< 歷代志下 17 >
1 亞撒的兒子約沙法接續他作王,奮勇自強,防備以色列人,
၁ယောရှဖတ်သည်ခမည်းတော်အာသ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီး နောက် ဣသရေလနိုင်ငံအားခုခံတိုက်ခိုက် ရန်မိမိ၏နိုင်ငံကိုခိုင်ခံ့အောင်ပြုတော် မူ၏။-
2 安置軍兵在猶大一切堅固城裏,又安置防兵在猶大地和他父亞撒所得以法蓮的城邑中。
၂သူသည်ယုဒပြည်ခံတပ်မြို့များ၊ ယုဒ ကျေးလက်များနှင့်ဧဖရိမ်နယ်မြေမှ အာသသိမ်းယူထားသည့်မြို့များတွင် မိမိ၏စစ်တပ်များကိုချထားလေသည်။-
3 耶和華與約沙法同在;因為他行他祖大衛初行的道,不尋求巴力,
၃ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။-
4 只尋求他父親的上帝,遵行他的誡命,不效法以色列人的行為。
၄သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
5 所以耶和華堅定他的國,猶大眾人給他進貢;約沙法大有尊榮資財。
၅ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။-
6 他高興遵行耶和華的道,並且從猶大除掉一切邱壇和木偶。
၆သူသည်ထာဝရဘုရားအားကိုးကွယ်မှု တွင်စိတ်အားထက်သန်လျက်ယုဒပြည်ရှိ ရုပ်တုကိုးကွယ်ရာဌာနများနှင့်အာရှရ ဘုရားမ၏တံခွန်တိုင်ရှိသမျှကိုဖျက် ဆီးတော်မူ၏။
7 他作王第三年,就差遣臣子便‧亥伊勒、俄巴底、撒迦利雅、拿坦業、米該亞往猶大各城去教訓百姓。
၇နန်းစံတတိယနှစ်၌ယောရှဖတ်သည် မှူးမတ်များဖြစ်ကြသောဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလနှင့်မိက္ခာယတို့အား ယုဒပြည်အမြို့မြို့သို့သြဝါဒပေးရန် စေလွှတ်တော်မူ၏။-
8 同着他們有利未人示瑪雅、尼探雅、西巴第雅、亞撒黑、示米拉末、約拿單、亞多尼雅、多比雅、駝‧巴多尼雅,又有祭司以利沙瑪、約蘭同着他們。
၈သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
9 他們帶着耶和華的律法書,走遍猶大各城教訓百姓。
၉သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။
10 耶和華使猶大四圍的列國都甚恐懼,不敢與約沙法爭戰。
၁၀ထာဝရဘုရားသည်ပတ်ဝန်းကျင်နိုင်ငံ အပေါင်းတို့အား ယောရှဖတ်နှင့်စစ်ဖြစ် ရန်ကြောက်လန့်စေတော်မူ၏။-
11 有些非利士人與約沙法送禮物,納貢銀。阿拉伯人也送他公綿羊七千七百隻,公山羊七千七百隻。
၁၁ဖိလိတ္တိအမျိုးသားအချို့တို့သည်ယော ရှဖတ်ထံသို့ ငွေအမြောက်အမြားနှင့် အခြားလက်ဆောင်ပဏ္ဏာများကိုယူဆောင် လာကြ၏။ အာရပ်အမျိုးသားအချို့တို့ ကလည်းသိုးအကောင်ရေခုနစ်ထောင့်ခုနစ် ရာနှင့် ဆိတ်အကောင်ရေခုနစ်ထောင့်ခုနစ်ရာ ကိုယူဆောင်လာလေသည်။-
၁၂သို့ဖြစ်၍ယောရှဖတ်သည်တန်ခိုးကြီးသည် ထက်ကြီးလာတော်မူ၏။ သူသည်ယုဒပြည် တစ်လျှောက်လုံးတွင်ခံတပ်များကိုလည်း ကောင်း၊-
13 他在猶大城邑中有許多工程,又在耶路撒冷有戰士,就是大能的勇士。
၁၃ရိက္ခာအမြောက်အမြားသိုလှောင်ရာမြို့ များကိုလည်းကောင်းတည်ဆောက်တော်မူ၏။ မင်းကြီးသည်ယေရုရှလင်မြို့တွင်ထူးချွန် သည့်တပ်မှူးများကို၊-
14 他們的數目,按着宗族,記在下面:猶大族的千夫長押拿為首率領大能的勇士-三十萬;
၁၄သားချင်းစုများအလိုက်နေရာချထား တော်မူ၏။ ယုဒအနွယ်ဝင်တို့၏တပ်မှူး သည်အာဒနဖြစ်၍ သူ၏လက်အောက် တွင်စစ်သည်သုံးသိန်းရှိလေသည်။-
15 其次是,千夫長約哈難率領大能的勇士-二十八萬;
၁၅ဒုတိယတပ်မှူးမှာယောဟနန်ဖြစ်၍စစ် သည်နှစ်သိန်းရှစ်သောင်းကိုအုပ်ချုပ်ရ၏။-
16 其次是,細基利的兒子亞瑪斯雅(他為耶和華犧牲自己)率領大能的勇士-二十萬。
၁၆တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-)
17 便雅憫族,是大能的勇士以利雅大率領拿弓箭和盾牌的-二十萬;
၁၇ဗင်္ယာမိန်အနွယ်ဝင်တို့၏တပ်မှူးသည်ဧလျာဒ ဖြစ်၏။ သူသည်လေးနှင့်ဒိုင်းလွှားကိုင်စစ်သည် တော်နှစ်သိန်းကိုအုပ်ချုပ်ရသူ၊ ထူးချွန်သည့် စစ်သူရဲတစ်ဦးဖြစ်လေသည်။-
၁၈သူ၏လက်ထောက်တပ်မှူးမှာလက်နက်အပြည့် အစုံနှင့် လူတစ်သိန်းရှစ်သောင်းကိုအုပ်ချုပ် ရသူယောဇဗဒ်ဖြစ်၏။-
19 這都是伺候王的,還有王在猶大全地堅固城所安置的不在其內。
၁၉ယုဒပြည်ခံတပ်မြို့များတွင်နေရာချထား သည့်စစ်သည်တော်များအပြင် ယေရုရှလင် မြို့တွင်နေရာချထားသည့်ဤသူတို့သည် လည်း မင်းကြီး၏အမှုတော်ကိုထမ်းဆောင် ရကြလေသည်။