< 歷代志下 25 >
1 亞瑪謝登基的時候年二十五歲,在耶路撒冷作王二十九年。他母親名叫約耶但,是耶路撒冷人。
၁အာမဇိသည်သက်တော်နှစ်ဆယ့်ငါးနှစ်တွင် နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ငါး နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ယေရုရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
၂သူသည်ထာဝရဘုရား၏မျက်မှောက်တော် ၌ဖြောင့်မှန်သောအမှုကိုပြုသော်လည်း စိတ်ရောကိုယ်ပါပြုသည်မဟုတ်။-
၃သူသည်အာဏာတည်မြဲမှုရရှိလာသည်နှင့် တစ်ပြိုင်နက် မိမိ၏ခမည်းတော်ကိုသတ်ကြ သည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
4 卻沒有治死他們的兒子,是照摩西律法書上耶和華所吩咐的說:「不可因子殺父,也不可因父殺子,各人要為本身的罪而死。」
၄သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။
5 亞瑪謝招聚猶大人,按着猶大和便雅憫的宗族設立千夫長、百夫長,又數點人數,從二十歲以外,能拿槍拿盾牌出去打仗的精兵共有三十萬;
၅အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
6 又用銀子一百他連得,從以色列招募了十萬大能的勇士。
၆အာမဇိသည်ထိုသူများအပြင်ဣသရေလ ပြည်မှ စစ်သည်တစ်သိန်းကိုလည်းငွေလေး တန်ပေး၍ငှားရမ်းလေသည်။-
7 有一個神人來見亞瑪謝,對他說:「王啊,不要使以色列的軍兵與你同去,因為耶和華不與以色列人以法蓮的後裔同在。
၇သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-
8 你若一定要去,就奮勇爭戰吧!但上帝必使你敗在敵人面前;因為上帝能助人得勝,也能使人傾敗。」
၈စစ်ပွဲတွင်သူတို့ပါရှိခြင်းအားဖြင့်ပိုမို အင်အားတောင့်တင်းလိမ့်မည်ဟု မင်းကြီး ထင်မှတ်ကောင်းထင်မှတ်ပါလိမ့်မည်။ သို့ သော်လည်းဘုရားသခင်သည်စစ်ပွဲအနိုင် အရှုံးကိုပေးပိုင်သောတန်ခိုးရှင်ဖြစ်တော် မူသဖြင့် ထိုသူတို့နှင့်အရှင်မင်းကြီး မဟာမိတ်ဖွဲ့ပါမူမင်းကြီးအားရန်သူ တို့လက်တွင်အရေးရှုံးနိမ့်စေတော်မူ လိမ့်မည်''ဟုလျှောက်ထား၏။
9 亞瑪謝問神人說:「我給了以色列軍的那一百他連得銀子怎麼樣呢?」神人回答說:「耶和華能把更多的賜給你。」
၉ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။ ပရောဖက်က``ဘုရားသခင်သည်ထိုငွေ ထက်များစွာပေးတော်မူနိုင်၏'' ဟုဆို လေ၏။-
10 於是亞瑪謝將那從以法蓮來的軍兵分別出來,叫他們回家去。故此,他們甚惱怒猶大人,氣忿忿地回家去了。
၁၀သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။
11 亞瑪謝壯起膽來,率領他的民到鹽谷,殺了西珥人一萬。
၁၁အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
12 猶大人又生擒了一萬帶到山崖上,從那裏把他們扔下去,以致他們都摔碎了。
၁၂ယုဒတပ်မတော်သည်သုံ့ပန်းတစ်သောင်းကို ဖမ်းဆီးရမိသဖြင့် သူတို့အားသေလမြို့ ကျောက်တောင်ထိပ်သို့ခေါ်ဆောင်ကာကျောက် ပေါ်ကျ၍သေစေရန်အောက်သို့တွန်းချ ကြ၏။
13 但亞瑪謝所打發回去、不許一同出征的那些軍兵攻打猶大各城,從撒馬利亞直到伯‧和崙,殺了三千人,搶了許多財物。
၁၃ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။
14 亞瑪謝殺了以東人回來,就把西珥的神像帶回,立為自己的神,在它面前叩拜燒香。
၁၄အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။-
15 因此,耶和華的怒氣向亞瑪謝發作,就差一個先知去見他,說:「這些神不能救它的民脫離你的手,你為何尋求它呢?」
၁၅သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
16 先知與王說話的時候,王對他說:「誰立你作王的謀士呢?你住口吧!為何找打呢?」先知就止住了,又說:「你行這事,不聽從我的勸戒,我知道上帝定意要滅你。」
၁၆ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
