< 撒母耳記下 24 >

1 耶和華又向以色列人發怒,就激動大衛,使他吩咐人去數點以色列人和猶大人。
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​ဒဏ်​ခတ်​ရန်​ဒါ​ဝိဒ်​အား​အ​ပြစ်​ကူး မိ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် သွား​၍​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​တွင်​သန်း ခေါင်​စာ​ရင်း​ကောက်​ယူ​လော့'' ဟု​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​၏။-
2 大衛就吩咐跟隨他的元帥約押說:「你去走遍以色列眾支派,從但直到別是巴,數點百姓,我好知道他們的數目。」
သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​မ​တော် ဗိုလ်​ချုပ်​ယွာ​ဘ​အား``သင်​၏​တပ်​မှူး​များ​နှင့် အ​တူ​တိုင်း​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​တို့​ထံ​သို့​သွား ၍​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​လော့။ လူ​ဦး ရေ​မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု​မိန့်​တော်​မူ​၏။
3 約押對王說:「無論百姓多少,願耶和華-你的上帝再加增百倍,使我主我王親眼得見。我主我王何必喜悅行這事呢?」
သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။-
4 但王的命令勝過約押和眾軍長。約押和眾軍長就從王面前出去,數點以色列的百姓。
သို့​သော်​လည်း​အ​ရှင်​မင်း​ကြီး​သည်​ယွာ​ဘ နှင့်​တပ်​မှူး​တို့​အား မိ​မိ​၏​အ​မိန့်​အ​တိုင်း လိုက်​နာ​စေ​တော်​မူ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက် ယူ​ရန်​အ​ထံ​တော်​မှ​ထွက်​သွား​ကြ​၏။
5 他們過了約旦河,在迦得谷中、城的右邊亞羅珥安營,與雅謝相對,
သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊-
6 又到了基列和他停‧合示地,又到了但‧雅安,繞到西頓,
ထို​မှ​တစ်​ဖန်​ဂိ​လဒ်​ပြည်​နှင့်​ဟိတ္တိ​နယ်​ကာ ဒေ​ရှ​မြို့​သို့​လည်း​ကောင်း​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​၏။ ထို​နောက်​ဒန်​မြို့​နှင့်​ဇိ​ဒုန်​မြို့​တစ် ဝိုက်​သို့​သွား​ကြ​၏။-
7 來到泰爾的保障,並希未人和迦南人的各城,又到猶大南方的別是巴。
ထို​နောက်​ရဲ​တိုက်​ရှိ​ရာ​တု​ရု​မြို့​သို့​သွား ပြီး​လျှင် ဟိ​ဝိ​အ​မျိုး​သား​များ​နှင့်​ကာ​န​နိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​မြို့​အ​ပေါင်း​သို့ လည်း​ကောင်း၊ နောက်​ဆုံး​၌​ယု​ဒ​ပြည်​တောင် ပိုင်း​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​သို့​လည်း​ကောင်း​သွား ရောက်​ကြ​လေ​သည်။-
8 他們走遍全地,過了九個月零二十天,就回到耶路撒冷。
သူ​တို့​သည်​တိုင်း​နိုင်​ငံ​တစ်​ဝန်း​လုံး​ကို​လှည့် လည်​၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​ကြာ​သော အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​ကြ​၏။-
9 約押將百姓的總數奏告於王:以色列拿刀的勇士有八十萬;猶大有五十萬。
သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​စစ်​မှု​ထမ်း နိုင်​သူ​လူ​ပေါင်း​ရှစ်​သိန်း​နှင့် ယု​ဒ​ပြည်​တွင် ငါး​သိန်း​ရှိ​ကြောင်း​မင်း​ကြီး​အား​အ​စီ​ရင် ခံ​ကြ​၏။
10 大衛數點百姓以後,就心中自責,禱告耶和華說:「我行這事大有罪了。耶和華啊,求你除掉僕人的罪孽,因我所行的甚是愚昧。」
၁၀သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။
11 大衛早晨起來,耶和華的話臨到先知迦得,就是大衛的先見,說:
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊-
12 「你去告訴大衛,說耶和華如此說:『我有三樣災,隨你選擇一樣,我好降與你。』」
၁၂
13 於是迦得來見大衛,對他說:「你願意國中有七年的饑荒呢?是在你敵人面前逃跑,被追趕三個月呢?是在你國中有三日的瘟疫呢?現在你要揣摩思想,我好回覆那差我來的。」
