< 耶利米書 44 >
1 有臨到耶利米的話,論及一切住在埃及地的猶大人,就是住在密奪、答比匿、挪弗、巴忒羅境內的猶大人,說:
၁ထာဝရဘုရားသည်အီဂျစ်ပြည်မိဂဒေါလ မြို့၊ တာပနက်မြို့၊ နောဖမြို့နှင့်တောင်ပိုင်းဒေသ ၌ရှိသောဣသရေလအမျိုးသားအပေါင်း တို့ကိုရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော် မူ၏။-
2 「萬軍之耶和華-以色列的上帝如此說:我所降與耶路撒冷和猶大各城的一切災禍你們都看見了。那些城邑今日荒涼,無人居住;
၂ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယေရု ရှလင်မြို့နှင့်အခြားယုဒမြို့တို့အားငါ အဘယ်သို့ကပ်သင့်စေသည်ကို သင်တို့ကိုယ် တိုင်တွေ့မြင်ခဲ့ရလေပြီ။ ထိုမြို့များသည် ယခုတိုင်အောင်ပင်ယိုယွင်းပျက်စီးကာ လူသူဆိတ်ငြိမ်လျက်ရှိကြ၏။-
3 這是因居民所行的惡,去燒香事奉別神,就是他們和你們,並你們列祖所不認識的神,惹我發怒。
၃ယင်းသို့ငါဖြစ်စေရသည့်အကြောင်းမှာထို မြို့တို့မှမြို့သူမြို့သားများသည်မကောင်း မှုများကိုပြု၍ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများကိုယဇ်ပူဇော်ကြ လျက် သူတို့ကိုယ်တိုင်သင်တို့နှင့်သင်တို့ ဘိုးဘေးများအဘယ်အခါကမျှရှိ မခိုးဝတ်မပြုခဲ့သည့်ဘုရားများကို ရှိခိုးဝတ်ပြုကြ၏။-
4 我從早起來差遣我的僕人眾先知去說,你們切不要行我所厭惡這可憎之事。
၄ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။-
5 他們卻不聽從,不側耳而聽,不轉離惡事,仍向別神燒香。
၅သို့ရာတွင်သင်တို့သည်နားမထောင်ကြ။ ပမာဏမပြုကြ။ အခြားဘုရားများ အားယဇ်ပူဇော်သည့်အကျင့်ကိုလည်း မဖျောက်ကြ။-
6 因此,我的怒氣和忿怒都倒出來,在猶大城邑中和耶路撒冷的街市上,如火着起,以致都荒廢淒涼,正如今日一樣。
၆သို့ဖြစ်၍ငါသည်ယုဒမြို့များနှင့်ယေရု ရှလင်လမ်းများအပေါ်သို့ ငါ၏ဒေါသ အမျက်တော်ကိုသွန်းလောင်း၍ ထိုမြို့တို့ကို မီးလောင်စေတော်မူ၏။ ထိုမြို့များသည်ယို ယွင်းပျက်စီးလျက်ကျန်ရစ်ပြီးလျှင် ယနေ့ တွေ့မြင်နေရသည့်အတိုင်းလူတို့ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေ၏။
7 現在耶和華-萬軍之上帝、以色列的上帝如此說:你們為何作這大惡自害己命,使你們的男人、婦女、嬰孩,和吃奶的都從猶大中剪除、不留一人呢?
၇``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-
8 就是因你們手所做的,在所去寄居的埃及地向別神燒香惹我發怒,使你們被剪除,在天下萬國中令人咒詛羞辱。
၈သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
9 你們列祖的惡行,猶大列王和他們后妃的惡行,你們自己和你們妻子的惡行,就是在猶大地、耶路撒冷街上所行的,你們都忘了嗎?
