< 以赛亚书 61 >
1 主耶和华的灵在我身上; 因为耶和华用膏膏我, 叫我传好信息给谦卑的人, 差遣我医好伤心的人, 报告被掳的得释放, 被囚的出监牢;
၁ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
2 报告耶和华的恩年, 和我们 神报仇的日子; 安慰一切悲哀的人,
၂ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊
3 赐华冠与锡安悲哀的人,代替灰尘; 喜乐油代替悲哀; 赞美衣代替忧伤之灵; 使他们称为“公义树”, 是耶和华所栽的,叫他得荣耀。
၃စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘော အရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
4 他们必修造已久的荒场, 建立先前凄凉之处, 重修历代荒凉之城。
၄ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်။
5 那时,外人必起来牧放你们的羊群; 外邦人必作你们耕种田地的, 修理葡萄园的。
၅တပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့သိုးစု များကို ထိန်းကျောင်းကြလိမ့်မည်။ တကျွန်းတနိုင်ငံသား တို့သည် သင်တို့အဘို့ လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။
6 你们倒要称为耶和华的祭司; 人必称你们为我们 神的仆役。 你们必吃用列国的财物, 因得他们的荣耀自夸。
၆သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရော ဟိတ်ဟူ၍၎င်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍ ၎င်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို စား၍၊ သူတို့၏ ဘုန်းအသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
7 你们必得加倍的好处,代替所受的羞辱; 分中所得的喜乐,必代替所受的凌辱。 在境内必得加倍的产业; 永远之乐必归与你们。
၇သင်တို့အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကို ခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည်။
8 因为我—耶和华喜爱公平, 恨恶抢夺和罪孽; 我要凭诚实施行报应, 并要与我的百姓立永约。
၈အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှု နှင့် အဓမ္မအမှုကို မုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည်။ သူတို့နှင့် ထာဝရပဋိညာဉ်ကို ဖွဲ့မည်။
9 他们的后裔必在列国中被人认识; 他们的子孙在众民中也是如此。 凡看见他们的必认他们是耶和华赐福的后裔。
၉သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသားနေရာအရပ်ရပ်၌ ကျော်စောကြလိမ့် မည်။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သော အမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။
10 我因耶和华大大欢喜; 我的心靠 神快乐。 因他以拯救为衣给我穿上, 以公义为袍给我披上, 好像新郎戴上华冠, 又像新妇佩戴妆饰。
၁၀ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့၎င်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။
11 田地怎样使百谷发芽, 园子怎样使所种的发生, 主耶和华必照样 使公义和赞美在万民中发出。
၁၁မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့၎င်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည်။