< 以赛亚书 34 >
1 列国啊,要近前来听! 众民哪,要侧耳而听! 地和其上所充满的, 世界和其中一切所出的都应当听!
၁အိုလူမျိုးတို့၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသော အရာ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ။
2 因为耶和华向万国发忿恨, 向他们的全军发烈怒, 将他们灭尽,交出他们受杀戮。
၂ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။
3 被杀的必然抛弃, 尸首臭气上腾; 诸山被他们的血融化。
၃သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။
4 天上的万象都要消没; 天被卷起,好像书卷。 其上的万象要残败, 像葡萄树的叶子残败, 又像无花果树的叶子残败一样。
၄ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။
5 因为我的刀在天上已经喝足; 这刀必临到以东和我所咒诅的民, 要施行审判。
၅အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်း ကင်၌ ရောင့်ရဲပြီးမှ၊ တဖန် ဧဒုံပြည် အပေါ်မှာ၎င်း၊ ငါ ကျိန်သောလူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်။
6 耶和华的刀满了血, 用脂油和羊羔、公山羊的血, 并公绵羊腰子的脂油滋润的; 因为耶和华在波斯拉有献祭的事, 在以东地大行杀戮。
၆ထာဝရဘုရား၏ ထားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏။
7 野牛、牛犊,和公牛要一同下来。 他们的地喝醉了血; 他们的尘土因脂油肥润。
၇ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။
8 因耶和华有报仇之日, 为锡安的争辩有报应之年。
၈ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ ၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။
9 以东的河水要变为石油, 尘埃要变为硫磺; 地土成为烧着的石油,
၉ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့် လည်းကန့်၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည်။
10 昼夜总不熄灭, 烟气永远上腾, 必世世代代成为荒废, 永永远远无人经过。
၁၀နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ။
11 鹈鹕、箭猪却要得为业; 猫头鹰、乌鸦要住在其间。 耶和华必将空虚的准绳, 混沌的线铊,拉在其上。
၁၁ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ၍၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။
12 以东人要召贵胄来治国; 那里却无一个, 首领也都归于无有。
၁၂မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ် တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။
13 以东的宫殿要长荆棘; 保障要长蒺藜和刺草; 要作野狗的住处, 鸵鸟的居所。
၁၃ဘုံဗိမာန်တို့၌၎င်း၊ ရဲတိုက်တို့၌၎င်း၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည်။
14 旷野的走兽要和豺狼相遇; 野山羊要与伴偶对叫。 夜间的怪物必在那里栖身, 自找安歇之处。
၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ခိုလှုံရာကို တွေ့လိမ့်မည်။
15 箭蛇要在那里做窝, 下蛋,抱蛋,生子, 聚子在其影下; 鹞鹰各与伴偶聚集在那里。
၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အ သိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထို အရပ်၌ စုဝေး၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။
16 你们要查考宣读耶和华的书。 这都无一缺少, 无一没有伴偶; 因为我的口已经吩咐, 他的灵将它们聚集。
၁၆ထာဝရဘုရား၏ ကျမ်းစာကို ကြည့်ရှု၍ ဘတ် ကြလော့။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ၏။
17 他也为它们拈阄, 又亲手用准绳给它们分地; 它们必永得为业, 世世代代住在其间。
၁၇သူတို့ကို စာရေးတံပြုလျက်၊ လက်တော်နှင့် မျဉ်း ကြိုးကို တန်းလျက်၊ သူတို့နေရာကို ခွဲဝေတော်မူ၏။ သူ တို့သည် ထိုပြည်ကို အမြဲအမွေခံ၍၊ အမျိုးအနွယ်အစဉ် အဆက်နေရကြလိမ့်မည်။