17 猶大王亞瑪謝與群臣商議,就差遣使者去見耶戶的孫子、約哈斯的兒子、以色列王約阿施,說:「你來,我們二人相見於戰場。」
၁၇ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။-
18 以色列王約阿施差遣使者去見猶大王亞瑪謝,說:「黎巴嫩的蒺藜差遣使者去見黎巴嫩的香柏樹,說:『將你的女兒給我兒子為妻。』後來黎巴嫩有一個野獸經過,把蒺藜踐踏了。
၁၈ယဟောရှက``အခါတစ်ပါး၌လေဗနုန် တောင်ထိပ်တွင် ဆူးပင်သည်သစ်ကတိုးပင် ထံစေတမန်လွှတ်၍`သင်၏သမီးကိုငါ့ သားနှင့်ပေးစားပါလော့' ဟုပြောကြား စဉ်အနီးမှဖြတ်၍လာသောတောတိရစ္ဆာန် သည်ထိုဆူးခြုံကိုနင်းချေလိုက်လေသည်။-
19 你說:『看哪,我打敗了以東人』,你就心高氣傲,以致矜誇。你在家裏安居就罷了,為何要惹禍使自己和猶大國一同敗亡呢?」
၁၉အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
20 亞瑪謝卻不肯聽從。這是出乎上帝,好將他們交在敵人手裏,因為他們尋求以東的神。
၂၀သို့ရာတွင်သူ၏စကားကို အာမဇိသည် နားမထောင်။ သူသည်ဧဒုံအမျိုးသားတို့ ကိုးကွယ်သည့်ရုပ်တုများကိုဝတ်ပြုရှိခိုး သဖြင့် သူ့အားအရေးရှုံးနိမ့်စေရန်ထာဝရ ဘုရားအလိုရှိတော်မူ၏။-
21 於是以色列王約阿施上來,在猶大的伯‧示麥與猶大王亞瑪謝相見於戰場。
၂၁ထိုကြောင့်ဣသရေလဘုရင်ယဟောရှ သည် ယုဒဘုရင်အာမဇိနှင့်စစ်ပြိုင်တိုက် ခိုက်လေသည်။ ယုဒပြည်ဗက်ရှေမက်မြို့ တွင်တိုက်ပွဲဖြစ်ရာ၊-
၂၂ယုဒတပ်မတော်သည်အရေးရှုံးနိမ့်သဖြင့် စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ ထွက်ပြေးကြကုန်၏။-
23 以色列王約阿施在伯‧示麥擒住約哈斯的孫子、約阿施的兒子、猶大王亞瑪謝,將他帶到耶路撒冷,又拆毀耶路撒冷的城牆,從以法蓮門直到角門,共四百肘;
၂၃ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရုရှလင်မြို့သို့ပို့ပြီးလျှင် မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ကိုက်နှစ်ရာမျှကိုဖြိုချလိုက်၏။-
24 又將俄別‧以東所看守上帝殿裏的一切金銀和器皿,與王宮裏的財寶都拿了去,並帶人去為質,就回撒馬利亞去了。
၂၄သူသည်သြဗဒေဒုံ၏သားမြေးများစောင့် ကြပ်သောဗိမာန်တော်ထဲရှိ ရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ဟူသမျှနှင့်နန်းတော် ရှိဘဏ္ဍာများကိုယူ၍ ရှမာရိမြို့သို့ပြန် သွားတော်မူ၏။ မင်းကြီးသည်ဋ္ဌားစားခံ များကိုလည်းခေါ်ဆောင်ခဲ့၏။
25 以色列王約哈斯的兒子約阿施死後,猶大王約阿施的兒子亞瑪謝又活了十五年。
၂၅ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်သည့်နောက် တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်၏။-
26 亞瑪謝其餘的事,自始至終不都寫在猶大和以色列諸王記上嗎?
၂၆နန်းသက်အစမှအဆုံးတိုင်အောင်အာမဇိ ဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ အလုံးစုံကိုယုဒရာဇဝင်နှင့်ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
27 自從亞瑪謝離棄耶和華之後,在耶路撒冷有人背叛他,他就逃到拉吉;叛黨卻打發人到拉吉,將他殺了。
၂၇ထာဝရဘုရားအားအာမဇိပုန်ကန်ချိန်မှ အစပြု၍ သူ့အားလုပ်ကြံရန်ယေရုရှလင် မြို့တွင်လျှို့ဝှက်ကြံစည်မှုရှိခဲ့၏။ နောက်ဆုံး ၌သူသည်လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
28 人就用馬將他的屍首馱回,葬在猶大京城他列祖的墳地裏。
၂၈ထိုနောက်သူ၏အလောင်းကိုမြင်းပေါ်တွင်တင် ၍ယူဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင် တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။