< 出埃及記 14 >
၁ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
2 「你吩咐以色列人轉回,安營在比‧哈希錄前,密奪和海的中間,對着巴力‧洗分,靠近海邊安營。
၂
3 法老必說:『以色列人在地中繞迷了,曠野把他們困住了。』
၃အီဂျစ်ဘုရင်က`ဣသရေလအမျိုးသား တို့သည် တောကန္တာရဝန်းရံလျက်ရှိသော အရပ်တွင်လှည့်လည်လျက်ရှိကြသည်' ဟု ထင်လိမ့်မည်။-
4 我要使法老的心剛硬,他要追趕他們,我便在法老和他全軍身上得榮耀;埃及人就知道我是耶和華。」於是以色列人這樣行了。
၄ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
5 有人告訴埃及王說:「百姓逃跑。」法老和他的臣僕就向百姓變心,說:「我們容以色列人去,不再服事我們,這做的是甚麼事呢?」
၅အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသားတို့ ထွက်ပြေးကုန်ကြပြီဖြစ်ကြောင်းကြားသိရ သောအခါ သူနှင့်သူ၏မှူးမတ်တို့သည်စိတ် သဘောထားပြောင်းလဲ၍``ငါတို့သည်ငါတို့ ၏အစေခံကျွန်ဣသရေလအမျိုးသား တို့ကို လွတ်မြောက်ထွက်ပြေးသွားစေပါသည် တကား'' ဟုဆိုကြ၏။-
၆အီဂျစ်ဘုရင်သည်မိမိ၏စစ်ရထားနှင့် စစ်တပ်ကိုအသင့်ပြင်စေ၏။-
7 並帶着六百輛特選的車和埃及所有的車,每輛都有車兵長。
၇သူသည်တပ်မှူးများဦးစီးသောလက်ရွေး စင်စစ်ရထားခြောက်ရာအပါအဝင် စစ် ရထားအားလုံးကိုစုရုံးချီတက်စေ၏။-
8 耶和華使埃及王法老的心剛硬,他就追趕以色列人,因為以色列人是昂然無懼地出埃及。
၈ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။-
9 埃及人追趕他們,法老一切的馬匹、車輛、馬兵,與軍兵就在海邊上,靠近比‧哈希錄,對着巴力‧洗分,在他們安營的地方追上了。
၉ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ်တို့ သည်ဣသရေလအမျိုးသားတို့၏နောက် သို့လိုက်ကြရာတွင် ဗာလဇေဖုန်မြို့နှင့် ပိဟဟိရုတ်မြို့အနီးပင်လယ်နီကမ်းနား ၌စခန်းချလျက်ရှိသောဣသရေလ အမျိုးသားတို့ကိုမီလေ၏။
10 法老臨近的時候,以色列人舉目看見埃及人趕來,就甚懼怕,向耶和華哀求。
၁၀အီဂျစ်ဘုရင်၏စစ်တပ်ချီတက်လာသည်ကို ဣသရေလအမျိုးသားတို့မြင်ရသောအခါ အလွန်ကြောက်ရွံ့၍ထာဝရဘုရားအား ကယ်မတော်မူရန်အော်ဟစ်တောင်းပန်ကြ၏။-
11 他們對摩西說:「難道在埃及沒有墳地,你把我們帶來死在曠野嗎?你為甚麼這樣待我們,將我們從埃及領出來呢?
၁၁သူတို့ကမောရှေအား``အီဂျစ်ပြည်တွင် သင်္ချိုင်း မရှိသောကြောင့် တောကန္တာရထဲ၌သေစေ ရန်အကျွန်ုပ်တို့ကိုခေါ်ဆောင်ခဲ့ပါသလော။ အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သောကြောင့် ယခုမည်ကဲ့သို့သောအခြေ အနေမျိုးသို့ဆိုက်ရောက်ကာနေသည်ကို ကြည့်ပါလော့။-
12 我們在埃及豈沒有對你說過,不要攪擾我們,容我們服事埃及人嗎?因為服事埃及人比死在曠野還好。」
၁၂အကျွန်ုပ်တို့သည်ထွက်မလာမီက ဤကဲ့ သို့ဖြစ်မည်ဟုပြောခဲ့သည်မဟုတ်ပါလော။ အကျွန်ုပ်တို့က`အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံမြဲကျွန်ခံနေပါရစေ' ဟုပြောပါ သည်။ ဤတောကန္တာရထဲ၌သေရသည်ထက် ကျွန်ခံနေရခြင်းကသာ၍ကောင်းပါသည်'' ဟုပြောလေ၏။
13 摩西對百姓說:「不要懼怕,只管站住!看耶和華今天向你們所要施行的救恩。因為,你們今天所看見的埃及人必永遠不再看見了。
၁၃ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
14 耶和華必為你們爭戰;你們只管靜默,不要作聲。」
၁၄ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
15 耶和華對摩西說:「你為甚麼向我哀求呢?你吩咐以色列人往前走。
၁၅ထာဝရဘုရားကမောရှေအား``အဘယ် ကြောင့်သင်တို့ဟစ်အော်နေကြသနည်း။ ဣသရေလအမျိုးသားတို့အားရှေ့သို့ ချီတက်စေလော့။-
16 你舉手向海伸杖,把水分開。以色列人要下海中走乾地。
