< 羅馬書 4 >
1 那麼,我們對於按照血統作我們祖宗的亞巴郎,可以說什麼呢?
၁သို့ဖြစ်၍ငါတို့လူမျိုး၏အဖဖြစ်သူ အာဗြဟံ၏အကြောင်းကိုစဉ်းစားကြည့် ကြစို့။ သူ၏အတွေ့အကြုံကားအောက်ပါ အတိုင်းဖြစ်သည်။-
2 如果亞巴郎是由於行為,成為義人,他就可以自誇了;但不是在天主前,
၂အကယ်၍အာဗြဟံသည်မိမိ၏အကျင့် သီလအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိပါမူ သူ့မှာဂုဏ်ယူဝါ ကြွားစရာအကြောင်းရှိပေသည်။ သို့ရာတွင် သူသည်ဘုရားသခင်၏ရှေ့တော်မှောက်တွင် ထိုသို့ဂုဏ်ယူဝါကြွားမှုကိုမပြုနိုင်။-
3 因為經上說:『亞巴郎信了天主,天主就此算為他的正義。』
၃ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။-
၄လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။-
5 但為那沒有工作,而信仰那使不虔敬的人復義之主的,這人的信德為他便算是正義,這才是恩惠。
၅သို့ရာတွင်သူသည်မိမိ၏အကျင့်သီလ ကိုအားမကိုးဘဲယုံကြည်ခြင်းကိုအားကိုး လျှင် ဘုရားသခင်သည်သူ၏ယုံကြည်မှုကို ထောက်ရှုလျက် သူ့အားအပြစ်မရှိဟုစီရင် ချက်ချမှတ်တော်မူသည်။ သူ၏ယုံကြည်ခြင်း ကြောင့်ဘုရားသခင်သည်သူ့ကိုမိမိနှင့် မှန်ကန်စွာဆက်ဆံစေတော်မူ၏။-
6 正如達味也稱那沒有功行,而蒙天主恩賜算為正義的人,是有福的一樣:
၆အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊
၇``အပြစ်ပြေလွတ်ခွင့်နှင့်အပြစ်ဒုစရိုက်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုရသောသူသည် မင်္ဂလာရှိ၏။
၈မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏'' ဟုမြွက်ဆိုလေသည်။
9 那麼,這種福分是僅加於受割損的人呢?還是也加於未受割損的人呢?我們說過:「亞巴郎的信德為他算為正義。」
၉ဒါဝိဒ်မင်းဖော်ပြသောမင်္ဂလာကိုအရေဖျား လှီးခြင်းခံသူတို့သာလျှင်ရရှိကြသလော။ အရေဖျားလှီးခြင်းမခံသူတို့လည်းရရှိ ကြပေသည်။ ငါတို့ဖော်ပြခဲ့သောကျမ်းစာ အရ``အာဗြဟံသည်ဘုရားသခင်ကိုယုံကြည် သဖြင့်ဘုရားသခင်သည်သူ့အားဖြောင့်မတ် သောသူအဖြစ်လက်ခံတော်မူ၏။-''
10 那麼,由什麼時候算起呢?是在他受割損以後,而是在他未受割損的時候。
၁၀ဤသို့အာဗြဟံအားဖြောင့်မတ်သောသူ အဖြစ်ဘုရားသခင်လက်ခံတော်မူသည့် အချိန်မှာ အာဗြဟံအရေဖျားလှီးမင်္ဂလာ ခံပြီးမှလော။ မခံရသေးမီကလော။ ခံပြီး မှမဟုတ်။ မခံရသေးမီကဖြစ်၏။-
11 他後來領受了割損的標記,只是作為他未受割損時,因信德獲得正義的印證。如此,亞巴郎作了一切未受割損而相信的人的父親,使他們也同樣因信德而算為正義;
၁၁သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
12 同時也作受割損者的父親,就是那些不僅受割損,而且也追隨我們的祖宗亞巴郎,在未受割損時所走的信德之路的人。
၁၂သူသည်အရေဖျားလှီးမင်္ဂလာခံသူတို့၏ အဖလည်းဖြစ်ပေသည်။ တစ်နည်းကားသူ သည်အရေဖျားလှီးမင်္ဂလာကိုခံကြရုံမက ငါတို့အဖအာဗြဟံအရေဖျားလှီးမင်္ဂလာ ကိုမခံမီက ဘုရားသခင်ကိုယုံကြည်ခြင်း စံနမူနာကိုလိုက်သူတို့၏အဖလည်းဖြစ် သည်။
13 因為許給亞巴郎和他的後裔的恩許,使他作世界的承繼者,並不是藉著法律,而是藉著因信德而獲得的正義,
