< 以賽亞書 57 >

1 義人死亡, 無人放在心上; 虔誠人被收去, 無人思念。 這義人被收去是免了將來的禍患;
သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-
2 他們得享平安。 素行正直的,各人在墳裏安歇。
သူ​တော်​ကောင်း​တို့​သည်​သေ​လွန်​သော​အ​ခါ ငြိမ်း​ချမ်း​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ကြ​၏။
3 你們這些巫婆的兒子, 姦夫和妓女的種子, 都要前來!
အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-
4 你們向誰戲笑? 向誰張口吐舌呢? 你們豈不是悖逆的兒女, 虛謊的種類呢?
သင်​တို့​သည်​အ​ဘယ်​သူ​ကို​ပျက်​ရယ်​ပြု​၍​နေ ကြ​ပါ​သ​နည်း။ အ​ချင်း​လူ​လိမ်​တို့၊ သင်​တို့ သည်​အ​ဘယ်​သူ​ကို​ပြောင်​လှောင်​လျက်​နေ ကြ​ပါ​သ​နည်း။-
5 你們在橡樹中間,在各青翠樹下慾火攻心; 在山谷間,在石穴下殺了兒女;
မိ​မိ​တို့​၏​အ​ထွဋ်​အ​မြတ်​သစ်​ပင်​များ​အောက် တွင် ကာ​မ​ရာ​ဂ​စပ်​ယှက်​ခြင်း​အား​ဖြင့် မြေ​သြ​ဇာ နတ်​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​၏။ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​မြစ်​ချောင်း​ဝှမ်း​အ​နီး​ရှိ ကျောက်​ဂူ​များ​တွင်​ယဇ်​ပူ​ဇော်​ကြ​၏။-
6 在谷中光滑石頭裏有你的分。 這些就是你所得的分; 你也向他澆了奠祭,獻了供物, 因這事我豈能容忍嗎?
ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-
7 你在高而又高的山上安設床榻, 也上那裏去獻祭。
သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-
8 你在門後,在門框後, 立起你的紀念; 向外人赤露,又上去擴張床榻, 與他們立約; 你在那裏看見他們的床就甚喜愛。
မိ​မိ​တို့​၏​ရုပ်​တု​များ​ကို​အိမ်​တံ​ခါး​နှင့် တံ​ခါး​တိုင်​အ​တွင်း​ဘက်​တွင်​ကပ်​၍​ထား ကြ​၏။ သင်​တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကြ​၏။ မိ​မိ တို့​၏​အ​ဝတ်​ဖုံး​များ​ကို​ဖယ်​ရှား​ပြီး​လျှင် အိပ်​ရာ​ကြီး​များ​ပေါ်​သို့​ချစ်​သူ​များ​နှင့် အ​တူ​တက်​၍​မိ​မိ​တို့​၏​ရာ​ဂ​စိတ်​ကို ရောင့်​ရဲ​စေ​ကြ​၏။ သင်​တို့​သည်​ထို​သူ​တို့ နှင့်​အိပ်​စက်​ရန်​အ​ခ​ကြေး​ငွေ​ကို​လည်း ပေး​ရ​ကြ​၏။-
9 你把油帶到王那裏, 又多加香料, 打發使者往遠方去, 自卑自賤直到陰間, (Sheol h7585)
သင်​တို့​သည်​ဆီ​မွှေး​နှင့်​နံ့​သာ​များ​ကို လိမ်း​ကျံ​လျက် မော​လုပ်​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​သွား​ရောက်​ကြ​၏။ ရပ်​နီး​ရပ်​ဝေး နှင့်​မ​ရ​ဏာ​နိုင်​ငံ​သို့​တိုင်​အောင်​ပင် သံ​တ​မန် များ​စေ​လွှတ်​၍​ဘု​ရား​များ​ကို​ရှာ​ဖွေ​စေ ကြ​၏။- (Sheol h7585)
10 你因路遠疲倦, 卻不說這是枉然; 你以為有復興之力, 所以不覺疲憊。
၁၀သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ရှာ​ဖွေ​ရ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​၍​လာ​သော်​လည်း​အ ဘယ်​အ​ခါ​၌​မျှ​လက်​မ​လျော့​ကြ။ မိ​မိ​တို့ ၏​ရုပ်​တု​များ​ထံ​မှ​ခွန်​အား​ကို​ရ​ရှိ​သည် ဟု ထင်​မှတ်​ကာ​သင်​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အား​မ​လျော့​ကြ။
11 你怕誰?因誰恐懼? 竟說謊,不記念我, 又不將這事放在心上。 我不是許久閉口不言, 你仍不怕我嗎?