၉ယုဒမြို့များနှင့်ယေရုရှလင်လမ်းများပေါ် တွင် သင်တို့၏ဘိုးဘေးများ၊ ယုဒဘုရင်များ နှင့်မိဖုရားများ၊ သင်တို့နှင့်သင်တို့၏ဇနီး များပြုကျင့်ခဲ့ကြသည့်အကျင့်ဆိုးများ ကိုသင်တို့မေ့လျော့သွားကြလေပြီလော။-
10 到如今還沒有懊悔,沒有懼怕,沒有遵行我在你們和你們列祖面前所設立的法度律例。
၁၀သင်တို့သည်ယနေ့တိုင်အောင်ပင်စိတ်နှလုံး နှိမ့်ချမှုမရှိကြသေးပေ။ ငါ့ကိုကြောက်ရွံ့ ရိုသေမှုမရှိ။ သင်တို့နှင့်သင်တို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပညတ်များ နှင့်နည်းဥပဒေကိုလည်းလိုက်နာကျင့်သုံး မှုမပြုကြ။
11 「所以萬軍之耶和華-以色列的上帝如此說:我必向你們變臉降災,以致剪除猶大眾人。
၁၁``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် သင်တို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေ၍ယုဒပြည်ကိုပျက် ပြုန်းစေမည်။-
12 那定意進入埃及地、在那裏寄居的,就是所剩下的猶大人,我必使他們盡都滅絕,必在埃及地仆倒,必因刀劍饑荒滅絕;從最小的到至大的都必遭刀劍饑荒而死,以致令人辱罵、驚駭、咒詛、羞辱。
၁၂ယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။-
13 我怎樣用刀劍、饑荒、瘟疫刑罰耶路撒冷,也必照樣刑罰那些住在埃及地的猶大人;
၁၃ငါသည်ယေရုရှလင်မြို့အားအပြစ်ဒဏ် ခတ်သကဲ့သို့အီဂျစ်ပြည်တွင်နေထိုင်သူ တို့ကိုလည်းစစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့် အပြစ်ဒဏ်ခတ်မည်။-
14 甚至那進入埃及地寄居的,就是所剩下的猶大人,都不得逃脫,也不得存留歸回猶大地。他們心中甚想歸回居住之地;除了逃脫的以外,一個都不能歸回。」
၁၄အီဂျစ်ပြည်တွင်နေထိုင်ရန်ယုဒပြည်မှ ထွက်ခွာလာကြသူတို့အနက် အဘယ်သူ ကိုမျှထိုဘေးများမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အသက်မသေဘဲကျန်ရှိလိမ့် မည်မဟုတ်။ မိမိတို့တစ်ဖန်ပြန်လည်နေ ထိုင်ရန်မျှော်လင့်တောင့်တကြသည့်ယုဒ ပြည်သို့ ထိုသူတစ်စုံတစ်ယောက်မျှပြန်ရ လိမ့်မည်မဟုတ်။ ဒုက္ခသည်အချို့မှတစ်ပါး အဘယ်သူမျှပြန်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
15 那些住在埃及地巴忒羅知道自己妻子向別神燒香的,與旁邊站立的眾婦女,聚集成群,回答耶利米說:
၁၅ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊-
16 「論到你奉耶和華的名向我們所說的話,我們必不聽從。
၁၆``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-
17 我們定要成就我們口中所出的一切話,向天后燒香、澆奠祭,按着我們與我們列祖、君王、首領在猶大的城邑中和耶路撒冷的街市上素常所行的一樣;因為那時我們吃飽飯、享福樂,並不見災禍。
၁၇ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
18 自從我們停止向天后燒香、澆奠祭,我們倒缺乏一切,又因刀劍饑荒滅絕。」
၁၈သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။
19 婦女說:「我們向天后燒香、澆奠祭,做天后像的餅供奉她,向她澆奠祭,是外乎我們的丈夫嗎?」
၁၉ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။
၂၀ထိုအခါငါသည်မိမိအားဤသို့ပြော ကြားကြသူ အမျိုးသားအမျိုးသမီး များနှင့်လူအပေါင်းတို့အား၊-
21 「你們與你們列祖、君王、首領,並國內的百姓,在猶大城邑中和耶路撒冷街市上所燒的香,耶和華豈不記念,心中豈不思想嗎?
