< 列王紀下 13 >

1 猶大王亞哈謝的兒子約阿施二十三年,耶戶的兒子約哈斯在撒馬利亞登基作以色列王十七年。
ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
2 約哈斯行耶和華眼中看為惡的事,效法尼八的兒子耶羅波安使以色列人陷在罪裏的那罪,總不離開。
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။
3 於是,耶和華的怒氣向以色列人發作,將他們屢次交在亞蘭王哈薛和他兒子便‧哈達的手裏。
ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
4 約哈斯懇求耶和華,耶和華就應允他,因為見以色列人所受亞蘭王的欺壓。
တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
5 耶和華賜給以色列人一位拯救者,使他們脫離亞蘭人的手;於是以色列人仍舊安居在家裏。
ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။
6 然而他們不離開耶羅波安家使以色列人陷在罪裏的那罪,仍然去行,並且在撒馬利亞留下亞舍拉。
ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
7 亞蘭王滅絕約哈斯的民,踐踏他們如禾場上的塵沙,只給約哈斯留下五十馬兵,十輛戰車,一萬步兵。
သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
8 約哈斯其餘的事,凡他所行的和他的勇力都寫在以色列諸王記上。
ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
9 約哈斯與他列祖同睡,葬在撒馬利亞。他兒子約阿施接續他作王。
ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
10 猶大王約阿施三十七年,約哈斯的兒子約阿施在撒馬利亞登基作以色列王十六年。
၁၀ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
11 他行耶和華眼中看為惡的事,不離開尼八的兒子耶羅波安使以色列人陷在罪裏的一切罪,仍然去行。
၁၁ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။
12 約阿施其餘的事,凡他所行的和他與猶大王亞瑪謝爭戰的勇力,都寫在以色列諸王記上。
၁၂ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
13 約阿施與他列祖同睡,耶羅波安坐了他的位。約阿施與以色列諸王一同葬在撒馬利亞。
၁၃ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။
14 以利沙得了必死的病,以色列王約阿施下來看他,伏在他臉上哭泣,說:「我父啊!我父啊!以色列的戰車馬兵啊!」
၁၄ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ် တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
15 以利沙對他說:「你取弓箭來。」王就取了弓箭來;
၁၅ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။
16 又對以色列王說:「你用手拿弓。」王就用手拿弓。以利沙按手在王的手上,
၁၆လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊
17 說:「你開朝東的窗戶。」他就開了。以利沙說:「射箭吧!」他就射箭。以利沙說:「這是耶和華的得勝箭,就是戰勝亞蘭人的箭;因為你必在亞弗攻打亞蘭人,直到滅盡他們。」
၁၇အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။
18 以利沙又說:「取幾枝箭來。」他就取了來。以利沙說:「打地吧!」他打了三次,便止住了。
၁၈မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။
19 神人向他發怒,說:「應當擊打五六次,就能攻打亞蘭人直到滅盡;現在只能打敗亞蘭人三次。」
၁၉ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။
20 以利沙死了,人將他葬埋。到了新年,有一群摩押人犯境,
၂၀ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။
21 有人正葬死人,忽然看見一群人,就把死人拋在以利沙的墳墓裏,一碰着以利沙的骸骨,死人就復活,站起來了。
၂၁ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
22 約哈斯年間,亞蘭王哈薛屢次欺壓以色列人。
၂၂ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏။
23 耶和華卻因與亞伯拉罕、以撒、雅各所立的約,仍施恩給以色列人,憐恤他們,眷顧他們,不肯滅盡他們,尚未趕逐他們離開自己面前。
၂၃ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။
24 亞蘭王哈薛死了,他兒子便‧哈達接續他作王。
၂၄ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 從前哈薛和約阿施的父親約哈斯爭戰,攻取了些城邑,現在約哈斯的兒子約阿施三次打敗哈薛的兒子便‧哈達,就收回了以色列的城邑。
၂၅ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။

< 列王紀下 13 >