၁၃ဘုရားသခင်သည် အာဗြဟံနှင့်သားမြေးတို့ အားကမ္ဘာလောကကို ပိုင်စေတော်မူမည်ဟုကတိ ထားတော်မူခဲ့၏။ ဤသို့ကတိထားတော်မူခြင်း မှာအာဗြဟံသည်ပညတ်တရားကိုစောင့်ထိန်း သောကြောင့်မဟုတ်၊ ဘုရားသခင်ကိုယုံကြည် သဖြင့်သူ့အားဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံတော်မူသောကြောင့်ဖြစ်၏။-
14 因為假使屬於法律的人才是承繼者,那麼信德便是空虛的,恩許就失了效力,
၁၄အကယ်၍ပညတ်တရားကိုစောင့်ထိန်းကြ သူများသာလျှင် ကတိတော်ကိုခံစားရကြ မည်ဆိုလျှင်ဘုရားသခင်အားယုံကြည်မှု သည်အချည်းနှီးဖြစ်၍ကတိတော်သည် လည်းအဋ္ဌိပ္ပါယ်မရှိတော့ပေ။-
15 因為法律只能激起天主的義怒:那裡沒有法律,那裡就沒有違犯。
၁၅ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။
16 為此,一切都是由於信德,為的是一切本著恩寵,使恩許為亞巴郎所有的一切後裔堅定不移,不僅為那屬於法律的後裔,而且也為那亞巴郎有信德的後裔,因為他是我們眾人的父親,
၁၆သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
17 正如經上所載:『我已立你為萬民之父;』亞巴郎是在他所信的天主面前,就是在叫死者復活,叫那不存在的成為存在的那位面,前作我們眾人的父親。
၁၇``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-
18 他在絕望中仍懷著希望而相信了,因此便成了萬民之父,正如向他所預許的:『你的後裔也要這樣多。』
၁၈အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။-
19 他雖然快一百歲,明知自己的身體已經衰老,撒辣的胎也已絕孕;但他的信心卻沒有衰弱,
၁၉ထိုအချိန်၌အာဗြဟံသည်အသက်တစ်ရာ ခန့်ပင်ရှိ၍ မိမိ၏ကိုယ်ခန္ဓာသည်အသေကဲ့သို့ ဖြစ်လျက်နေကြောင်းကိုလည်းကောင်း၊ စာရာ သည်လည်းကလေးမရနိုင်ကြောင်းကိုလည်း ကောင်းသိသော်လည်း ဘုရားသခင်အပေါ်တွင် ယုံကြည်မှုခိုင်မြဲလျက်ရှိ၏။-
20 對於天主的恩許總沒有因不信而猶疑,反而信心堅固,歸光榮於天主,
၂၀သူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။-
၂၁ဘုရားသခင်သည်မိမိကတိထားတော်မူသည့် အတိုင်းပြုတော်မူနိုင်ကြောင်းအာဗြဟံသည် အကြွင်းမဲ့ယုံကြည်၏။-
၂၂ထိုသို့ယုံကြည်မှုကြောင့်ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံတော် မူ၏။-
23 『算為他的正義』這句話,不是單為他個人寫的,
၂၃``ဘုရားသခင်သည်သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏'' ဟူသောစကားရပ် သည်အာဗြဟံတစ်ဦးတည်းသာရည်ညွှန်း သည်မဟုတ်။-
24 而且也是為了我們這些將來得算為正義的人,即我們這些相信天主使我們的主耶穌,由死者中復活人寫的;
၂၄ငါတို့အားလည်းရည်ညွှန်းပေသည်။ အဘယ် ကြောင့်ဆိုသော်ငါတို့၏အရှင်သခင်ယေရှု အားရှင်ပြန်ထမြောက်စေသောဘုရားသခင် ကို ငါတို့ယုံကြည်သဖြင့်ငါတို့အားဖြောင့် မတ်သူများအဖြစ်ကိုယ်တော်လက်ခံမည် ဖြစ်သောကြောင့်တည်း။-
25 這耶穌曾為了我們的過犯被交付,又為使我們成義而復活。
၂၅ထိုအရှင်သည်ငါတို့အပြစ်များကြောင့်အသေ ခံစေရန်အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့အား ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေအံ့သော ငှာကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၏။