< 民数记 16 >
1 利未的曾孙、哥辖的孙子、以斯哈的儿子可拉,和吕便子孙中以利押的儿子大坍、亚比兰,与比勒的儿子安,
၁လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-
2 并以色列会中的二百五十个首领,就是有名望选入会中的人,在摩西面前一同起来,
၂
3 聚集攻击摩西、亚伦,说:“你们擅自专权!全会众个个既是圣洁,耶和华也在他们中间,你们为什么自高,超过耶和华的会众呢?”
၃ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
၄မောရှေသည်သူတို့ပြောဆိုသောစကား ကိုကြားလျှင် မြေပေါ်တွင်ပျပ်ဝပ်၍ဆု တောင်းလေ၏။-
5 对可拉和他一党的人说:“到了早晨,耶和华必指示谁是属他的,谁是圣洁的,就叫谁亲近他;他所拣选的是谁,必叫谁亲近他。
၅ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
6 可拉啊,你们要这样行,你和你的一党要拿香炉来。
၆နက်ဖြန်နေ့နံနက်တွင်သင်နှင့်သင်၏နောက် လိုက်တို့သည်မီးကျီးခံအိုးများတွင်မီးခဲ နှင့်နံ့သာပေါင်းကိုထည့်၍ယဇ်ပလ္လင်သို့ယူ ဆောင်သွားလော့။ ထိုအခါမည်သူ့အား ထာဝရဘုရားရွေးကောက်တော်မူကြောင်း ကိုသိရကြလိမ့်မည်။ လေဝိအနွယ်ဝင် ဖြစ်သောသင်တို့သာလျှင်လွန်ကဲသော အမှုကိုပြုသူများဖြစ်သည်'' ဟုဆို လေ၏။
7 明日,在耶和华面前,把火盛在炉中,把香放在其上。耶和华拣选谁,谁就为圣洁。你们这利未的子孙擅自专权了!”
၇
၈တစ်ဖန်မောရှေသည်ကောရအား``လေဝိ အနွယ်ဝင်တို့၊ နားထောင်လော့။-
9 以色列的 神从以色列会中将你们分别出来,使你们亲近他,办耶和华帐幕的事,并站在会众面前替他们当差。
၉ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
10 耶和华又使你和你一切弟兄—利未的子孙—一同亲近他,这岂为小事?你们还要求祭司的职任吗?
၁၀ထာဝရဘုရားသည်သင်နှင့်တကွအခြား သောလေဝိအနွယ်ဝင်တို့အား ဤအခွင့် အရေးကိုပေးထားပါလျက်နှင့်ယခုသင် တို့သည် ယဇ်ပုရောဟိတ်အရာကိုတောင်းဆို လာကြပါသည်တကား။-
11 你和你一党的人聚集是要攻击耶和华。亚伦算什么,你们竟向他发怨言呢?”
၁၁သင်နှင့်သင်၏နောက်လိုက်အပေါင်းတို့က အာရုန်ကိုအပြစ်တင်ကြခြင်းသည်စင်စစ် အားဖြင့် ထာဝရဘုရားကိုပုန်ကန်ခြင်း ပင်ဖြစ်သည်'' ဟုပြောလေ၏။
12 摩西打发人去召以利押的儿子大坍、亚比兰。他们说:“我们不上去!
၁၂ထိုနောက်မောရှေသည်ဒါသန်နှင့်အဘိရံ တို့ကိုဆင့်ခေါ်သော်လည်း သူတို့သည်မ လာကြ။-
13 你将我们从流奶与蜜之地领上来,要在旷野杀我们,这岂为小事?你还要自立为王辖管我们吗?
၁၃သူတို့က``သင်သည်ငါတို့ကိုတောကန္တာရ၌ သေကုန်စေခြင်းငှာ အစာရေစာပေါကြွယ်ဝ သောအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီမဟုတ် လော။ ယခုသင်သည်ငါတို့အပေါ်တွင်မင်း မူလိုပါသလော။-
14 并且你没有将我们领到流奶与蜜之地,也没有把田地和葡萄园给我们为业。难道你要剜这些人的眼睛吗?我们不上去!”
