< 民數記 30 >

1 梅瑟訓示以色列子民各支派的首領說:「這是上主所吩咐的:
တဖန် ထာဝရဘုရား မိန့် တော်မူသော စကား ကို မောရှေ သည်၊ ဣသရေလ အမျိုးသား တို့တွင် အမျိုးအနွယ် တို့၌ မင်း ဖြစ်သောသူတို့အား ဆင့်ဆို သည်ကား၊
2 若人向上主許願,或發誓戒絕什麼,他不可食言,應全照口中所的去做。
လူ ယောက်ျားသည် ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ ပြောသောစကား ကို မ ဖျက် ဘဲ၊ မိမိ နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။
3 那還在父家的年輕女子,若人向上主許願,或發願戒絕什麼,
မိန်းမ သည် အဘ အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း၊
4 她父親聽到了她許的願和她發誓戒絕的事,卻對她未發一言,她許的願和她所發的戒誓,概為有效。
ထိုသစ္စာ စကား၊ ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို အဘ သည် ကြား လျက် တိတ်ဆိတ် စွာ နေလျှင် ထိုသစ္စာ စကားရှိသမျှ တို့နှင့် ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားဟူသမျှ တို့သည် တည် ရကြမည်။
5 但是,如果她父親在聽到的那天,禁止了她,她所許的願和所發的戒誓,概不生效;上主必寬恕她,因為她父親禁了止了她。
သို့မဟုတ် အဘ သည် ကြား သောနေ့ ၌ မြစ်တား လျှင်၊ ထိုသစ္စာ စကားမည်မျှ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား မည်မျှမ တည် ရ။ အဘ မြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ် တော်မူမည်။
6 如果她有權在身,或口中冒然發了戒絕某事的誓,而已出嫁,
မိန်းမသည် လင် ရှိ လျက်၊ သစ္စာဂတိ ပြု၍ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းငှာနှုတ် မြွက် သောအခါ၊
7 她丈夫聽說了,在聽說的那天,對她未發一言,她的願和她所說的戒誓,仍為有效;
လင် သည် ကြား လျှင် ၎င်း၊ ကြား သောနေ့ ၌ တိတ်ဆိတ် စွာနေလျှင်၎င်း၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား တည် ရမည်။
8 但是,如果她丈夫在聽說的那天,禁止了她,他就取消了她許的願,和口中冒然所發的戒誓,上主也必寬恕她。
သို့မဟုတ် လင် သည် ကြား သောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။
9 寡婦或棄婦所許的願,或她所發的戒誓,概為有丈夫效。
လင် သေသောမိန်းမ၊ လင်နှင့်ကွာ သော မိန်းမသည် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော သစ္စာ ဂတိ အလုံးစုံ တို့သည် တည် ရကြမည်။
10 但是,如果她尚在丈夫家內許了願,或發誓要戒絕什麼,
၁၀လင် အိမ် ၌ ရှိစဉ်အခါ၊ သစ္စာ ဂတိပြုသော်၎င်း ၊ ကျိန်ဆို ခြင်းအားဖြင့် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
11 若她丈夫聽說了,未發一言,沒有禁止她,她的願仍為有效,她所發的戒誓,亦為有效。
၁၁လင် သည် ကြား သော်လည်း မ မြစ်တား တိတ်ဆိတ် စွာနေလျှင် ၊ ထိုသစ္စာ ဂတိရှိသမျှ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းရှိသမျှ တို့သည် တည် ရကြမည်။
12 但是,如果她的丈夫,在聽說的那天,聲明無效;凡她所說出的,不論是許的願,或發的戒誓,一概無效;她的丈夫既聲明無效,上主也就寬恕她。
၁၂သို့မဟုတ် လင် သည် ကြား သောနေ့ ၌ ရှင်းရှင်းပယ် ဘူးလျှင် ၊ သစ္စာ ဂတိနှင့်၎င်း ၊ စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းနှင့်၎င်း ဆိုင်သော စကား မည်မျှမ တည် ရ။ လင် သည် ပယ် သောကြောင့် ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။
13 凡女人所許的願,或為苦身克己所發的誓,丈夫能使之生效,亦能聲明無效。
၁၃ခပ်သိမ်း သောသစ္စာ ဂတိ၊ ခြိုးခြံ စွာကျင့် ခြင်းနှင့် ဆိုင်သမျှ သောအချည်အနှောင် ကျိန်ဆို ခြင်းတို့ကို၊ လင် သည် တည် စေပိုင်သောအခွင့်၊ ပယ် ပိုင်သော အခွင့်ရှိ၏။
14 但是如果她的丈夫兩天內對她未發一言,就算他使她所許的願和她發的戒誓生效,因為在他聽說的那天,對她未發一言,就已算贊成。
၁၄လင် သည် တနေ့ ထက်တနေ့တိတ်ဆိတ် စွာနေ လျှင် ၊ မယား ပြုသောသစ္စာ ဂတိရှိသမျှ တို့နှင့် မယား ၌ ချည်နှောင် ခြင်း ရှိသမျှ တို့ကို တည် စေ၏။ ကြား သောနေ့ ၌ တိတ်ဆိတ် စွာ နေသောကြောင့် တည် စေပြီ။
15 但若他聽說很久以後,才聲明無效,他應負妻子的罪債」。
၁၅ထိုစကားကို ကြား သောနေ့နောက်မှ ၊ လင်သည် ပယ် အံ့သောငှါပြုလျှင် ၊ မယား အပြစ် ကို ကိုယ်တိုင်ခံရ မည်။
16 這是有關丈夫和妻子的關係,父親與尚在家內年輕女兒的關係,上主向梅瑟吩咐的法令。
၁၆ဤရွေ့ကား ၊ မယား နှင့်လင် စပ်ကြား ၌၎င်း၊ အဘ အိမ် မှာ အသက် နုငယ်သောသမီး နှင့် အဘ စပ်ကြား ၌၎င်း၊ မောရှေ အားဖြင့်ထာဝရဘုရား ထား တော်မူသော ပညတ် တရားဖြစ်သတည်း။

< 民數記 30 >