုံးမြို့နှင့်ယင်းတို့၏ပတ် ဝန်းကျင်ရှိမြို့များပါဝင်သည်။-
7 又有亞因、利門、以帖、亞珊,共四座城,還有屬城的村莊;
၇ထို့အပြင်အင်မြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန် မြို့စသောမြို့ကြီးလေးမြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များလည်းပါဝင်သည်။-
8 並有這些城邑四圍一切的村莊,直到巴拉‧比珥,就是南地的拉瑪。這是西緬支派按着宗族所得的地業。
၈ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။-
9 西緬人的地業是從猶大人地業中得來的;因為猶大人的分過多,所以西緬人在他們的地業中得了地業。
၉ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။
10 為西布倫人,按着宗族,拈出第三鬮。他們地業的境界是到撒立;
၁၀တတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဇာဗုလုန်အနွယ်မိသား စုတို့နယ်မြေကိုရရှိကြ၏။ သူတို့ရရှိ သောနယ်မြေသည်စာရိဒ်မြို့အထိကျယ် ပြန့်သည်။-
11 往西上到瑪拉拉,達到大巴設,又達到約念前的河;
၁၁နယ်နိမိတ်သည်ထိုမြို့မှဒဗ္ဗရှက်မြို့နှင့်ယော ကနံမြို့အရှေ့ဘက်ရှိချောင်းကိုဖြတ်၍ အနောက်ဘက်ရှိမရာလမြို့အထိ ရောက်သည်။-
12 又從撒立往東轉向日出之地,到吉斯綠‧他泊的境界,又通到大比拉,上到雅非亞;
၁၂နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။-
13 從那裏往東,接連到迦特‧希弗,至以特‧加汛,通到臨門,臨門延到尼亞;
၁၃ထိုမှအရှေ့ဘက်ဂိတ္တဟေဖာမြို့နှင့်အိတ္တ ကာဇိန်မြို့သို့ရောက်၍ ရိမ္မုန်မြို့သို့သွား ရာလမ်းရှိနေအာမြို့သို့လှည့်သွား၏။-
14 又繞過尼亞的北邊,轉到哈拿頓,通到伊弗他‧伊勒谷。
၁၄မြောက်ဘက်နယ်နိမိတ်သည်ဟန္နသုန်မြို့ဘက် သို့လှည့်၍ ယိဖသေလချိုင့်ဝှမ်း၌အဆုံး သတ်သည်။-
15 還有加他、拿哈拉、伸崙、以大拉、伯利恆,共十二座城,還有屬城的村莊。
၁၅ထိုနယ်မြေတွင်ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့စသော မြို့ကြီးတစ်ဆယ့်နှစ်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
16 這些城並屬城的村莊就是西布倫人按着宗族所得的地業。
၁၆ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့ များသည်ဇာဗုလုန်အနွယ်မိသားစုတို့ ပိုင်သောနယ်မြေအတွင်း၌တည်ရှိလေ သည်။
၁၇စတုတ္ထအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဣသခါအနွယ် မိသားစုတို့နယ်မြေရရှိကြ၏။-
၁၈ထိုနယ်မြေတွင်ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊-
၁၉ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊- ရဗ္ဗိတ်မြို့၊ကိရှုန်မြို့၊ အာဗက်မြို့၊- ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့များပါဝင် သည်။-
22 又達到他泊、沙哈洗瑪、伯‧示麥,直通到約旦河為止,共十六座城,還有屬城的村莊。
၂၂နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
23 這些城並屬城的村莊就是以薩迦支派按着宗族所得的地業。
၂၃ထိုမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဣသခါအနွယ်မိသားစုများအပိုင်ရ သောနယ်မြေအတွင်း၌တည်ရှိလေသည်။
၂၄ပဉ္စမအကြိမ် မဲချ ၍ခွဲဝေပေးသောအခါအာရှာအနွယ် မိသားစုတို့သည်နယ်မြေကိုရရှိကြ ၏။-
၂၅ထိုနယ်မြေတွင်ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊-
26 亞拉米勒、亞末、米沙勒;往西達到迦密,又到希曷‧立納,
၂၆အလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့များ ပါဝင်သည်။ အနောက်နယ်နိမိတ်သည်ကရ မေလမြို့နှင့်ရှိဟောရလိဗနတ်မြို့များ ကိုဖြတ်သွားသည်။-
27 轉向日出之地,到伯‧大袞,達到細步綸;往北到伊弗他‧伊勒谷,到伯‧以墨和尼業,也通到迦步勒的左邊;
၂၇ထိုနောက်အရှေ့ဘက်သို့လှည့်၍ဗက်ဒါဂုန် မြို့သို့ရောက်ပြီးလျှင် ဇာဗုလုန်နယ်မြေနှင့် ယိဖသေလချိုင့်ဝှမ်းကိုဖြတ်လျက် မြောက် ဘက်ဗေသမက်မြို့နှင့်နယေလမြို့သို့ ရောက်သည်။ တစ်ဖန်မြောက်ဘက်သို့ဆက် ၍ကာဗုလမြို့၊-
28 又到義伯崙、利合、哈們、加拿,直到西頓大城;
၂၈ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့ များမှဇိဒုန်မြို့အထိရောက်သည်။-