၁၃ဂဒ်​သည်​လာ​ရောက်​၍ မိ​မိ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မင်း​ကြီး အား​တင်​ပြ​လျှောက်​ထား​ပြီး​လျှင်``အ​ရှင် မင်း​ကြီး​သုံး​နှစ်​ပတ်​လုံး​အ​စာ​ငတ်​မွတ် ခေါင်း​ပါး​မှု၊ သုံး​လ​ပတ်​လုံး​ရန်​သူ​တပ် များ​ကို​တိမ်း​ရှောင်​ထွက်​ပြေး​နေ​မှု၊ သုံး​ရက် ပတ်​လုံး​ကပ်​ရော​ဂါ​ကျ​ရောက်​မှု​တည်း​ဟူ သော​ဘေး​တို့​အ​နက်​အ​ဘယ်​ဘေး​ကို​ရွေး ချယ်​တော်​မူ​ပါ​မည်​နည်း။ အ​ဘယ်​သို့ ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ပြန် ကြား​လျှောက်​ထား​ရ​မည်​ကို​စဉ်း​စား တော်​မူ​ပါ'' ဟု​မေး​လျှောက်​၏။
14 大衛對迦得說:「我甚為難!我願落在耶和華的手裏,因為他有豐盛的憐憫。我不願落在人的手裏。」
၁၄ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။-
15 於是,耶和華降瘟疫與以色列人,自早晨到所定的時候;從但直到別是巴,民間死了七萬人。
၁၅သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​နံ​နက်​ချိန် မှ​စ​၍​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​အ​ချိန်​အ​ထိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​ဆိုက်​ရောက်​စေ​တော်​မူ​၏။ တိုင်း ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ ရေ​လ​အ​မျိုး​သား​ပေါင်း​ခု​နစ်​သောင်း မျှ​သေ​ဆုံး​ကြ​၏။-
16 天使向耶路撒冷伸手要滅城的時候,耶和華後悔,就不降這災了,吩咐滅民的天使說:「夠了!住手吧!」那時耶和華的使者在耶布斯人亞勞拿的禾場那裏。
၁၆ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။
17 大衛看見滅民的天使,就禱告耶和華說:「我犯了罪,行了惡;但這群羊做了甚麼呢?願你的手攻擊我和我的父家。」
၁၇လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။
18 當日,迦得來見大衛,對他說:「你上去,在耶布斯人亞勞拿的禾場上為耶和華築一座壇。」
၁၈ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။-
19 大衛就照着迦得奉耶和華名所說的話上去了。
၁၉ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။-
20 亞勞拿觀看,見王和他臣僕前來,就迎接出去,臉伏於地,向王下拜,
၂၀အ​ရော​န​သည်​ကြည့်​လိုက်​သော​အ​ခါ​မိ​မိ​ထံ သို့​မင်း​ကြီး​နှင့်​မှူး​မတ်​များ​လာ​နေ​ကြ​သည် ကို​မြင်​လျှင်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​မြေ​ပေါ်​သို့ လှဲ​ချ​ပျပ်​ဝပ်​လျက်၊-
21 說:「我主我王為何來到僕人這裏呢?」大衛說:「我要買你這禾場,為耶和華築一座壇,使民間的瘟疫止住。」
၂၁``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။
22 亞勞拿對大衛說:「我主我王,你喜悅用甚麼,就拿去獻祭。看哪,這裏有牛可以作燔祭,有打糧的器具和套牛的軛可以當柴燒。
၂၂အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။-
23 王啊,這一切,我亞勞拿都奉給你」;又對王說:「願耶和華-你的上帝悅納你。」
၂၃ထို​အ​ရာ​အ​ပေါင်း​ကို​မင်း​ကြီး​အား​ဆက်​ပါ ၏။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ရှင်​၏​ပူ​ဇော်​သကာ​ကို​လက်​ခံ​တော် မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။
24 王對亞勞拿說:「不然。我必要按着價值向你買;我不肯用白得之物作燔祭獻給耶和華-我的上帝。」大衛就用五十舍客勒銀子買了那禾場與牛。
၂၄သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။-
25 大衛在那裏為耶和華築了一座壇,獻燔祭和平安祭。如此,耶和華垂聽國民所求的,瘟疫在以色列人中就止住了。
၂၅သူ​သည်​ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘုရား​၏ အ​တွက် ယဇ်​ပလ္လင်​ကို​တည်​ဆောက်​တော်​မူ​ပြီး လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့ ကို​ပူ​ဇော်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား ညောင်း​တော်​မူ​၍ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ကပ်​ရော​ဂါ​ဘေး​ကို​ငြိမ်း​အေး​စေ​တော် မူ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး​၏။

< 撒母耳記下 24 >