< 歷代志下 22 >
1 耶路撒冷的居民立約蘭的小兒子亞哈謝接續他作王;因為跟隨阿拉伯人來攻營的軍兵曾殺了亞哈謝的眾兄長。這樣,猶大王約蘭的兒子亞哈謝作了王。
၁အာရပ်အမျိုးသားအချို့တို့သည်ဝင်ရောက် တိုက်ခိုက်ကာ ယဟောရံ၏သားတော်အငယ် ဆုံးအာခဇိမှတစ်ပါး အခြားသားတော် အပေါင်းကိုသတ်လိုက်ကြ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သားတို့သည်အာခဇိအားခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် စေကြ၏။-
2 亞哈謝登基的時候年四十二歲,在耶路撒冷作王一年。他母親名叫亞她利雅,是暗利的孫女。
၂အာခဇိသည်သက်တော်နှစ်ဆယ့်နှစ်နှစ် ၌နန်းတက်၍ယေရုရှလင်မြို့တွင်တစ်နှစ် မျှနန်းစံရလေသည်။ သူ၏မယ်တော်မှာ ဣသရေလဘုရင်သြမရိ၏မြေးအာသလိ ဖြစ်၏။-
3 亞哈謝也行亞哈家的道;因為他母親給他主謀,使他行惡。
၃မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။-
4 他行耶和華眼中看為惡的事,像亞哈家一樣;因他父親死後有亞哈家的人給他主謀,以致敗壞。
၄ခမည်းတော်ကွယ်လွန်ပြီးနောက် မိမိ၏အတိုင် ပင်ခံအမတ်များမှာ အာဟပ်၏အိမ်ထောင်စု သားများဖြစ်သည့်အလျောက် အာခဇိသည် ထာဝရဘုရားကိုပြစ်မှားကာဆုံးရှုံးပျက် စီးရလေ၏။-
5 他聽從亞哈家的計謀,同以色列王亞哈的兒子約蘭往基列的拉末去,與亞蘭王哈薛爭戰;亞蘭人打傷了約蘭。
၅သူသည်ထိုသူတို့၏အကြံပေးချက်ကို လိုက်လျှောက်ကာ ဣသရေလဘုရင်ယောရံ နှင့်ရှုရိဘုရင်ဟာဇေလတို့စစ်ဖြစ်ချိန်၌ ယောရံ၏ဘက်မှဝင်၍တိုက်၏။ ဂိလဒ်ပြည် ရာမုတ်မြို့တိုက်ပွဲတွင်ယောရံသည်ဒဏ်ရာ များရရှိသဖြင့်၊-
6 約蘭回到耶斯列,醫治在拉末與亞蘭王哈薛打仗所受的傷,猶大王約蘭的兒子亞撒利雅因為亞哈的兒子約蘭病了,就下到耶斯列看望他。
၆ကုသရန်ယေဇရေလမြို့သို့ပြန်လေ၏။ ထိုအခါအာခဇိသည်လည်းသူ့ကိုကြည့်ရှု ရန်ထိုမြို့သို့သွား၏။
7 亞哈謝去見約蘭就被害了,這是出乎上帝;因為他到了,就同約蘭出去攻擊寧示的孫子耶戶。這耶戶是耶和華所膏、使他剪除亞哈家的。
၇ထာဝရဘုရားပြဋ္ဌာန်းတော်မူသည်နှင့်အညီ ယင်းသို့သွားရောက်ခြင်းအားဖြင့် အာခဇိ အသက်ဆုံးရှုံးရလေသည်။ အာခဇိသည် ထိုမြို့၌ယောရံနှင့်အတူရှိနေစဉ်အာဟပ် ၏မင်းရိုးပျက်သုဉ်းမှုအတွက်ဆောင်ရွက်ရန် ထာဝရဘုရားရွေးချယ်ထားသူ၊ နိမ်ရှိ၏ သားယေဟုနှင့်တွေ့ဆုံရလေသည်။-
8 耶戶討亞哈家罪的時候,遇見猶大的眾首領和亞哈謝的眾姪子服事亞哈謝,就把他們都殺了。
၈ယေဟုသည်အာဟပ်မင်းရိုးအပေါ်တွင် ထာဝရဘုရားချမှတ်တော်မူသောစီရင် ချက်ကိုလိုက်နာဆောင်ရွက်လျက်နေစဉ် အာခဇိနှင့်အတူလိုက်ပါလာကြသည့် ယုဒအမျိုးသားခေါင်းဆောင်များနှင့် အာခဇိ၏တူတော်တို့ကိုတွေ့မြင်လေ ၏။-
9 亞哈謝藏在撒馬利亞,耶戶尋找他,眾人將他拿住,送到耶戶那裏,就殺了他,將他葬埋;因他們說,他是那盡心尋求耶和華之約沙法的兒子。這樣,亞哈謝的家無力保守國權。
၉ယေဟုသည်ထိုသူအားလုံးကိုသတ်ပြီး နောက် လူအချို့အားအာခဇိကိုလိုက်လံ ရှာဖွေစေ၏။ ထိုသူတို့သည်ရှမာရိမြို့တွင် ပုန်းအောင်းနေသောအာခဇိကိုတွေ့၍ ယေဟု ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ ထိုနောက်သူ့အား ကွပ်မျက်ကြလေသည်။ သို့ရာတွင်သူတို့ သည်ထာဝရဘုရား၏အမှုတော်ကိုအစွမ်း ကုန်ဆောင်ရွက်ခဲ့သူ ယောရှဖတ်မင်းကိုရိုသေ လေးစားသောအားဖြင့် သူ၏မြေးအာခဇိ ၏အလောင်းကိုသင်္ဂြိုဟ်လိုက်ကြ၏။ အာခဇိ အိမ်ထောင်စုမှတိုင်းပြည်ကိုအုပ်စိုးနိုင်သူ တစ်ဦးတစ်ယောက်မျှမကျန်မရှိတော့ ချေ။
10 亞哈謝的母親亞她利雅見她兒子死了,就起來剿滅猶大王室。
၁၀အာခဇိ၏မယ်တော်အာသလိသည်သား တော်လုပ်ကြံခံရကြောင်းကိုကြားသည်နှင့် တစ်ပြိုင်နက် ယုဒပြည်ရှိမင်းမျိုးမင်းနွယ် ရှိသမျှကိုသုတ်သင်လေ၏။-
11 但王的女兒約示巴將亞哈謝的兒子約阿施從那被殺的王子中偷出來,把他和他的乳母都藏在臥房裏。約示巴是約蘭王的女兒,亞哈謝的妹子,祭司耶何耶大的妻。她收藏約阿施,躲避亞她利雅,免得被殺。
၁၁အာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။-
12 約阿施和她們一同藏在上帝殿裏六年;亞她利雅篡了國位。
၁၂အာသလိနန်းစံနေစဉ်ယောရှသည် ခြောက်နှစ်တိုင်တိုင် ဗိမာန်တော်တွင်ပုန်း အောင်းလျက်နေ၏။