29 轉到拉瑪和堅固城泰爾;又轉到何薩,靠近亞革悉一帶地方,直通到海;
၂၉ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-
30 又有烏瑪、亞弗、利合,共二十二座城,還有屬城的村莊。
၃၀အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ကြီးနှစ် ဆယ့်နှစ်မြို့နှင့် ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များပါဝင်လေသည်။-
31 這些城並屬城的村莊就是亞設支派按着宗族所得的地業。
၃၁ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် အာရှာအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိလေသည်။
၃၂ဆဋ္ဌမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါနဿလိအနွယ် မိသားစုတို့နယ်မြေကိုရရှိကြ၏။-
33 他們的境界是從希利弗從撒拿音的橡樹,從亞大米‧尼吉和雅比聶,直到拉共,通到約旦河;
၃၃ထိုနယ်မြေ၏နယ်နိမိတ်သည်ဟေလပ်မြို့၊ ဇာနန္နိမ်မြို့အရပ်ရှိဝက်သစ်ချပင်မှအစ ပြု၍အာဒမိနေကပ်မြို့၊ ယာဗနေလမြို့ နှင့်လကုံမြို့များကိုဖြတ်ပြီးယော်ဒန်မြစ် ၌အဆုံးသတ်သည်။-
34 又轉向西到亞斯納‧他泊,從那裏通到戶割,南邊到西布倫,西邊到亞設,又向日出之地,達到約旦河那裏的猶大。
၃၄နယ်နိမိတ်သည်အနောက်ဘက်အာဇနုတ္တာ ဘော်မြို့သို့လှည့်ပြီးလျှင်ဟုကုတ်မြို့သို့ ရောက်၏။ တောင်ဘက်နယ်စပ်တွင်ဇာဗုလုန် နယ်မြေ၊ အနောက်ဘက်နယ်စပ်တွင်အာရှာ နယ်မြေ၊ အရှေ့ဘက်နယ်စပ်တွင်ယော်ဒန်မြစ် တို့အသီးသီးတည်ရှိသည်။-
35 堅固的城就是:西丁、側耳、哈末、拉甲、基尼烈、
၃၅တံတိုင်းကာရံထားသောမြို့ကြီးများမှာ ဇိဒ္ဒမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေ သရက်မြို့၊-
၃၆အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊-
၃၇ကေဒေရှမြို့၊ ဧဒြိမြို့၊ အင်ဟာဇော်မြို့၊-
38 以利穩、密大‧伊勒、和璉、伯‧亞納、伯‧示麥,共十九座城,還有屬城的村莊。
၃၈ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့စသောမြို့ကြီးတစ် ဆယ့်ကိုးမြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များဖြစ်သည်။-
39 這些城並屬城的村莊就是拿弗他利支派按着宗族所得的地業。
၃၉ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် နဿလိအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိသည်။
၄၀သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။-
၄၁ထိုနယ်မြေတွင်ဇောရာမြို့၊ ဧရှတောလ မြို့၊ ဣရရှေမက်မြို့၊-
၄၂ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊-
၄၃ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
၄၄ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။-
47 但人的地界越過原得的地界;因為但人上去攻取利善,用刀擊殺城中的人,得了那城,住在其中,以他們先祖但的名將利善改名為但。
၄၇ဒန်အနွယ်ဝင်တို့သည်မိမိတို့၏နယ်မြေ ဆုံးရှုံးရသောအခါလဲရှမြို့ကိုစစ်ချီ တိုက်ခိုက်၍မြို့သူမြို့သားများကိုသတ် ဖြတ်သုတ်သင်ပြီးလျှင်ထိုမြို့တွင်နေထိုင် ကြ၏။ လဲရှဟူသောမြို့နာမည်ကိုအနွယ် ၏ဖခင်ဒန်နာမည်သို့ပြောင်းလဲမှည့်ခေါ် ကြလေသည်။-
48 這些城並屬城的村莊就是但支派按着宗族所得的地業。
၄၈ဤမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဒန်အနွယ်ဝင်မိသားစုတို့ပိုင်သောနယ်မြေ အတွင်း၌တည်ရှိလေသည်။
49 以色列人按着境界分完了地業,就在他們中間將地給嫩的兒子約書亞為業,
၄၉ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-
50 是照耶和華的吩咐,將約書亞所求的城,就是以法蓮山地的亭拿‧西拉城,給了他。他就修那城,住在其中。
၅၀ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုတောင်းဆိုသောဧဖရိမ်တောင်ကုန်း ဒေသရှိတိမနဿေရမြို့ကိုသူ့အား ပေးကြသည်။ သူသည်မြို့ကိုပြန်လည်တည် ဆောက်ကာထိုမြို့တွင်နေထိုင်လေသည်။
51 這就是祭司以利亞撒和嫩的兒子約書亞,並以色列各支派的族長,在示羅會幕門口,耶和華面前,拈鬮所分的地業。這樣,他們把地分完了。
၅၁ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။