၁၆သင်၏တောင်ဝှေးကိုကိုင်၍ပင်လယ်ပေါ်တွင် လက်ကိုဆန့်လော့။ ထိုအခါပင်လယ်ရေသည် နှစ်ခြမ်းကွဲသဖြင့် ဣသရေလအမျိုးသား တို့သည်ခြောက်သွေ့သောမြေပေါ်မှာဖြတ် ၍လျှောက်သွားရကြမည်။-
17 我要使埃及人的心剛硬,他們就跟着下去。我要在法老和他的全軍、車輛、馬兵上得榮耀。
၁၇ငါသည်အီဂျစ်အမျိုးသားတို့ကိုခေါင်း မာစေသဖြင့် သူတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ဆင်းလိုက်ကြ လိမ့်မည်။ ငါသည်ဘုရင်နှင့်တကွသူ၏ စစ်တပ်၊ ရထားတပ်နှင့်မြင်းတပ်တို့ကို နှိမ်နင်းအောင်မြင်ခြင်းအားဖြင့် ငါ၏ ဘုန်းထင်ရှားလိမ့်မည်။-
18 我在法老和他的車輛、馬兵上得榮耀的時候,埃及人就知道我是耶和華了。」
၁၈ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
19 在以色列營前行走上帝的使者,轉到他們後邊去;雲柱也從他們前邊轉到他們後邊立住。
၁၉ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
20 在埃及營和以色列營中間有雲柱,一邊黑暗,一邊發光,終夜兩下不得相近。
၂၀အီဂျစ်တပ်နှင့်ဣသရေလတပ်တို့အကြား သို့ရောက်ရှိလေ၏။ မိုးတိမ်တိုင်သည်အီဂျစ် အမျိုးသားတို့ဘက်တွင်အမှောင်ကျစေ၍ ဣသရေလအမျိုးသားတို့ဘက်တွင်မူ အလင်းရောင်ရစေ၏။ သို့ဖြစ်၍ထိုည တစ်ညလုံးတစ်တပ်နှင့်တစ်တပ်မချဉ်း ကပ်နိုင်ကြချေ။
21 摩西向海伸杖,耶和華便用大東風,使海水一夜退去,水便分開,海就成了乾地。
၂၁မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
22 以色列人下海中走乾地,水在他們的左右作了牆垣。
၂၂ထိုအခါဣသရေလအမျိုးသားတို့သည် ရေတံတိုင်းနှစ်ခုအကြားခြောက်သွေ့သော မြေပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်၍ သွားကြလေ၏။-
23 埃及人追趕他們,法老一切的馬匹、車輛,和馬兵都跟着下到海中。
၂၃အီဂျစ်ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ် တို့သည်ဣသရေလအမျိုးသားတို့နောက် သို့ဆင်းလိုက်ကြ၏။-
24 到了晨更的時候,耶和華從雲火柱中向埃及的軍兵觀看,使埃及的軍兵混亂了;
၂၄နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။-
25 又使他們的車輪脫落,難以行走,以致埃及人說:「我們從以色列人面前逃跑吧!因耶和華為他們攻擊我們了。」
၂၅ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
26 耶和華對摩西說:「你向海伸杖,叫水仍合在埃及人並他們的車輛、馬兵身上。」
၂၆ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။-
27 摩西就向海伸杖,到了天一亮,海水仍舊復原。埃及人避水逃跑的時候,耶和華把他們推翻在海中,
၂၇သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
28 水就回流,淹沒了車輛和馬兵。那些跟着以色列人下海法老的全軍,連一個也沒有剩下。
၂၈ရေသည်ပုံမှန်အတိုင်းပြန်စီးသဖြင့်ပင် လယ်ထဲသို့ဆင်းလိုက်လာကြသောရထား တပ်၊ မြင်းတပ်နှင့်အီဂျစ်ဘုရင်၏တပ်အား လုံးတို့သည်တစ်ယောက်မျှမကျန်ရေနစ်၍ သေကုန်ကြ၏။-
29 以色列人卻在海中走乾地;水在他們的左右作了牆垣。
၂၉ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။
30 當日,耶和華這樣拯救以色列人脫離埃及人的手,以色列人看見埃及人的死屍都在海邊了。
၃၀ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။-
31 以色列人看見耶和華向埃及人所行的大事,就敬畏耶和華,又信服他和他的僕人摩西。
၃၁သူတို့သည်ထာဝရဘုရားကအနန္တ တန်ခိုးတော်ဖြင့် အီဂျစ်အမျိုးသားတို့ အားနှိမ်နင်းလိုက်သည်ကိုတွေ့မြင်သဖြင့် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလာ ကြကုန်၏။ ထာဝရဘုရားနှင့်ထာဝရ ဘုရား၏ကျွန်မောရှေတို့ကိုယုံကြည် ကိုးစားလာကြ၏။