၁၁ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-
12 我要指明你的公義; 至於你所行的都必與你無益。
၁၂သင်​တို့​က​မိ​မိ​တို့​ပြု​သည့်​အ​မှု​ကို​မှန်​သည် ဟု​ထင်​မှတ်​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​အ​ကျင့် ကို ငါ​ဖွင့်​ဟ​ထုတ်​ဖော်​လိုက်​သော​အ​ခါ သင်​တို့ ၏​ရုပ်​တု​များ​သည်​သင်​တို့​အား​ကူ​မ​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။-
13 你哀求的時候, 讓你所聚集的拯救你吧! 風要把他們颳散, 一口氣要把他們都吹去。 但那投靠我的必得地土, 必承受我的聖山為業。
၁၃မိ​မိ​တို့​အား​ကူ​မ​ပါ​ရန်​သင်​တို့​ဟစ်​အော် တောင်း​ခံ​ကြ​သော​အ​ခါ ထို​ရုပ်​တု​များ​သည် သင်​တို့​ကို​ကယ်​ကြ​ပါ​လေ​စေ။ ယင်း​တို့​သည် လေ​တစ်​ချက်​မှုတ်​လိုက်​လျှင် လွင့်​စင်​၍​သွား ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​ယုံ​ကြည် ကိုး​စား​သူ​တို့​မူ​ကား​ပြည်​တော်​တွင်​နေ​ထိုင် ရ​လျက် ငါ​၏​သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
14 耶和華要說: 你們修築修築,預備道路, 將絆腳石從我百姓的路中除掉。
၁၄ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​လူ​မျိုး​တော်​အား ငါ့​ထံ​ပြန်​စေ​ကြ​လော့။ ငါ့​လူ​မျိုး​တော်​တို့ ၏​လမ်း​ခ​ရီး​မှ​ဆူး​ညှောင့်​ခ​လုတ်​ရှိ​သ​မျှ ကို​ပယ်​ရှား​ကြ​လော့။ လမ်း​ကို​ဖောက်​လုပ် ၍​အ​သင့်​ပြင်​ကြ​လော့။
15 因為那至高至上、永遠長存 名為聖者的如此說: 我住在至高至聖的所在, 也與心靈痛悔謙卑的人同居; 要使謙卑人的靈甦醒, 也使痛悔人的心甦醒。
၁၅``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-
16 我必不永遠相爭,也不長久發怒, 恐怕我所造的人與靈性都必發昏。
၁၆ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။-
17 因他貪婪的罪孽,我就發怒擊打他; 我向他掩面發怒, 他卻仍然隨心背道。
၁၇ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။
18 我看見他所行的道,也要醫治他; 又要引導他, 使他和那一同傷心的人再得安慰。
၁၈``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-
19 我造就嘴唇的果子; 願平安康泰歸與遠處的人, 也歸與近處的人; 並且我要醫治他。 這是耶和華說的。
၁၉ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
20 惟獨惡人,好像翻騰的海, 不得平靜; 其中的水常湧出污穢和淤泥來。
၂၀သို့​ရာ​တွင်​ဆိုး​ညစ်​သူ​တို့​သည်​အ​မြဲ​လှုပ်​ရှား လျက် လှိုင်း​လုံး​များ​ဖြင့်​အ​ဆက်​မ​ပြတ်​ရိုက် ခတ်​ကာ၊ ရွှံ့​နှင့်​အ​မှိုက်​သ​ရိုက်​များ​ကို​ယူ ဆောင်​လာ​တတ်​သော​ပင်​လယ်​ရေ​နှင့်​တူ​ကြ​၏။-
21 我的上帝說:惡人必不得平安!
၂၁သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​ငါ​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​၏။

< 以賽亞書 57 >