< 列王纪下 21 >
1 玛拿西登基的时候年十二岁,在耶路撒冷作王五十五年。他母亲名叫协西巴。
၁မနာရှေယုဒပြည်တွင်နန်းတက်ချိန်၌အသက် တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည်ယေရုရှလင်မြို့ တွင် ငါးဆယ့်ငါးနှစ်နန်းစံရလေသည်။ သူ၏ မယ်တော်မှာဟဇ္ဇိဘဖြစ်၏။-
2 玛拿西行耶和华眼中看为恶的事,效法耶和华在以色列人面前赶出的外邦人所行可憎的事。
၂မနာရှေသည်ခါနာန်ပြည်သို့ဣသရေလအမျိုး သားတို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏ရွံရှာဖွယ်ဋ္ဌလေ့ များကိုကျင့်သုံး၍ကိုယ်တော်အားပြစ်မှား ၏။-
3 重新建筑他父希西家所毁坏的邱坛,又为巴力筑坛,做亚舍拉像,效法以色列王亚哈所行的,且敬拜事奉天上的万象;
၃သူသည်မိမိ၏ခမည်းတော်ဟေဇကိဖျက် သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကို ပြန်လည်တည်ဆောက်လေသည်။ ဗာလဘုရား အားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလဘုရင်အာဟပ်နည်းတူအာရှရ ဘုရားမတံခွန်တိုင်ကိုစိုက်ထူ၏။ ကြယ် နက္ခတ်များကိုလည်းဝတ်ပြုရှိခိုး၏။-
4 在耶和华殿宇中筑坛。耶和华曾指着这殿说:“我必立我的名在耶路撒冷。”
၄ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရမည့်ဌာန တော်ဟု ထာဝရဘုရားမိန့်တော်မူရာဗိမာန် တော်တွင် ရုပ်တုများကိုပူဇော်ရန်ယဇ်ပလ္လင် များကိုတည်ဆောက်၏။-
၅ဗိမာန်တော်တံတိုင်းနှစ်ခုအတွင်း၌လည်းကြယ် နက္ခတ်များကိုပူဇော်ရန် ယဇ်ပလ္လင်များကိုဆောက် လုပ်၏။-
6 并使他的儿子经火,又观兆,用法术,立交鬼的和行巫术的,多行耶和华眼中看为恶的事,惹动他的怒气;
၆မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
7 又在殿内立雕刻的亚舍拉像。耶和华曾对大卫和他儿子所罗门说:“我在以色列众支派中所选择的耶路撒冷和这殿,必立我的名,直到永远。
၇သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
8 以色列人若谨守遵行我一切所吩咐他们的和我仆人摩西所吩咐他们的一切律法,我就不再使他们挪移离开我所赐给他们列祖之地。”
၈ဣသရေလအမျိုးသားတို့သည်ငါ၏အမိန့် တော်ရှိသမျှကိုလိုက်နာ၍ မောရှေပေးအပ် သည့်ပညတ်တရားကိုစောင့်ထိန်းကြလျှင် ငါ သည်သူတို့ကိုဘိုးဘေးတို့အားငါပေးအပ် ခဲ့သည့်ပြည်တော်မှနှင်ထုတ်တော်မူမည် မဟုတ်'' ဟုမိန့်တော်မူခဲ့၏။-
9 他们却不听从。玛拿西引诱他们行恶,比耶和华在以色列人面前所灭的列国更甚。
၉သို့ရာတွင်ယုဒပြည်သူတို့သည် ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ကြ။ ကိုယ်တော်၏လူမျိုးတော်အားခါနာန်ပြည် သို့ ဣသရေလအမျိုးသားတို့ချီတက်လာ ချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက် သည့်လူမျိုးတို့ထက်ပင် ပိုမိုဆိုးရွားစွာ အပြစ်ကူးလွန်ကြစေရန်မနာရှေရှေ့ ဆောင်လမ်းပြ၏။
၁၀ထာဝရဘုရားသည် မိမိ၏အစေခံ များနှင့်ပရောဖက်များမှတစ်ဆင့်၊-
11 “因犹大王玛拿西行这些可憎的恶事比先前亚摩利人所行的更甚,使犹大人拜他的偶像,陷在罪里;
၁၁``မနာရှေသည်ဤစက်ဆုတ်ဖွယ်ကောင်းသော အမှုတို့ကိုပြုလေပြီ။ ခါနာန်အမျိုးသား တို့ပြုသောအမှုများထက်ပင် လွန်စွာပိုမို ဆိုးရွားသည့်အမှုတို့ကိုပြုလေပြီ။ သူသည် မိမိ၏ရုပ်တုများအားဖြင့် ယုဒပြည်သူ တို့အားအပြစ်ကူးလွန်စေရန်ရှေ့ဆောင် လမ်းပြ၏။-
