< 但以理書 4 >
1 拿步高王詔告居於普世的各民族,各邦國及各異語人民說:「願平安豐富地賜予你們!
၁ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော။
2 至高天主對我所行的神蹟奇事,我以為最好宣布出來。
၂မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ၏။
3 他的神蹟何其偉大,他的奇事何其可畏! 他的王國是永遠的王國,他的主權世世常存!
၃နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဘွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော် မူ၏။
၄ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာ နေ၍ စည်းစိမ်ကြီးစဉ်အခါ၊
5 忽然做了一夢,這夢使我害怕;我當時在床上所有的幻想,腦中所有的異象,使我心慌意亂,
၅ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင်၍၊ သာလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံ အားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။
6 遂下了一道諭令,召巴比倫所有的智者到我面前來,給我解說那夢的意義。
၆ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊
7 巫師、術士、占星者、占卜者都來了,我當面給他們說出了那夢,但他們卻不能給我解說那夢的意義。
၇မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာ ဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက် ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ။
8 最後,達尼爾來到我面前,-他按我神的名字,起名叫貝耳特沙匝,這人身上具有至聖神明的精神;我給他講述夢說:「
၈နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင်၊
9 巫師長貝耳特沙匝! 我知道你這個人具有至聖神明的精神,沒有什麼奧秘可以難住你,請聽我夢中所見的異象,給我一個解釋:
၉အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင် သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကိုဘော်ပြလော့။
10 我在床上腦中所有的異象是這樣:我忽然看見從地中生出一棵樹來,極其高大。
၁၀ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု၍ မြေကြီးအ လယ်၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ၏။
11 這棵樹長的非常粗壯,高可摩天,大地四極都可見到;
၁၁ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုဃ်းကောင်းကင်သို့ထိ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား၏။
12 樹葉美麗,果實繁多,足以供養一切生靈,田野的走獸安息在它的蔭下,空中的飛鳥棲息在它的枝杈上,一切生物都由它獲得供養。
၁၂အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။
13 我在床上,在我腦海所得的異象中,我看見有一位守衛兼聖者自天降下,
၁၃အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊
14 他大聲呼喊說:砍倒這棵樹,砍斷它的枝條,搖落它的葉子,打下它的果實,叫走獸離開它下面,叫飛鳥飛離它的枝杈,
၁၄သစ်ပင်ကိုလှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ။
15 但在地上只留下它根上的餘幹,用鐵索和銅鏈將它捆住,放在田野的青草,
၁၅သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
16 使他的心改變不像人心,給他一個獸心,在他身上要這樣經歷七段時期。
၁၆လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့။
17 這是守衛者宣布的定案,這是聖者所出的命令,好使眾生知道:是至高者統治世人的國家,他將國權願意給誰,就給誰;他可以將人間最卑賤的立為最高者。
၁၇အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
18 這是我拿步高王所做的夢。現在,貝耳特沙匝! 請你給我說出這夢的意義,因為我國內所有的智者,都不能使我知道這夢的意義,只有你能,因為只有你具有至聖神明的精神。
၁၈ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။
19 名叫貝特沙匝的達尼爾,一時愕然,他想像的事,使他恐懼;君王於是說道:「貝耳特沙匝! 不要為這夢和這夢的意義心亂! 」貝耳特沙匝回答說:「我的主上! 願這夢應驗在仇恨你的人身上,願這夢的朕兆應驗在你的敵人身上!
၁၉ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလ တရှာဇာ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက် အနက် ရောက်ပါစေသော။
20 你所見的那棵樹,長的非常粗大,高可摩天,大地四極都可見到,
၂၀မြင်မက်တော်မူစဉ်တွင် ကြီးပွား၍ ခိုင်မာ ထသော၊ မိုဃ်းကောင်း ကင်သို့ထိ၍ မြေကြီးတပြင်လုံး၌ ထင်ရှားထသော၊
21 樹葉美麗,果實繁多,足以供養一切生靈,田野的走獸安息在它的蔭下,空中的飛鳥棲息在它的枝條上。
၂၁အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန် တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည်၊
22 大王! 那樹就是你,你長得高大強壯,你的偉大高可摩天,你的權勢達於地極。
၂၂အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုဃ်း ကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင် ရောက် တော်မူ၏။
23 至於大王所見的那位警衛兼聖者自天降下說:砍倒、毀滅這棵樹! 只在地上留下它根子的餘幹,用鐵索和銅鏈將它捆住,放在田野的青草中,讓他為露水浸濕,與田野的走獸分食,這樣在他身上直到經歷了七段時期。-
၂၃သစ်ပင်စောင့်၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ရှိစေလော့။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
24 大王! 這是那夢的意義,這是要臨到我主,大王身上的至高者的判決:
၂၄အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊
25 你將由人間被驅逐,與田野的走獸為伍,你吃草如同牛一樣,為露水浸濕,要這樣經歷七段時期,直到你承認至高者統治世人的國度,願意給誰,就給誰。
၂၅ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။
26 至於所說在地中只留下樹根的餘幹,是說到你承認上天統治一切時,你的國仍再歸於你。
၂၆သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။
27 為此,大王! 望你接納我的勸告:厲行正義,補贖罪過,憐貧濟困,以抵償不義;如此你的福樂或許可得延長。」
၂၇သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
၂၈ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊
29 十二個月以後,王在巴比倫王宮的樓台上散步時,
၂၉တဆယ်နှစ်လလွန်ပြီးသော်၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက်၊
30 自言自語說:「這不是我以大能大力,為彰顯我的威榮而建為王都的大巴比倫嗎﹖」
၃၀ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။
31 這些話君王還未說出口,便有聲音從天上傳來說:「拿步高王! 現在有話告訴你:你的王位已被人奪去了!
၃၁ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
32 你要由人間被驅逐,與田野的走獸為伍,你要吃草如同牛一樣,這樣,在你身上經歷七段時期,直到你承認至高者統治世人的國度,他願意給誰,就給誰。」
၃၂သင့်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ၏။
33 這話立即在拿步高身上應驗了:他被逐離開了人群,吃草如同牛一樣,他的身體為露水浸濕,直報他的頭髮長得有如鷹的羽翼,指甲有如鳥的爪子。
၃၃ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်း ဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျက်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်းဖြစ်၏။
34 這期限過了以後,我拿步高舉目望天,我的理智恢復了常態,我立刻稱謝至高者,讚美頌揚永生者,因為他的主權永遠常存,他的王國世世常在。
၃၄ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။
35 地上的一切居民為他等於虛無,他對天上的軍旅和地上的居民隨意而行,沒有能阻止他的,或問他說:你作什麼﹖
၃၅မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေ တို့၌၎င်း၊ မြေကြီးသားတို့၌၎င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ။
36 就在那一時刻,我的理智恢復了常態,恢復了我王國的光榮,仍享威嚴富貴,我的朝臣和大官仍前來求見;我的國又歸我所有,並且也給我增加了極大的權勢。
၃၆ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွါး၏။
37 現在,我拿步高要稱頌、讚揚和光榮天上的君王,因為他的一切作為是真理,他的到路是正義;凡行動傲慢的,他都能壓伏。」
၃၇ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။