< 约书亚记 18 >

1 以色列的全会众都聚集在示罗,把会幕设立在那里,那地已经被他们制伏了。
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။
2 以色列人中其余的七个支派还没有分给他们地业。
ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည်၊ အမွေမြေကို မခံရသေးသည်ဖြစ်၍၊
3 约书亚对以色列人说:“耶和华—你们列祖的 神所赐给你们的地,你们耽延不去得,要到几时呢?
ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
4 你们每支派当选举三个人,我要打发他们去,他们就要起身走遍那地,按着各支派应得的地业写明,就回到我这里来。
သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံး သို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။
5 他们要将地分做七分;犹大仍在南方,住在他的境内。约瑟家仍在北方,住在他的境内。
သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
6 你们要将地分做七分,写明了拿到我这里来。我要在耶和华—我们 神面前,为你们拈阄。
ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်။
7 利未人在你们中间没有分,因为供耶和华祭司的职任就是他们的产业。迦得支派、吕便支派,和玛拿西半支派已经在约旦河东得了地业,就是耶和华仆人摩西所给他们的。”
လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။
8 划地势的人起身去的时候,约书亚嘱咐他们说:“你们去走遍那地,划明地势,就回到我这里来。我要在示罗这里,耶和华面前,为你们拈阄。”
ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုက လည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊
9 他们就去了,走遍那地,按着城邑分做七分,写在册子上,回到示罗营中见约书亚。
သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။
10 约书亚就在示罗,耶和华面前,为他们拈阄。约书亚在那里,按着以色列人的支派,将地分给他们。
၁၀ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ၏။
11 便雅悯支派,按着宗族拈阄所得之地,是在犹大、约瑟子孙中间。
၁၁ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။
12 他们的北界是从约旦河起,往上贴近耶利哥的北边;又往西通过山地,直到伯·亚文的旷野;
၁၂မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော် ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက်တောင်ပေါ်၌၎င်း ရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား၏။
13 从那里往南接连到路斯,贴近路斯(路斯就是伯特利),又下到亚他绿·亚达,靠近下伯·和 南边的山;
၁၃တဖန် တောင်မျက်နှာသို့သွား၍ ဗေသလ လုဇ မြို့နား၌ ရှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင် ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊
14 从那里往西,又转向南,从伯·和 南对面的山,直达到犹大人的城基列·巴力(基列·巴力就是基列·耶琳);这是西界。
၁၄ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။
15 南界是从基列·耶琳的尽边起,往西达到尼弗多亚的水源;
၁၅တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာ ရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊
16 又下到欣嫩子谷对面山的尽边,就是利乏音谷北边的山;又下到欣嫩谷,贴近耶布斯的南边;又下到隐·罗结;
၁၆ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊
17 又往北通到隐·示麦,达到亚都冥坡对面的基利绿;又下到吕便之子波罕的磐石;
၁၇မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သား ဗောဟန်၏ ကျောက်သို့၎င်း ရောက်လေ၏။
18 又接连到亚拉巴对面,往北下到亚拉巴;
၁၈တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊
19 又接连到伯·曷拉的北边,直通到盐海的北汊,就是约旦河的南头;这是南界。
၁၉ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။
20 东界是约旦河。这是便雅悯人按着宗族,照他们四围的交界所得的地业。
၂၀ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။
21 便雅悯支派按着宗族所得的城邑就是:耶利哥、伯·曷拉、伊麦·基悉、
၂၁ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသော ဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
22 伯·亚拉巴、洗玛脸、伯特利、
၂၂ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
23 亚文、巴拉、俄弗拉、
၂၃အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊
24 基法·阿摩尼、俄弗尼、迦巴,共十二座城,还有属城的村庄;
၂၄ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့် တကွ ဆယ်နှစ်မြို့တည်း။
25 又有基遍、拉玛、比录、
၂၅ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
26 米斯巴、基非拉、摩撒、
၂၆မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
27 利坚、伊利毗勒、他拉拉、
၂၇ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
28 洗拉、以利弗、耶布斯(耶布斯就是耶路撒冷)、基比亚、基列,共十四座城,还有属城的村庄。这是便雅悯人按着宗族所得的地业。
၂၈ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း။

< 约书亚记 18 >