12 所以耶和华—以色列的 神如此说:我必降祸与耶路撒冷和犹大,叫一切听见的人无不耳鸣。
၁၂သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သတင်း ကြားသူတိုင်းအံ့သြလောက်အောင် ယေရုရှလင် မြို့နှင့်ယုဒပြည်အားဘေးသင့်စေမည်။-
13 我必用量撒马利亚的准绳和亚哈家的线铊拉在耶路撒冷上,必擦净耶路撒冷,如人擦盘,将盘倒扣。
၁၃ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
14 我必弃掉所余剩的子民,把他们交在仇敌手中,使他们成为一切仇敌掳掠之物;
၁၄မသေဘဲကျန်ရစ်သူတို့ကို ငါသည်စွန့်၍ရန်သူ များ၏လက်သို့အပ်မည်။ ရန်သူတို့သည်သူတို့ ကိုနှိမ်နင်း၍ သူတို့၏ဥစ္စာပစ္စည်းများကိုလု ယူကြလိမ့်မည်။-
15 是因他们自从列祖出埃及直到如今,常行我眼中看为恶的事,惹动我的怒气。”
၁၅ငါ၏လူမျိုးတော်သည်သူတို့၏ဘိုးဘေး များအီဂျစ်ပြည်ကထွက်ခွာလာချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ငါ့အားပြစ်မှားလျက် ငါ၏အမျက်တော်ကိုလှုံ့ဆော်နေကြသဖြင့် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
16 玛拿西行耶和华眼中看为恶的事,使犹大人陷在罪里,又流许多无辜人的血,充满了耶路撒冷,从这边直到那边。
၁၆မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
17 玛拿西其余的事,凡他所行的和他所犯的罪都写在犹大列王记上。
၁၇သူကူးလွန်သည့်အပြစ်များအပါအဝင် မနာရှေလုပ်ဆောင်ခဲ့သော အခြားအမှုအရာ ရှိသမျှကိုယုဒရာဇဝင်တွင်ရေးထား သတည်း။-
18 玛拿西与他列祖同睡,葬在自己宫院乌撒的园内;他儿子亚们接续他作王。
၁၈မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
19 亚们登基的时候年二十二岁,在耶路撒冷作王二年。他母亲名叫米舒利密,是约提巴人哈鲁斯的女儿。
၁၉အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌နှစ်နှစ်မျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာယုမ္ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်ဖြစ်၏။-
20 亚们行耶和华眼中看为恶的事,与他父亲玛拿西所行的一样;
၂၀အာမုန်သည်မိမိ၏ခမည်းတော်မနာရှေကဲ့ သို့ပင် ထာဝရဘုရားအားပြစ်မှားလေသည်။-
21 行他父亲一切所行的,敬奉他父亲所敬奉的偶像,
၂၁သူသည်ခမည်းတော်၏အကျင့်များကို အတုခိုး၏။ ခမည်းတော်ကိုးကွယ်သည့် ရုပ်တုတို့ကိုကိုးကွယ်၏။-
22 离弃耶和华—他列祖的 神,不遵行耶和华的道。
၂၂မိမိဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်ကာ ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်၏။
၂၃အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်း၌လုပ်ကြံကြ၏။-
24 但国民杀了那些背叛亚们王的人,立他儿子约西亚接续他作王。
၂၄ထို့ကြောင့်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။
၂၅အာမုန်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။-
26 亚们葬在乌撒的园内自己的坟墓里。他儿子约西亚接续他作王。
၂၆အာမုန်အားသြဇဥယျာဉ်ရှိသင်္ချိုင်းတွင် သင်္ဂြိုဟ် လိုက်ကြ၏။ ထိုနောက်သူ၏သားတော်ယောရှိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။