၁၄သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
15 摩西就甚发怒,对耶和华说:“求你不要享受他们的供物。我并没有夺过他们一匹驴,也没有害过他们一个人。”
၁၅ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
16 摩西对可拉说:“明天,你和你一党的人,并亚伦,都要站在耶和华面前;
၁၆မောရှေကကောရအား``နက်ဖြန်နေ့တွင် သင်နှင့်တကွ သင်၏နောက်လိုက်သူနှစ်ရာ့ ငါးဆယ်တို့သည်တဲတော်သို့လာရကြ မည်။ အာရုန်သည်လည်းတဲတော်တွင်ရှိ လိမ့်မည်။-
17 各人要拿一个香炉,共二百五十个,把香放在上面,到耶和华面前。你和亚伦也各拿自己的香炉。”
၁၇သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။-
18 于是他们各人拿一个香炉,盛上火,加上香,同摩西、亚伦站在会幕门前。
၁၈ထိုကြောင့်လူတိုင်းပင်မိမိ၏မီးကျီးခဲ နှင့်နံ့သာပေါင်းထည့်၍မောရှေ၊ အာရုန်တို့ နှင့်အတူတဲတော်တံခါးဝ၌ရပ်နေ ကြသည်။-
19 可拉招聚全会众到会幕门前,要攻击摩西、亚伦;耶和华的荣光就向全会众显现。
၁၉ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
၂၀ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
21 “你们离开这会众,我好在转眼之间把他们灭绝。”
၂၁ဤသူတို့အနီးအပါးမှခွာ၍နေလော့။ ငါသည်သူတို့ကိုယခုချက်ချင်းဖျက် ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။
22 摩西、亚伦就俯伏在地,说:“神,万人之灵的 神啊,一人犯罪,你就要向全会众发怒吗?”
၂၂သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
၂၃ထာဝရဘုရားကမောရှေအား၊-
24 “你吩咐会众说:‘你们离开可拉、大坍、亚比兰帐棚的四围。’”
၂၄``လူအပေါင်းတို့ကိုကောရ၊ ဒါသန်နှင့် အဘိရံတို့၏တဲများနှင့်ဝေးဝေးခွာ၍ နေကြရန်ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
25 摩西起来,往大坍、亚比兰那里去;以色列的长老也随着他去。
၂၅ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-
26 他吩咐会众说:“你们离开这恶人的帐棚吧,他们的物件,什么都不可摸,恐怕你们陷在他们的罪中,与他们一同消灭。”
၂၆သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
27 于是众人离开可拉、大坍、亚比兰帐棚的四围。大坍、亚比兰带着妻子、儿女、小孩子,都出来,站在自己的帐棚门口。
၂၇သို့ဖြစ်၍သူတို့သည်ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများမှဝေးရာသို့ ခွာသွားကြလေသည်။ ဒါသန်နှင့်အဘိရံတို့သည်သားမယား များနှင့်အတူထွက်၍ မိမိတို့တဲဝ၌ရပ် နေကြသည်။-
28 摩西说:“我行的这一切事本不是凭我自己心意行的,乃是耶和华打发我行的,必有证据使你们知道。
၂၈မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
29 这些人死若与世人无异,或是他们所遭的与世人相同,就不是耶和华打发我来的。
၂၉ဤသူတို့သည်ဘုရားသခင်ဒဏ်ခတ်သည် မဟုတ်ဘဲဋ္ဌမ္မတာအလျောက် သေဆုံးသည်ရှိ သော်ထာဝရဘုရားသည်ငါ့ကိုစေလွှတ် ခြင်းမဟုတ်ဟုသိမှတ်ကြလော့။-
30 倘若耶和华创作一件新事,使地开口,把他们和一切属他们的都吞下去,叫他们活活地坠落阴间,你们就明白这些人是藐视耶和华了。” (Sheol )
၃၀သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။ (Sheol )
31 摩西刚说完了这一切话,他们脚下的地就开了口,
