< 歷代志上 20 >
1 過了一年,到列王出戰的時候,約押率領軍兵毀壞亞捫人的地,圍攻拉巴;大衛仍住在耶路撒冷。約押攻打拉巴,將城傾覆。
၁အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။
2 大衛奪了亞捫人之王所戴的金冠冕,其上的金子重一他連得,又嵌着寶石;人將這冠冕戴在大衛頭上。大衛從城裏奪了許多財物,
၂ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ၊ ဒါဝိဒ် သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
3 將城裏的人拉出來,放在鋸下,或鐵耙下,或鐵斧下,大衛待亞捫各城的居民都是如此。其後大衛和眾軍都回耶路撒冷去了。
၃မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
4 後來,以色列人在基色與非利士人打仗。戶沙人西比該殺了偉人的一個兒子細派,非利士人就被制伏了。
၄နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။
5 又與非利士人打仗。睚珥的兒子伊勒哈難殺了迦特人歌利亞的兄弟拉哈米;這人的槍桿粗如織布的機軸。
၅နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။
6 又在迦特打仗。那裏有一個身量高大的人,手腳都是六指,共有二十四個指頭,他也是偉人的兒子。
၆နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊
7 這人向以色列人罵陣,大衛的哥哥示米亞的兒子約拿單就殺了他。
၇ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ် အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏။
8 這三個人是迦特偉人的兒子,都死在大衛和他僕人的手下。
၈ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး သားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။