< 撒母耳記下 21 >

1 大衛年間有饑荒,一連三年,大衛就求問耶和華。耶和華說:「這饑荒是因掃羅和他流人血之家殺死基遍人。」
ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-
2 原來這基遍人不是以色列人,乃是亞摩利人中所剩的;以色列人曾向他們起誓,不殺滅他們,掃羅卻為以色列人和猶大人發熱心,想要殺滅他們。大衛王召了他們來,
(ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-)
3 問他們說:「我當為你們怎樣行呢?可用甚麼贖這罪,使你們為耶和華的產業祝福呢?」
ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ ကို​ခေါ်​၍``ငါ​သည်​သင်​တို့​အ​ဖို့​အ​ဘယ် အ​မှု​ကို​ပြု​ရ​ပါ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​အား​ကောင်း ချီး​ပေး​ကြ​စေ​ရန် ငါ​သည်​သင်​တို့​ခံ​ခဲ့​ရ သည့်​မ​တ​ရား​မှု​အ​တွက်​တစ်​ခု​ခု​ပြု လုပ်​ပေး​လို​ပါ​သည်'' ဟု​မိန့်​တော်​မူ​လျှင်၊
4 基遍人回答說:「我們和掃羅與他家的事並不關乎金銀,也不要因我們的緣故殺一個以色列人。」大衛說:「你們怎樣說,我就為你們怎樣行。」
ထို​သူ​တို့​က``ရှော​လု​တို့​မိ​သား​စု​နှင့်​အ​ကျွန်ုပ် တို့​အ​ချင်း​ပွား​မှု​ကို​ရွှေ​ငွေ​နှင့်​ပေး​လျော်​၍ မ​ရ​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​ဣ​သ ရေ​လ​အ​မျိုး​သား​ကို​မျှ​လည်း​မ​သတ်​လို ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ``ထို​သို့​ဖြစ်​ပါ​မူ​သင်​တို့​အ​တွက်​အ​ဘယ်​သို့ ပြု​စေ​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
5 他們對王說:「那從前謀害我們、要滅我們、使我們不得再住以色列境內的人,
ထို​သူ​တို့​က``ရှော​လု​သည်​ဣသ​ရေ​လ​နိုင်​ငံ အ​တွင်း​၌ အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ အ​လျှင်း​မ​ကျန်​ရစ်​ရ​အောင်​သုတ်​သင်​ပစ် ရန်​ကြံ​ရွယ်​ခဲ့​ပါ​၏။-
6 現在願將他的子孫七人交給我們,我們好在耶和華面前,將他們懸掛在耶和華揀選掃羅的基比亞。」王說:「我必交給你們。」
သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။
7 王因為曾與掃羅的兒子約拿單指着耶和華起誓結盟,就愛惜掃羅的孫子、約拿單的兒子米非波設,不交出來,
ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-
8 卻把愛雅的女兒利斯巴給掃羅所生的兩個兒子亞摩尼、米非波設,和掃羅女兒米甲的姊姊給米何拉人巴西萊兒子亞得列所生的五個兒子
အဲ​အာ​၏​သ​မီး​ရိ​ဇ​ပ​နှင့်​ရှော​လု​ရ​ရှိ​သည့် သား​တော်​အာ​မော​နိ​နှင့်​မေ​ဖိ​ဗော​ရှက်​နှစ် ယောက်၊ မေ​ဟော​လ​မြို့​နေ​ဗာ​ဇိ​လဲ​၏​သား အ​ဒြေ​လ​နှင့်​ရှော​လု​၏​သ​မီး​မိ​ရပ်​ရ​ရှိ သည့်​သား​ငါး​ယောက်​တို့​ကို ဂိ​ဗောင်​မြို့​မှ လူ​တို့​အား​ပေး​အပ်​တော်​မူ​၏။-
9 交在基遍人的手裏。基遍人就把他們,在耶和華面前,懸掛在山上,這七人就一同死亡。被殺的時候正是收割的日子,就是動手割大麥的時候。
ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။
10 愛雅的女兒利斯巴用麻布在磐石上搭棚,從動手收割的時候直到天降雨在屍身上的時候,日間不容空中的雀鳥落在屍身上,夜間不讓田野的走獸前來糟踐。
၁၀ထို​အ​ခါ​အဲ​အာ​၏​သ​မီး၊ ရှော​လု​၏​မောင်း​မ တော်​ရိ​ဇ​ပ​သည် လျှော်​တေ​ဝတ်​ကို​အ​လောင်း များ​ထား​ရာ​ကျောက်​ပေါ်​မှာ​မိုး​ပြီး​လျှင် စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​မှ​စ​၍ မိုး​ဦး​ကျ ချိန်​တိုင်​အောင်​အ​လောင်း​များ​ကို​နေ့​အ​ချိန် ၌​လေ​သတ္တ​ဝါ၊ ညဥ့်​အ​ချိန်​၌​မြေ​သတ္တ​ဝါ တို့​မ​ချဉ်း​ကပ်​စေ​ရန်​စောင့်​ရှောက်​လျက်​နေ လေ​၏။
11 有人將掃羅的妃嬪愛雅女兒利斯巴所行的這事告訴大衛。
၁၁ရိ​ဇ​ပ​၏​အ​ပြု​အ​မူ​ကို​သိ​ရှိ​တော်​မူ​သော အ​ခါ၊-
12 大衛就去,從基列‧雅比人那裏將掃羅和他兒子約拿單的骸骨搬了來(是因非利士人從前在基利波殺掃羅,將屍身懸掛在伯‧珊的街市上,基列‧雅比人把屍身偷了去。)