၂၁``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။-
22 耶和華因你們所作的惡、所行可憎的事,不能再容忍,所以你們的地荒涼,令人驚駭咒詛,無人居住,正如今日一樣。
၂၂ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
23 你們燒香,得罪耶和華,沒有聽從他的話,沒有遵行他的律法、條例、法度,所以你們遭遇這災禍,正如今日一樣。」
၂၃သင်တို့သည်အခြားဘုရားများကိုယဇ် ပူဇော်ကာအမိန့်တော်များကိုမနာခံ သောကြောင့် ထာဝရဘုရားအားပြစ်မှား ကြသည်ဖြစ်၍ ယခုအခါဤကဲ့သို့ ပင်ကပ်သင့်ခဲ့ရကြပေသည်''ဟုဆို၏။
24 耶利米又對眾民和眾婦女說:「你們在埃及地的一切猶大人當聽耶和華的話。
၂၄ငါသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားက အီဂျစ်ပြည်တွင်နေထိုင်ကြသောယုဒပြည် သားတို့နှင့်ပတ်သက်၍``သင်တို့နှင့်သင်တို့ ဇနီးများသည်ကောင်းကင်ဘုရင်မအား သစ္စာကတိပြုခဲ့ကြ၏။ သူ့အားယဇ်ပူဇော် ပါမည်ဟူ၍လည်းကောင်း၊ သူ၏အဖို့စပျစ် ရည်ပူဇော်သကာများကိုသွန်းလောင်းပါမည် ဟူ၍လည်းကောင်း ကတိထားပြီးလျှင်ထို ကတိအတိုင်းပြုခဲ့ကြပေသည်။ ကောင်း လှပြီ၊ သင်တို့ကတိကိုတည်စေကြလော့။ သင်တို့သစ္စာဋ္ဌိဋ္ဌာန်ပြုသည်အတိုင်းဆောင် ရွက်ကြလော့။-
25 萬軍之耶和華-以色列的上帝如此說:你們和你們的妻都口中說、手裏做,說:『我們定要償還所許的願,向天后燒香、澆奠祭。』現在你們只管堅定所許的願而償還吧!
၂၅
26 所以你們住在埃及地的一切猶大人當聽耶和華的話。耶和華說:我指着我的大名起誓,在埃及全地,我的名不再被猶大一個人的口稱呼說:『我指着主-永生的耶和華起誓。』
၂၆သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
27 我向他們留意降禍不降福;在埃及地的一切猶大人必因刀劍、饑荒所滅,直到滅盡。
၂၇သင်တို့သည်ကောင်းစားမည့်အစားဆုံးရှုံး ပျက်စီးကြစေရန်ငါပြုမည်။ အီဂျစ်ပြည် တွင်နေထိုင်လျက်ရှိသောယုဒပြည်သူတို့ သည်တစ်ဦးတစ်ယောက်မျှမကျန်သည်တိုင် အောင်စစ်ဘေးသော်လည်းကောင်း၊ အနာရောဂါ ဘေးသော်လည်းကောင်းသင့်၍သေရကြလိမ့် မည်။-
28 脫離刀劍、從埃及地歸回猶大地的人數很少;那進入埃及地要在那裏寄居的,就是所剩下的猶大人,必知道是誰的話立得住,是我的話呢?是他們的話呢?
၂၈သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-
29 耶和華說:我在這地方刑罰你們,必有預兆,使你們知道我降禍與你們的話必要立得住。
၂၉ငါသည်ဤဒေသတွင်သင်တို့အားအပြစ် ဒဏ်ခတ်မည်ဟူ၍လည်းကောင်း၊ သင်တို့ကို သုတ်သင်ဖျက်ဆီးမည်ဟူ၍ထားခဲ့သော ငါ ၏ကတိတော်သည်အမှန်တကယ်ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်းကို သင်တို့အားငါ ထာဝရဘုရားသက်သေပြမည်။-
30 耶和華如此說:我必將埃及王法老合弗拉交在他仇敵和尋索其命的人手中,像我將猶大王西底家交在他仇敵和尋索其命的巴比倫王尼布甲尼撒手中一樣。」
၃၀ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။