၃၁မောရှေ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဒါသန်နှင့်အဘိရံအောက်တွင်ရှိသော မြေသည်ကွဲအက်၍၊-
32 把他们和他们的家眷,并一切属可拉的人丁、财物,都吞下去。
၃၂သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-
33 这样,他们和一切属他们的,都活活地坠落阴间;地口在他们上头照旧合闭,他们就从会中灭亡。 (Sheol )
၃၃ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။- (Sheol )
34 在他们四围的以色列众人听他们呼号,就都逃跑,说:“恐怕地也把我们吞下去。”
၃၄ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။
35 又有火从耶和华那里出来,烧灭了那献香的二百五十个人。
၃၅ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
၃၆ထိုနောက်ထာဝရဘုရားကမောရှေအား၊-
37 “你吩咐祭司亚伦的儿子以利亚撒从火中捡起那些香炉来,把火撒在别处,因为那些香炉是圣的。
၃၇``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။-
38 把那些犯罪、自害己命之人的香炉,叫人锤成片子,用以包坛。那些香炉本是他们在耶和华面前献过的,所以是圣的,并且可以给以色列人作记号。”
၃၈ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-
39 于是祭司以利亚撒将被烧之人所献的铜香炉拿来,人就锤出来,用以包坛,
၃၉ထိုကြောင့်ယဇ်ပုရောဟိတ်ဧလာဇာသည် မီးကျီးခံအိုးများကိုယူ၍ ယဇ်ပလ္လင် ကိုဖုံးရန်အပြားခတ်လေသည်။-
40 给以色列人作纪念,使亚伦后裔之外的人不得近前来在耶和华面前烧香,免得他遭可拉和他一党所遭的。这乃是照耶和华借着摩西所吩咐的。
၄၀အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
41 第二天,以色列全会众都向摩西、亚伦发怨言说:“你们杀了耶和华的百姓了。”
၄၁နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
42 会众聚集攻击摩西、亚伦的时候,向会幕观看,不料,有云彩遮盖了,耶和华的荣光显现。
၄၂သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။-
၄၃ထိုအခါမောရှေနှင့်အာရုန်တို့သည်တဲတော် ရှေ့သို့ချဉ်းကပ်၍ရပ်နေကြ၏။-
၄၄ထာဝရဘုရားကမောရှေအား၊
45 “你们离开这会众,我好在转眼之间把他们灭绝。”他们二人就俯伏于地。
၄၅``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။-
46 摩西对亚伦说:“拿你的香炉,把坛上的火盛在其中,又加上香,快快带到会众那里,为他们赎罪;因为有忿怒从耶和华那里出来,瘟疫已经发作了。”
၄၆မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
47 亚伦照着摩西所说的拿来,跑到会中,不料,瘟疫在百姓中已经发作了。他就加上香,为百姓赎罪。
၄၇မောရှေစေခိုင်းသည်အတိုင်းအာရုန်သည် မီးကျီးခံအိုးကိုယူ၍လူအစုအဝေး ထဲသို့ပြေးဝင်လေသည်။ သူသည်လူတို့တွင် ရောဂါကပ်ဆိုက်ရောက်လျက်ရှိကြောင်းတွေ့ မြင်လျှင်မီးခဲများပေါ်၌နံ့သာပေါင်း ကိုတင်လျက်သူတို့အတွက်သန့်စင်ခြင်း ဝတ်ကိုပြုလေ၏။-
၄၈ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
49 除了因可拉事情死的以外,遭瘟疫死的,共有一万四千七百人。
၄၉ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။-
50 亚伦回到会幕门口,到摩西那里,瘟疫已经止住了。
၅၀ရောဂါအန္တရာယ်ပပျောက်သွားပြီးနောက် အာရုန်သည်မောရှေရှိရာတဲတော်တံခါးဝ သို့ပြန်လာခဲ့လေသည်။