၁၂ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-)
13 大衛將掃羅和他兒子約拿單的骸骨從那裏搬了來,又收殮被懸掛七人的骸骨,
၁၃ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​၏ အ​ရိုး​ကို​ယူ​ပြီး​နောက် စက်​တိုင်​အ​တင်​ခံ ရ​သော​ခု​နစ်​ယောက်​တို့​၏​အ​ရိုး​တို့​ကို လည်း​စု​သိမ်း​တော်​မူ​၏။-
14 將掃羅和他兒子約拿單的骸骨葬在便雅憫的洗拉,在掃羅父親基士的墳墓裏;眾人行了王所吩咐的。此後上帝垂聽國民所求的。
၁၄ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။
15 非利士人與以色列人打仗;大衛帶領僕人下去,與非利士人接戰,大衛就疲乏了。
၁၅ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​တစ်​ဖန်​စစ်​ဖြစ်​ကြ​ပြန်​၏။ ဒါ​ဝိဒ် နှင့်​လူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ တိုက်​ပွဲ​တစ်​ခု​တွင် ဒါ​ဝိဒ်​သည်​မော​ပန်း​လျက်​နေ​၏။-
16 偉人的一個兒子以實‧比諾要殺大衛;他的銅槍重三百舍客勒,又佩着新刀。
၁၆ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။-
17 但洗魯雅的兒子亞比篩幫助大衛,攻打非利士人,將他殺死。當日,跟隨大衛的人向大衛起誓說:「以後你不可再與我們一同出戰,恐怕熄滅以色列的燈。」
၁၇ဒါ​ဝိဒ်​၏​လူ​တို့​သည်​မင်း​ကြီး​အား နောက် တစ်​ဖန်​မိ​မိ​တို့​နှင့်​အ​တူ​စစ်​ပွဲ​သို့​လိုက် တော်​မ​မူ​ရန်​က​တိ​ပြု​စေ​ကြ​၏။ သူ​တို့ က``အ​ရှင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​အ​ရှင့်​အား​ဘေး​မ​ရောက်​စေ​လို​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
18 後來,以色列人在歌伯與非利士人打仗,戶沙人西比該殺了偉人的一個兒子撒弗。
၁၈ထို​နောက်​ဂေါ​ဘ​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​နှင့်​တစ်​ဖန်​တိုက်​ပွဲ​ဖြစ်​ပြန်​ရာ ဟု​ရှ မြို့​သား​သိ​ဗေ​ခဲ​သည်​သာ​ဖ​နာ​မည်​ရှိ အ​လွန်​ထွား​ကျိုင်း​သူ​ကို​သတ်​ဖြတ်​လိုက် လေ​သည်။
19 又在歌伯與非利士人打仗,伯利恆人雅雷俄珥金的兒子伊勒哈難殺了迦特人歌利亞。這人的槍桿粗如織布的機軸。
၁၉ဂေါ​ဘ​မြို့​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ နှင့်​အ​ခြား​တိုက်​ပွဲ​တစ်​ခု​ဖြစ်​ပြန်​၏။ ထို တိုက်​ပွဲ​တွင်​ယာ​ဣရ​၏​သား၊ ဗက်​လင်​မြို့ သား​ဧ​လ​ဟာ​နန်​သည်​ဂါ​သ​မြို့​သား ဂေါ​လျတ်​ကို​သတ်​ဖြတ်​လိုက်​၏။ ဂေါ​လျတ် ၏​လှံ​ရိုး​သည်​ယက်​ကန်း​လက်​လိပ်​တန် တ​မျှ​ကြီး​သ​တည်း။
20 又在迦特打仗,那裏有一個身量高大的人,手腳都是六指,共有二十四個指頭;他也是偉人的兒子。
၂၀ထို​နောက်​တစ်​ဖန်​ဂါ​သ​မြို့​၌​ပင်​တိုက်​ပွဲ တစ်​ခု​ဖြစ်​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​စစ်​တိုက် ဝါ​သ​နာ​ပါ​၍​အ​လွန်​ထွား​ကျိုင်း​သူ​လူ တစ်​ယောက်​ပါ​ရှိ​၏။ သူ​၏​လက်​များ​တွင် လက်​ချောင်း​ခြောက်​ချောင်း​စီ​နှင့်​ခြေ​များ တွင်​ခြေ​ချောင်း​ခြောက်​ချောင်း​စီ​ရှိ​၏။-
21 這人向以色列人罵陣,大衛的哥哥示米亞的兒子約拿單就殺了他。
၂၁သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ကြိုး​စား​ပြော​ဆို​သ​ဖြင့် ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ယော​န​သန်​က​သူ့​ကို​သတ် လိုက်​လေ​သည်။
22 這四個人是迦特偉人的兒子,都死在大衛和他僕人的手下。
၂၂ဤ​လူ​လေး​ယောက်​တို့​သည်​ဂါ​သ​မြို့​ရှိ​ထွား ကျိုင်း​သူ​များ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် ပေါက်​ဖွား​လာ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​၏​လက်​ရုံး​ရည် ဖြင့်​ကျ​ဆုံး​ရ​ကြ​လေ​သ​တည်း။

< 撒母耳記下 21 >