< 以赛亚书 7 >

1 乌西雅的孙子、约坦的儿子、犹大王亚哈斯在位的时候,亚兰王利汛和利玛利的儿子、以色列王比加上来攻打耶路撒冷,却不能攻取。
ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။
2 有人告诉大卫家说:“亚兰与以法莲已经同盟。”王的心和百姓的心就都跳动,好像林中的树被风吹动一样。
ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
3 耶和华对以赛亚说:“你和你的儿子施亚雅述出去,到上池的水沟头,在漂布地的大路上,去迎接亚哈斯,
ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သော လမ်း၊ အထက်ရေကန် ပြွန်ဝ၌အာခတ်မင်းကို ကြိုဆို၍ တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊
4 对他说:‘你要谨慎安静,不要因亚兰王利汛和利玛利的儿子这两个冒烟的火把头所发的烈怒害怕,也不要心里胆怯。
သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
5 因为亚兰和以法莲,并利玛利的儿子,设恶谋害你,
ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊
6 说:我们可以上去攻击犹大,扰乱它,攻破它,在其中立他比勒的儿子为王。
ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊
7 所以主耶和华如此说: 这所谋的必立不住, 也不得成就。
ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။
8 原来亚兰的首城是大马士革; 大马士革的首领是利汛。 (六十五年之内,以法莲必然破坏,不再成为国民。)
ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။
9 以法莲的首城是撒马利亚; 撒马利亚的首领是利玛利的儿子。 你们若是不信, 定然不得立稳。’”
ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။
10 耶和华又晓谕亚哈斯说:
၁၀တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့။
11 “你向耶和华—你的 神求一个兆头:或求显在深处,或求显在高处。” (Sheol h7585)
၁၁နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက် အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ (Sheol h7585)
12 亚哈斯说:“我不求;我不试探耶和华。”
၁၂အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်းပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။
13 以赛亚说:“大卫家啊,你们当听!你们使人厌烦岂算小事,还要使我的 神厌烦吗?
၁၃ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကိုငြီးငွေ့စေသည် သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြ မည်လော့။
14 因此,主自己要给你们一个兆头,必有童女怀孕生子,给他起名叫以马内利。
၁၄ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။
15 到他晓得弃恶择善的时候,他必吃奶油与蜂蜜。
၁၅ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။
16 因为在这孩子还不晓得弃恶择善之先,你所憎恶的那二王之地必致见弃。
၁၆ထိုသူငယ်သည် မကောင်းသောအရာကိုမပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
17 耶和华必使亚述王攻击你的日子临到你和你的百姓,并你的父家,自从以法莲离开犹大以来,未曾有这样的日子。
၁၇ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှ စ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရား သည် သင်၏အပေါ်၌၎င်း၊ သင်၏လူများပေါ်၌၎င်း၊ သင်၏အမျိုးရင်းအပေါ်၌၎င်း၊ ရောက်စေတော်မူမည်။
18 “那时,耶和华要发嘶声,使埃及江河源头的苍蝇和亚述地的蜂子飞来;
၁၈ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို၎င်း၊ အာရှုရိပြည်၌ရှိသော ပျား ကောင်ကို၎င်း၊ နှိုးဆော်တော်မူသဖြင့်၊
19 都必飞来,落在荒凉的谷内、磐石的穴里,和一切荆棘篱笆中,并一切的草场上。
၁၉သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင်နားကြလိမ့်မည်။
20 “那时,主必用大河外赁的剃头刀,就是亚述王,剃去头发和脚上的毛,并要剃净胡须。
၂၀ထိုကာလတွင် မြစ်ကြီးတဘက်၌နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှါးသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော် မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။
21 “那时,一个人要养活一只母牛犊,两只母绵羊;
၂၁ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင်၊
22 因为出的奶多,他就得吃奶油,在境内所剩的人都要吃奶油与蜂蜜。
၂၂သူတို့၌များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည်။
23 “从前,凡种一千棵葡萄树、值银一千舍客勒的地方,到那时必长荆棘和蒺藜。
၂၃ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည်။
24 人上那里去,必带弓箭,因为遍地满了荆棘和蒺藜。
၂၄လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည်။ မြေတပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
25 所有用锄刨挖的山地,你因怕荆棘和蒺藜,不敢上那里去;只可成了放牛之处,为羊践踏之地。”
၂၅ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ၏။

< 以赛亚书 7 >