< 列王紀下 22 >
1 約西亞登基的時候年八歲,在耶路撒冷作王三十一年。他母親名叫耶底大,是波斯加人亞大雅的女兒。
၁ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာဗောဇကတ်မြို့သားအဒါ ယ၏သမီးယေဒိဒဖြစ်၏။-
2 約西亞行耶和華眼中看為正的事,行他祖大衛一切所行的,不偏左右。
၂ယောရှိသည်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။ သူသည်မိမိ၏ဘိုး တော်ဒါဝိဒ်မင်း၏စံနမူနာကိုယူ၍ ဘုရားသခင်၏တရားတော်ရှိသမျှကိုတိကျစွာ လိုက်နာကျင့်သုံး၏။
3 約西亞王十八年,王差遣米書蘭的孫子、亞薩利的兒子-書記沙番上耶和華殿去,吩咐他說:
၃ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ မေရှုလံ၏မြေး၊ အာဇလိ၏သား၊ နန်းတော် အတွင်းဝန်ရှာဖန်ကို၊-
4 「你去見大祭司希勒家,使他將奉到耶和華殿的銀子,就是守門的從民中收聚的銀子,數算數算,
၄``ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့သွား၍ ဗိမာန်တော်အဝင်ဝတွင်ယဇ်ပုရောဟိတ်များ ကောက်ခံရရှိသည့်ငွေစာရင်းကိုတောင်းယူ လော့။-
5 交給耶和華殿裏辦事的人,使他們轉交耶和華殿裏做工的人,好修理殿的破壞之處,
၅ထိုနောက်ငွေကိုဗိမာန်တော်ပြင်ဆင်မှုကြီး ကြပ်သူတို့ထံသို့ပေးအပ်ရန် သူ့အားပြော ကြားလော့။ ကြီးကြပ်သူတို့သည်၊-
6 就是轉交木匠和工人,並瓦匠,又買木料和鑿成的石頭修理殿宇,
၆လက်သမားများ၊ ဗိသုကာများနှင့်ပန်းရံ များ၏လုပ်ခကိုပေးရန်နှင့် ဗိမာန်တော်ပြင် ဆင်ရာတွင်လိုအပ်သည့်သစ်သားနှင့်ကျောက် ကိုဝယ်ရန်ထိုငွေကိုအသုံးပြုရမည်။-
7 將銀子交在辦事的人手裏,不與他們算帳,因為他們辦事誠實。」
၇ကြီးကြပ်သူတို့သည်လုံးဝယုံကြည်စိတ်ချ ရသူများဖြစ်သဖြင့် သူတို့အားစာရင်းအင်း များပြခိုင်းရန်မလို'' ဟုအမိန့်ပေး၍ ဗိမာန်တော်သို့စေလွှတ်လေ၏။
8 大祭司希勒家對書記沙番說:「我在耶和華殿裏得了律法書。」希勒家將書遞給沙番,沙番就看了。
၈ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-
9 書記沙番到王那裏,回覆王說:「你的僕人已將殿裏的銀子倒出數算,交給耶和華殿裏辦事的人了。」
၉ထိုနောက်သူသည်မင်းကြီးထံသို့ပြန်၍``အရှင် ၏အစေခံတို့သည်ဗိမာန်တော်မှငွေကိုယူ၍ ပြင်ဆင်မှုကြီးကြပ်သူတို့၏လက်သို့ပေး အပ်ပြီးကြပါပြီ'' ဟုလျှောက်ထားအစီရင် ခံလေသည်။-
10 書記沙番又對王說:「祭司希勒家遞給我一卷書。」沙番就在王面前讀那書。
၁၀ထိုနောက်``ဤကျမ်းစောင်ကိုအကျွန်ုပ်အား ဟိလခိပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်မင်းကြီးအား ထိုကျမ်းစောင်ကို အသံကျယ်စွာဖတ်ပြလေ၏။-
၁၁မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
12 吩咐祭司希勒家與沙番的兒子亞希甘、米該亞的兒子亞革波、書記沙番和王的臣僕亞撒雅,說:
၁၂မင်းကြီးသည်ဟိလခိ၊ ရှာဖန်၊ ရှာဖန်၏သား အဟိကံ၊ မိက္ခာ၏သားအာခဗော်၊ မိမိ၏ အစေခံအသဟိတို့ကိုခေါ်၍၊-
13 「你們去為我、為民、為猶大眾人,以這書上的話求問耶和華;因為我們列祖沒有聽從這書上的言語,沒有遵着書上所吩咐我們的去行,耶和華就向我們大發烈怒。」
၁၃``သင်တို့သည်ထာဝရဘုရားထံတော်သို့ သွား၍ ငါနှင့်ယုဒပြည်သူလူအပေါင်းတို့ အတွက် ဤကျမ်းစောင်တွင်ပါရှိသည့်သွန် သင်ချက်များအကြောင်းကိုမေးလျှောက်ကြ လော့။ ငါတို့၏ဘိုးဘေးများသည် ဤကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များကို မလိုက်နာမပြုကျင့်ကြသဖြင့် ထာဝရ ဘုရားသည်ငါတို့အားအမျက်ထွက်တော် မူပြီ'' ဟုမိန့်တော်မူ၏။
14 於是,祭司希勒家和亞希甘、亞革波、沙番、亞撒雅都去見女先知戶勒大。戶勒大是掌管禮服沙龍的妻;沙龍是哈珥哈斯的孫子、特瓦的兒子。戶勒大住在耶路撒冷第二區。他們請問於她。
၁၄ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
15 她對他們說:「耶和華-以色列的上帝如此說:『你們可以回覆那差遣你們來見我的人說,
၁၅အမျိုးသမီးပရောဖက်ကသူတို့အား``မင်းကြီး ထံဤသို့ပြန်ကြားကြလော့။ ထာဝရဘုရား က`ငါသည်မင်းကြီးဖတ်ရသည့်ကျမ်းစောင်တွင် ရေးသားပါရှိသည့်အတိုင်း ယေရုရှလင်မြို့ နှင့်တကွမြို့သူမြို့သားအပေါင်းတို့ကိုသုတ် သင်ဖျက်ဆီးမည်။-
16 耶和華如此說:我必照着猶大王所讀那書上的一切話,降禍與這地和其上的居民。
၁၆
17 因為他們離棄我,向別神燒香,用他們手所做的惹我發怒,所以我的忿怒必向這地發作,總不止息。』
၁၇သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအား ယဇ်ပူဇော်ကြလေပြီ။ သူတို့သည်ဤ အမှုတို့ကိုပြုခြင်းဖြင့်ငါ၏အမျက်တော် ကိုလှုံ့ဆော်သဖြင့် ယေရုရှလင်မြို့အပေါ် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်စေမည်။-
18 然而,差遣你們來求問耶和華的猶大王,你們要這樣回覆他說:『耶和華-以色列的上帝如此說:至於你所聽見的話,
၁၈မင်းကြီးနှင့်ပတ်သက်၍ဣသရေလအမျိုး သားတို့၏ဘုရားသခင်၊ ငါထာဝရဘုရား ဤသို့မိန့်တော်မူသည်။ သင်သည်ပညတ်တရား ကျမ်းစောင်တွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
19 就是聽見我指着這地和其上的居民所說、要使這地變為荒場、民受咒詛的話,你便心裏敬服,在我面前自卑,撕裂衣服,向我哭泣,因此我應允了你。這是我-耶和華說的。
၁၉ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
20 我必使你平平安安地歸到墳墓到你列祖那裏;我要降與這地的一切災禍,你也不致親眼看見。』」他們就回覆王去了。
၂၀သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။